က်ိဳင္းတံုၿမိဳ႕နယ္ ကတ္ဝိုးရြာတြင္ မူးယစ္တရားခံေျပး၏ေနအိမ္မွ ဘိန္းစိမ္းဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕နယ္ ကတ္ဝိုးရြာတြင္ မူးယစ္တရားခံေျပး၏ေနအိမ္မွ ဘိန္းစိမ္းဖမ္းဆီးရမိ
စက်တင်ဘာ 10, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ လြယ္လံုေက်းရြာအုပ္စု၊ ကတ္ဝိုးေက်းရြာရိွ မူးယစ္တရားခံေျပး၏ ေနအိမ္အား ဝင္ေရာက္ဖမ္းဆီးရာ တရားခံေျပးကိုဖမ္းဆီးရမိျခင္းမရိွဘဲ ဘိန္းစိမ္း(၃)ကီလိုဂရမ္ခန္႔ႏွင့္ မူးယစ္ေဆးဝါးေရာင္းခ်ရေငြဟု ယူဆရသည့္ က်ပ္ေငြ(၁၀)သိန္းကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ကတ္ဝိုးေက်းရြာရိွ မူးယစ္ေဆးဝါးမႈမွ တရားခံေျပး အသက္(၄၀)အရြယ္ လီဒါး၏ေနအိမ္အား ရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၉)ရက္ေန႔ နံနက္(၉)နာရီခြဲအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ လီဒါးအား မေတြ႔ရဘဲ အသက္(၁၃)ႏွစ္အရြယ္ ၎၏တူျဖစ္သူကိုေတြ႔ရၿပီး ေနအိမ္စပါးက်ီအတြင္း ပလတ္စတစ္ပံုးျဖင့္ ထည့္ထားသည့္ ဘိန္းစိမ္း(၃)ကီလိုဂရမ္ခန္႔ႏွင့္ မူးယစ္ေဆးဝါးေရာင္းခ်ရေငြဟု ယူဆရသည့္ ေငြက်ပ္(၁၀)သိန္းတို႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားဖမ္းဆီးရမိသည့္ေနအိမ္မွ ထြက္ေျပးတိမ္းေရွာင္ေနသူ လီဒါးအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၈၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

လြယ္လံုေက်းရြာအုပ္စုအတြင္း ကတ္ဝိုးေက်းရြာႏွင့္ အနီးတဝိုက္ေက်းရြာမ်ားတြင္ မူးယစ္ေဆးဝါး ေရာင္းခ်၊ သံုးစြဲသူမ်ား ေပါမ်ားေနေၾကာင္း ရဲတပ္ဖြဲ႕ထံ တုိင္ၾကားခ်က္မ်ားရိွေနသျဖင့္ ရဲတပ္ဖြဲ႕က အဆုိပါေက်းရြာဝန္းက်င္တြင္ စက္တင္ဘာလ(၉)ရက္ေန႔က ရွာေဖြမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ် ကတ်ဝိုးရွာတွင် မူးယစ်တရားခံပြေး၏နေအိမ်မှ ဘိန်းစိမ်းဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ ကတ်ဝိုးကျေးရွာရှိ မူးယစ်တရားခံပြေး၏ နေအိမ်အား ဝင်ရောက်ဖမ်းဆီးရာ တရားခံပြေးကိုဖမ်းဆီးရမိခြင်းမရှိဘဲ ဘိန်းစိမ်း(၃)ကီလိုဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးရောင်းချရငွေဟု ယူဆရသည့် ကျပ်ငွေ(၁၀)သိန်းကို ဖမ်းဆီးရမိကြောင်း သိရသည်။

ကတ်ဝိုးကျေးရွာရှိ မူးယစ်ဆေးဝါးမှုမှ တရားခံပြေး အသက်(၄၀)အရွယ် လီဒါး၏နေအိမ်အား ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်တွင် ဝင်ရောက်ရှာဖွေရာ လီဒါးအား မတွေ့ရဘဲ အသက်(၁၃)နှစ်အရွယ် ၎င်း၏တူဖြစ်သူကိုတွေ့ရပြီး နေအိမ်စပါးကျီအတွင်း ပလတ်စတစ်ပုံးဖြင့် ထည့်ထားသည့် ဘိန်းစိမ်း(၃)ကီလိုဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးရောင်းချရငွေဟု ယူဆရသည့် ငွေကျပ်(၁၀)သိန်းတို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများဖမ်းဆီးရမိသည့်နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေသူ လီဒါးအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၈၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လွယ်လုံကျေးရွာအုပ်စုအတွင်း ကတ်ဝိုးကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများတွင် မူးယစ်ဆေးဝါး ရောင်းချ၊ သုံးစွဲသူများ ပေါများနေကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်များရှိနေသဖြင့် ရဲတပ်ဖွဲ့က အဆိုပါကျေးရွာဝန်းကျင်တွင် စက်တင်ဘာလ(၉)ရက်နေ့က ရှာဖွေမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~