စပါးခင္းအတြင္း ပိုးသတ္ေဆး၊ေပါင္းသတ္ေဆး ပက္ႀကဲသည့္ အလုပ္သမား (၄၀) ပိုးသတ္ေဆး အဆိပ္သင့္မႈျဖစ္ပြား

စပါးခင္းအတြင္း ပိုးသတ္ေဆး၊ေပါင္းသတ္ေဆး ပက္ႀကဲသည့္ အလုပ္သမား (၄၀) ပိုးသတ္ေဆး အဆိပ္သင့္မႈျဖစ္ပြား
စက်တင်ဘာ 11, 2018
By 🌸
ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ ေညာင္ပင္စုစိုက္ကြင္း၌ ေပါင္းသတ္ေဆး၊ ပိုးသတ္ေဆးပက္ႀကဲသည့္ အလုပ္သမား (၇၀)ဦး ေပါင္းသတ္ေဆး၊ပိုးသတ္ေဆးအဆိပ္သင့္မႈျဖစ္ပြားသျဖင့္ ပ်ဥ္းမနားၿမိဳ႕ ကုတင္(၂၀၀)ေဆးရံုသို႔ ပို႔ေဆာင္ကုသေပးထားရေၾကာင္း သိရသည္။

အဆိုပါစိုက္ကြင္းတြင္ အမ်ိဳးသား (၃၃)ဦးႏွင့္ အမ်ိဳးသမီး (၁၀)ဦးတုိ႔က ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၀)ရက၇္ေန႔ နံနက္(၇)နာရီအခ်ိန္တြင္ ေပါင္းသတ္ေဆး/ပိုးသတ္ေဆးတို႔အား သဲျဖင့္ေရာစပ္၍ စပါးခင္းမ်ားတြင္ ႀကဲပက္ခဲ့ၿပီး နံနက္(၉)နာရီခြဲဝန္းက်င္တြင္ အလုပ္ေခတၱနားစဥ္ အလုပ္သမား(၂)ဦး စတင္၍မူးေဝသည့္ေဝဒနာခံစားရၿပီး အလုပ္ဆက္လုပ္ေနၾကစဥ္ ပိုးသတ္ေဆးႀကဲပက္သူအားလံုး မူးေဝေအာ့အန္သျဖင့္ ေန႔လယ္(၁၂)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

ယင္းကဲ့သို႔ သဲျဖင့္ေရာပက္၍အသံုးျပဳရသည့္ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးမ်ားမွာ အဆိပ္ပါဝင္မႈျမင့္သျဖင့္ ပိုးသတ္ေဆးပက္ႀကဲသူမ်ားအေနျဖင့္ အကာအကြယ္အျပည့္အစံုျဖင့္သာ အသံုးျပဳသင့္ေၾကာင္းႏွင့္ ္ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးဗူးမ်ားတြင္ ေဖၚျပထားသည့္ သတိေပးခ်က္မ်ားကိုလည္း လုိက္နာလုပ္ေဆာင္သင့္ေၾကာင့္ စိုက္ပ်ိဳးေရးဌာနမွ တာဝန္ရိွသူတစ္ဦးက အႀကံျပဳသည္။

 “ သဲနဲ႔ေရာပက္ရတဲ့ ဒီပိုးသတ္ေဆး၊ေပါင္းသတ္ေဆးဆိုတာ တစ္ဧကစာအတြက္ တစ္ကီလိုအထုပ္ေလးေတြ လာတာ။ တစ္ဧကပက္ေလာက္ေအာင္ သူက သဲနဲ႔ေရာပက္ရတာ။ အဆိပ္ျပင္းတယ္။ ဒါေၾကာင့္ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆး ဘယ္လိုေဆးပဲ သံုးသံုး ခႏၶာကိုယ္အေရျပားကေန၊ အသက္ရႈလမ္းေၾကာင္းကေန တိုက္ရိုက္မဝင္ႏုိင္ေအာင္ အကာအကြယ္ေတြလုပ္ဖုိ႔ ပညာေပးတာေတြ လုပ္ေနတာပါ။ ကၽြန္ေတာ္တုိ႔ ရွမ္းျပည္နယ္မွာဆို တာေလမွာ မႏွစ္က တစ္ေယာက္ျဖစ္ဖူးတယ္။ အဲဒီလုိပဲ ပိုးသတ္ေဆး အဆိပ္သင့္တာ။ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးက အဆိပ္က အေရျပားရဲ႕ ေမႊးညႇင္းေပါက္တုိင္းကေနစိမ့္ဝင္တာ။ လူရဲ႕ကိုယ္ခံအားေပၚ မူတည္ၿပီး ထိခိုက္မႈက မူးေဝေအာ့အန္တာကေန ေသဆံုးတာအထိျဖစ္တယ္။ ကိုယ္ဝန္ေဆာင္ေတြဆို ပိုထိခိုက္တယ္။ သူတုိ႔ဆို ပိုးသတ္ေဆးျဖန္းထားတာအနားမွာေနလို႔ အနံ႔ရရင္ေတာင္ ထိခိုက္တယ္။ သူကိုယ္တုိင္ ဘာမွမသိသာရင္ေတာင္ သူေမြးလာမယ့္ ကေလးမွာ ဒီအဆိပ္သင့္တဲ့ဒဏ္ ခံရတယ္”ဟု တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးမ်ားကို အသံုးျပဳမည္ဆိုပါက အဆိုပါေဆးဗူးမ်ား၊ ေဆးထုပ္မ်ားတြင္ သတိေပးလမ္းညႊန္ခ်က္မ်ားအတုိင္း လုိက္နာေဆာင္ရြက္ရန္ႏွင့္ ေဆးျဖန္း၊ ေဆးႀကဲပက္သူမ်ားအေနျဖင့္ အေရျပားႏွင့္ အသက္ရႈလမ္းေၾကာင္းတို႔မွ မဝင္ေစရန္ ခႏၶာကိုယ္ကို လံုၿခဳံစြာဖံုးအုပ္သည့္အဝတ္အစားမ်ား၊ ႏွာေခါင္းစည္း၊ မ်က္မွန္၊ လည္ရွည္ဖိနပ္၊ လက္အိတ္အျပည့္အစံုျဖင့္ အသံုးျပဳရန္ စိုက္ပ်ိဳးေရးဌာနက သတိေပး လမ္းညႊန္ထားသည္။

ေနျပည္ေတာ္မွ ပိုးသတ္ေဆးအဆိပ္သင့္ (၄၃)ဦးအနက္ အမ်ိဳးသား(၃)ဦးမွာ ေဆးရံုမွဆင္းသြားၿပီေသာ္လည္း က်န္(၄၀)ဦးမွာ ကုသမႈဆက္လက္ခံယူေနရေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
စပါးခင်းအတွင်း ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး ပက်ကြဲသည့် အလုပ်သမား (၄၀) ပိုးသတ်ဆေး အဆိပ်သင့်မှုဖြစ်ပွား
*********
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်စုစိုက်ကွင်း၌ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးပက်ကြဲသည့် အလုပ်သမား (၇၀)ဦး ပေါင်းသတ်ဆေး၊ပိုးသတ်ဆေးအဆိပ်သင့်မှုဖြစ်ပွားသဖြင့် ပျဉ်းမနားမြို့ ကုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ကုသပေးထားရကြောင်း သိရသည်။

အဆိုပါစိုက်ကွင်းတွင် အမျိုးသား (၃၃)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက၇်နေ့ နံနက်(၇)နာရီအချိန်တွင် ပေါင်းသတ်ဆေး/ပိုးသတ်ဆေးတို့အား သဲဖြင့်ရောစပ်၍ စပါးခင်းများတွင် ကြဲပက်ခဲ့ပြီး နံနက်(၉)နာရီခွဲဝန်းကျင်တွင် အလုပ်ခေတ္တနားစဉ် အလုပ်သမား(၂)ဦး စတင်၍မူးဝေသည့်ဝေဒနာခံစားရပြီး အလုပ်ဆက်လုပ်နေကြစဉ် ပိုးသတ်ဆေးကြဲပက်သူအားလုံး မူးဝေအော့အန်သဖြင့် နေ့လယ်(၁၂)နာရီ (၄၅)မိနစ်အချိန်တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ သဲဖြင့်ရောပက်၍အသုံးပြုရသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများမှာ အဆိပ်ပါဝင်မှုမြင့်သဖြင့် ပိုးသတ်ဆေးပက်ကြဲသူများအနေဖြင့် အကာအကွယ်အပြည့်အစုံဖြင့်သာ အသုံးပြုသင့်ကြောင်းနှင့် ် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဗူးများတွင် ဖေါ်ပြထားသည့် သတိပေးချက်များကိုလည်း လိုက်နာလုပ်ဆောင်သင့်ကြောင့် စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အကြံပြုသည်။

 “ သဲနဲ့ရောပက်ရတဲ့ ဒီပိုးသတ်ဆေး၊ပေါင်းသတ်ဆေးဆိုတာ တစ်ဧကစာအတွက် တစ်ကီလိုအထုပ်လေးတွေ လာတာ။ တစ်ဧကပက်လောက်အောင် သူက သဲနဲ့ရောပက်ရတာ။ အဆိပ်ပြင်းတယ်။ ဒါကြောင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဘယ်လိုဆေးပဲ သုံးသုံး ခန္ဓာကိုယ်အရေပြားကနေ၊ အသက်ရှုလမ်းကြောင်းကနေ တိုက်ရိုက်မဝင်နိုင်အောင် အကာအကွယ်တွေလုပ်ဖို့ ပညာပေးတာတွေ လုပ်နေတာပါ။ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာဆို တာလေမှာ မနှစ်က တစ်ယောက်ဖြစ်ဖူးတယ်။ အဲဒီလိုပဲ ပိုးသတ်ဆေး အဆိပ်သင့်တာ။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးက အဆိပ်က အရေပြားရဲ့ မွှေးညှင်းပေါက်တိုင်းကနေစိမ့်ဝင်တာ။ လူရဲ့ကိုယ်ခံအားပေါ် မူတည်ပြီး ထိခိုက်မှုက မူးဝေအော့အန်တာကနေ သေဆုံးတာအထိဖြစ်တယ်။ ကိုယ်ဝန်ဆောင်တွေဆို ပိုထိခိုက်တယ်။ သူတို့ဆို ပိုးသတ်ဆေးဖြန်းထားတာအနားမှာနေလို့ အနံ့ရရင်တောင် ထိခိုက်တယ်။ သူကိုယ်တိုင် ဘာမှမသိသာရင်တောင် သူမွေးလာမယ့် ကလေးမှာ ဒီအဆိပ်သင့်တဲ့ဒဏ် ခံရတယ်”ဟု တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အသုံးပြုမည်ဆိုပါက အဆိုပါဆေးဗူးများ၊ ဆေးထုပ်များတွင် သတိပေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ဆေးဖြန်း၊ ဆေးကြဲပက်သူများအနေဖြင့် အရေပြားနှင့် အသက်ရှုလမ်းကြောင်းတို့မှ မဝင်စေရန် ခန္ဓာကိုယ်ကို လုံခြုံစွာဖုံးအုပ်သည့်အဝတ်အစားများ၊ နှာခေါင်းစည်း၊ မျက်မှန်၊ လည်ရှည်ဖိနပ်၊ လက်အိတ်အပြည့်အစုံဖြင့် အသုံးပြုရန် စိုက်ပျိုးရေးဌာနက သတိပေး လမ်းညွှန်ထားသည်။

နေပြည်တော်မှ ပိုးသတ်ဆေးအဆိပ်သင့် (၄၃)ဦးအနက် အမျိုးသား(၃)ဦးမှာ ဆေးရုံမှဆင်းသွားပြီသော်လည်း ကျန်(၄၀)ဦးမှာ ကုသမှုဆက်လက်ခံယူနေရကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~