ဟဲဟိုး ႏွင့္ လဲခ်ားၿမိဳ႕တို႔တြင္ လူသံုးကုန္ႏွင့္ အလွကုန္ထုတ္လုပ္မႈ နည္းပညာသင္တန္း အခမဲ့ ပို႔ခ်ေပးမည္ျဖစ္၍ ဆက္သြယ္စာရင္းေပးသြင္းႏိုင္

ဟဲဟိုး ႏွင့္ လဲခ်ားၿမိဳ႕တို႔တြင္ လူသံုးကုန္ႏွင့္ အလွကုန္ထုတ္လုပ္မႈ နည္းပညာသင္တန္း အခမဲ့ ပို႔ခ်ေပးမည္ျဖစ္၍ ဆက္သြယ္စာရင္းေပးသြင္းႏိုင္
စက်တင်ဘာ 7, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဟဲဟိုးၿမိဳ႕ႏွင့္ လဲခ်ားၿမိဳ႕တို႔တြင္ လူသံုးကုန္ႏွင့္ အလွကုန္ထုတ္လုပ္မႈ နည္းပညာ သင္တန္း၊ တန္ဖိုးျမႇင့္စားေသာက္ကုန္ ထုတ္လုပ္မႈနည္းပညာသင္တန္းမ်ားကို အခမဲ့ ဖြင့္လွစ္ သင္ၾကားေပးသြားမည္ ျဖစ္သျဖင့္ ဆက္သြယ္စာရင္းေပးသြင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

သင္တန္းကာလ(၇)ရက္ၾကာျမင့္မည့္ လူသံုးကုန္ႏွင့္ အလွကုန္ထုတ္လုပ္မႈ နည္းပညာသင္တန္းကို၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ ဟဲဟိုးၿမိဳ႕၌ လည္းေကာင္း၊ သင္တန္းကာလ (၁၀)ရက္ၾကာျမင့္မည့္ တန္ဖိုးျမႇင့္ စားေသာက္ကုန္ ထုတ္လုပ္မႈနည္းပညာသင္တန္းကို စက္တင္ဘာလ (၁၉)ရက္ေန႔တြင္ လဲခ်ားၿမိဳ႕၌လည္းေကာင္း ရွမ္းျပည္နယ္အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနက ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

“သင္တန္း တက္မယ္ဆိုရင္ အမည္စာရင္းေပးထားၿပီး သင္တန္းတက္ရင္ေတာ့ ကၽြန္ေတာ္တုိ႔ဆီက ေလွ်ာက္လႊာ ျဖည့္ရံုပါပဲ။ လုိင္စင္ဓါတ္ပံု (၂)ေတာ့လိုပါတယ္။ သင္တန္းဆင္းရင္ သင္တန္းဆင္းလက္မွတ္ ခ်ီးျမႇင့္ေပးဖို႔အတြက္ပါ။ သင္တန္းေလွ်ာက္ထားခြင့္ကိုလည္း ေဒသကန္႔သတ္မထားပါဘူး။ သင္တန္းေၾကးက ဘာမွမေကာက္ပါဘူး။ အားလံုး အခမဲ့ပါ”ဟု ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန   ဒုတိယညႊန္ၾကားေရးမွဴး ဦးသက္ႏုိင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းမ်ားမွ စီးပြားျဖစ္ထုတ္လုပ္ေရာင္းခ်ႏုိင္သည္ အထိ သင္ၾကားေပးမည္ျဖစ္သည့္အျပင္ လုပ္ငန္းထူေထာင္ရန္ လိုအပ္သည့္ ႀကံဥာဏ္ႏွင့္ ကူညီပံ့ပိုးမႈမ်ားေပးမည္ျဖစ္ေၾကာင္းသိရၿပီး အသက္ (၁၆)ႏွစ္အထက္ အလယ္တန္းအဆင့္ရိွသူ က်ားမ မေရြးတက္ေရာက္ႏုိင္ေၾကာင္း သိရသည္။

လူသံုးကုန္ႏွင့္ အလွကုန္ထုတ္လုပ္မႈ နည္းပညာသင္တန္းတြင္ ဆပ္ျပာရည္၊ ဆပ္ျပာဆီ၊ lotion၊ ေပါင္ဒါ၊ ဆပ္ျပာခဲ၊ ေခါင္းေလွ်ာ္ရည္။ အဝတ္ေလွ်ာ္ဆပ္ျပာ၊ ပန္းကန္ေဆးဆပ္ျပာစသည့္ လူသံုးကုန္ႏွင့္ အလွကုန္ပစၥည္း ထုတ္လုပ္မႈနည္းပညာမ်ားကိုလည္းေကာင္း တန္ဖိုးျမႇင့္စားေသာက္ကုန္ ထုတ္လုပ္မႈ နည္းပညာ သင္တန္းတြင္ ဂ်ံဳ၊ဆန္ျဖင့္ျပဳလုပ္ေသာ ကိတ္မ်ိဳးစံု၊ ကြတ္ကီးအမ်ိဳးမ်ိဳး၊ နန္ကထုိင္၊ လွ်ာေပၚဝဲ၊ ငါးမုန္႔ေျခာက္၊ ၾကက္သြန္ေပါင္းေၾကာ္၊ တို႔ဟူးေပါင္းေၾကာ္မ်ား ထုတ္လုပ္ျခင္းႏွင့္ သစ္သီးေဖ်ာ္ရည္မ်ိဳးစံု၊ သစ္သီးယိုမ်ိဳးစံုႏွင့္ သစ္သီးဝိုင္၊ သစ္သီးေဆာ့(စ္)ျပဳလုပ္နည္းမ်ားကို ရွမ္းျပည္နယ္အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ ကၽြမ္းက်င္နည္းျပမ်ားကိုယ္တုိင္ သင္ၾကားပို႔ခ်ေပးမည္ျဖစ္ေၾကာင္း သိရၿပီး သင္တန္းဆင္း လက္မွတ္လည္း ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ 081206829၊ 09420730130 ၊ 094207201599 ၊ 0812121614 တို႔သို႔ ဆက္သြယ္၍ ေမးျမန္း ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့နှင့် လဲချားမြို့တို့တွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်သဖြင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

သင်တန်းကာလ(၇)ရက်ကြာမြင့်မည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ဟဲဟိုးမြို့၌ လည်းကောင်း၊ သင်တန်းကာလ (၁၀)ရက်ကြာမြင့်မည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို စက်တင်ဘာလ (၁၉)ရက်နေ့တွင် လဲချားမြို့၌လည်းကောင်း ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“သင်တန်း တက်မယ်ဆိုရင် အမည်စာရင်းပေးထားပြီး သင်တန်းတက်ရင်တော့ ကျွန်တော်တို့ဆီက လျှောက်လွှာ ဖြည့်ရုံပါပဲ။ လိုင်စင်ဓာတ်ပုံ (၂)တော့လိုပါတယ်။ သင်တန်းဆင်းရင် သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးဖို့အတွက်ပါ။ သင်တန်းလျှောက်ထားခွင့်ကိုလည်း ဒေသကန့်သတ်မထားပါဘူး။ သင်တန်းကြေးက ဘာမှမကောက်ပါဘူး။ အားလုံး အခမဲ့ပါ”ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းများမှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည် အထိ သင်ကြားပေးမည်ဖြစ်သည့်အပြင် လုပ်ငန်းထူထောင်ရန် လိုအပ်သည့် ကြံဉာဏ်နှင့် ကူညီပံ့ပိုးမှုများပေးမည်ဖြစ်ကြောင်းသိရပြီး အသက် (၁၆)နှစ်အထက် အလယ်တန်းအဆင့်ရှိသူ ကျားမ မရွေးတက်ရောက်နိုင်ကြောင်း သိရသည်။

လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဆပ်ပြာရည်၊ ဆပ်ပြာဆီ၊ lotion၊ ပေါင်ဒါ၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်။ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာစသည့် လူသုံးကုန်နှင့် အလှကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာများကိုလည်းကောင်း တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် ဂျုံ၊ဆန်ဖြင့်ပြုလုပ်သော ကိတ်မျိုးစုံ၊ ကွတ်ကီးအမျိုးမျိုး၊ နန်ကထိုင်၊ လျှာပေါ်ဝဲ၊ ငါးမုန့်ခြောက်၊ ကြက်သွန်ပေါင်းကြော်၊ တို့ဟူးပေါင်းကြော်များ ထုတ်လုပ်ခြင်းနှင့် သစ်သီးဖျော်ရည်မျိုးစုံ၊ သစ်သီးယိုမျိုးစုံနှင့် သစ်သီးဝိုင်၊ သစ်သီးဆော့(စ်)ပြုလုပ်နည်းများကို ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများကိုယ်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရပြီး သင်တန်းဆင်း လက်မှတ်လည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းလျှောက်ထားလိုသူများအနဖြေင့် 081206829၊ 09420730130၊ 094207201599၊ 0812121614 တို့သို့ ဆက်သွယ်၍ မေးမြန်း ေလျှာက်ထားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~