မိုင္းဆတ္၊ လားရိႈးႏွင့္ မူဆယ္တို႔တြင္ စိတ္ၾကြေဆးႏွင့္ ဘိန္းျဖဴသယ္လာသည့္ အမ်ိဳးသား(၃)ဦး ဖမ္းမိ

မိုင္းဆတ္၊ လားရိႈးႏွင့္ မူဆယ္တို႔တြင္ စိတ္ၾကြေဆးႏွင့္ ဘိန္းျဖဴသယ္လာသည့္ အမ်ိဳးသား(၃)ဦး ဖမ္းမိ
စက်တင်ဘာ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မုိင္းဆတ္၊ လားရိႈးႏွင့္ မူဆယ္တုိ႔တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၄)ရက္ေန႔က ဘိန္းျဖဴ ႏွင့္ စိတ္ၾကြေဆးမ်ား သယ္ေဆာင္လာသူသည့္ အမ်ိဳးသား ( ၃)ဦးကို မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မ်ားက ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္၊ မုိင္းဆတ္ - မုိင္းတံုကားလမ္း၊ ကၽြန္းေတာ(၆)မုိင္ရြာအနီးတြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု(၂၉)(မုိင္းဆတ္)မွ ရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးရာ ေန႔လယ္(၂)နာရီခြဲ အခ်ိန္၌ မိုင္းတံုဘက္မွ မုိင္းဆတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၃၀)အရြယ္ အားဖီးဆိုသူအား စစ္ေဆးရာ WY စာတန္းပါ လိေမၼာ္ေရာင္ စိတ္ၾကြ ရူးသြပ္ေဆးျပား (၉၈) ျပားကို ဖမ္းဆီး ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕ ေရပူ အၿမဲတမ္းစစ္ေဆးေရးစခန္း၌  မူးယစ္ေဆးဝါး တားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု(၂၄)(လားရႈိး)ႏွင့္ ဌာနဆုိင္ရာအဖြဲ႕မ်ား ပူးေပါင္း၍ စစ္ေဆးေနစဥ္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၄) ရက္ေန႔ ည(၇)နာရီ (၅၀)မိနစ္အခ်ိန္တြင္ သိႏၷီၿမိဳ႕ဘက္မွ လားရိႈးၿမိဳ႕ဘက္သုိ႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ေကာင္က်င္းအန္းအား စစ္ေဆးရာ ဆုိင္ကယ္ခြၾကားတြင္ ဆာလာအိတ္ျဖင့္ ထည့္သြင္းသယ္ေဆာင္လာသည့္  ဘိန္းျဖဴအေလးခ်ိန္ (၅၅) ဂရမ္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕(၂၂) (မူဆယ္)မွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္၊ ဝိန္းနား-မူဆယ္လမ္း ေညာင္ပင္အနီးလမ္းမေပၚတြင္ စက္တင္ဘာလ (၂၄) ရက္ေန႔ ေန႔လယ္ (၁၂)နာရီခြဲအခ်ိန္တြင္ စစ္ေဆးေနစဥ္ ဝိန္းနားေက်းရြာဘက္မွ မူဆယ္ဘက္သုိ႔ လမ္းေလွ်ာက္လာသည့္ စုိင္းေအာင္ထြန္း အား ရွာေဖြရာ 88/1 စာတန္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၀)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္  အားဖီးကို မုိင္းဆတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၉/၂၀၁၈၊ မူးယစ္္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစ ေဆးဝါးမ်ားဆုိင္ရာ ဥပေဒပုဒ္မ ၁၉(က)ျဖင့္လည္းေကာင္း၊ ေကာင္က်င္းအန္းကို သိႏၷီၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄၆/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိ ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာဥပေဒပုဒ္မ ၁၉(က)ျဖင့္လည္းေကာင္း၊ စိုင္းေအာင္ထြန္းကို မူဆယ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၇/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆုိင္ရာ ဥပေဒပုဒ္မ ၁၉(က) ျဖင့္လည္းေကာင္း အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မိုင်းဆတ်၊ လားရှိုးနှင့် မူဆယ်တို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့က ဘိန်းဖြူ နှင့် စိတ်ကြွဆေးများ သယ်ဆောင်လာသူသည့် အမျိုးသား ( ၃)ဦးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ် - မိုင်းတုံကားလမ်း၊ ကျွန်းတော(၆)မိုင်ရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၉)(မိုင်းဆတ်)မှ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာ နေ့လယ်(၂)နာရီခွဲ အချိန်၌ မိုင်းတုံဘက်မှ မိုင်းဆတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၃၀)အရွယ် အားဖီးဆိုသူအား စစ်ဆေးရာ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၉၈) ပြားကို ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၄)(လားရှိုး)နှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးနေစဉ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ ည(၇)နာရီ (၅၀)မိနစ်အချိန်တွင် သိန္နီမြို့ဘက်မှ လားရှိုးမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် ကောင်ကျင်းအန်းအား စစ်ဆေးရာ ဆိုင်ကယ်ခွကြားတွင် ဆာလာအိတ်ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူအလေးချိန် (၅၅) ဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(၂၂) (မူဆယ်)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ဝိန်းနား-မူဆယ်လမ်း ညောင်ပင်အနီးလမ်းမပေါ်တွင် စက်တင်ဘာလ (၂၄) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်တွင် စစ်ဆေးနေစဉ် ဝိန်းနားကျေးရွာဘက်မှ မူဆယ်ဘက်သို့ လမ်းလျှောက်လာသည့် စိုင်းအောင်ထွန်း အား ရှာဖွေရာ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဖီးကို မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၂၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း၊ ကောင်ကျင်းအန်းကို သိန္နီမြို့မရဲစခန်းတွင် မယ(ပ) ၄၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း၊ စိုင်းအောင်ထွန်းကို မူဆယ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~