တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္း ခြင့္ျပဳခ်က္မရွိဘဲ ထုတ္လုပ္ေနသည့္ ဝိုင္ထုတ္လုပ္ငန္းတစ္ခုကို အေရးယူ

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္း ခြင့္ျပဳခ်က္မရွိဘဲ ထုတ္လုပ္ေနသည့္ ဝိုင္ထုတ္လုပ္ငန္းတစ္ခုကို အေရးယူ
စက်တင်ဘာ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ခြင့္ျပဳခ်က္မရိွဘဲ ဝိုင္ပုလင္းမ်ား ျဖန္႔ျဖဴးသည့္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတုိ႔ကို ယစ္မ်ိဳးအမိန္႔ျဖင့္ အမႈဖြင့္ထားၿပီးေနာက္ ခြင့္ျပဳခ်က္မရိွဘဲ ဝိုင္ ထုတ္လုပ္မႈျဖင့္ပါ ထုပ္လုပ္သူကို ထပ္မံ အေရးယူထားေၾကာင္း သိရသည္။

မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ခြင့္ျပဳခ်က္ မရိွဘဲ  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၄)ရက္ေန႔က သယ္ေဆာင္လာသည့္ ဝိုင္ပုလင္းမ်ားကို စစ္ေဆး ေတြ႔ရိွရၿပီးေနာက္ တရားမဝင္ ဝိုင္ထုတ္လုပ္ငန္းတစ္ခုကို ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ(၂)တြင္ ထပ္မံ စစ္ေဆးေတြ႔ရိွရျခင္းျဖစ္သည္။

La Chill အမွတ္တံဆိပ္ဝိုင္ကို ယစ္မ်ိဳးလုိင္စင္မရိွဘဲ သယ္ေဆာင္လာသည့္ က်င္းရွန္းရႈံႏွင့္ က်န္ယူေဆ တို႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၉၄/၂၀၁၈၊ ၁၉၂၅ ခုႏွစ္၊ ရွမ္းျပည္နယ္ယစ္မ်ိဳးအမိန္႔အပိုဒ္ ၃ အရ အမႈဖြင့္ထားၿပီး ဆက္လက္ေဖၚထုတ္ခ်က္အရ ပါလွ်ံ(၂)ရိွ ေနအိမ္ၿခံဝင္းအတြင္း ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ဝင္ေရာက္ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္ၿခံဝင္းအတြင္းမွ မက္မန္းဝိုင္ လီတာ(၂၀၀)ခန္႔ စီပါသည့္ စဥ့္အိုးႀကီး (၁၄)လံုး၊ မက္မန္းဝိုင္ စိမ္သည့္ စဥ့္အိုးႀကီး အလြတ္(၁၂)လံုး၊ မက္မန္းသီးစိမ္ထားသည့္ စဥ့္အိုးႀကီး (၂)လံုး၊ အသီးခြဲစက္(၁)လံုး၊ အသီးညွစ္စက္(၁)လံုး၊ သၾကားအိတ္ႀကီး(၁)ဖာ၊ ဝိုင္ပုလင္းခြံ(၁၂)လံုး၊ ေမာ္တာ(၁)လံုးတုိ႔ကို စစ္ေဆး ေတြ႔ရေၾကာင္း သိရသည္။

အရက္၊ ဘီယာ၊ ဝိုင္စသည္တို႔ကို ထုတ္လုပ္လိုပါက ထုပ္လုပ္ခြင့္လိုင္စင္ ေလွ်ာက္ထားရန္လိုအပ္ၿပီး ျဖန္႔ျဖဴးေရာင္းခ်လိုပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ ယစ္မ်ိဳးလုိင္စင္ ေလွ်ာက္ထားရန္ လိုအပ္ေၾကာင္း သိရသည္။

ခြင့္ျပဳခ်က္မရိွဘဲ ဝိုင္ထုတ္လုပ္ေနသည့္ က်န္ယူေဆအား ဥပေဒအရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ခွင့်ပြုချက်မရှိဘဲ ဝိုင်ပုလင်းများ ဖြန့်ဖြူးသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို ယစ်မျိုးအမိန့်ဖြင့် အမှုဖွင့်ထားပြီးနောက် ခွင့်ပြုချက်မရှိဘဲ ဝိုင် ထုတ်လုပ်မှုဖြင့်ပါ ထုပ်လုပ်သူကို ထပ်မံ အရေးယူထားကြောင်း သိရသည်။

မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခွင့်ပြုချက် မရှိဘဲ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့က သယ်ဆောင်လာသည့် ဝိုင်ပုလင်းများကို စစ်ဆေး တွေ့ရှိရပြီးနောက် တရားမဝင် ဝိုင်ထုတ်လုပ်ငန်းတစ်ခုကို ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)တွင် ထပ်မံ စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

La Chill အမှတ်တံဆိပ်ဝိုင်ကို ယစ်မျိုးလိုင်စင်မရှိဘဲ သယ်ဆောင်လာသည့် ကျင်းရှန်းရှုံနှင့် ကျန်ယူဆေ တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၉၄/၂၀၁၈၊ ၁၉၂၅ ခုနှစ်၊ ရှမ်းပြည်နယ်ယစ်မျိုးအမိန့်အပိုဒ် ၃ အရ အမှုဖွင့်ထားပြီး ဆက်လက်ဖော်ထုတ်ချက်အရ ပါလျှံ(၂)ရှိ နေအိမ်ခြံဝင်းအတွင်း ရဲတပ်ဖွဲ့နှင့် သက်သေများ ပါဝင်သည့်အဖွဲ့ဖြင့် ဝင်ရောက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်ခြံဝင်းအတွင်းမှ မက်မန်းဝိုင် လီတာ(၂၀၀)ခန့် စီပါသည့် စဉ့်အိုးကြီး (၁၄)လုံး၊ မက်မန်းဝိုင် စိမ်သည့် စဉ့်အိုးကြီး အလွတ်(၁၂)လုံး၊ မက်မန်းသီးစိမ်ထားသည့် စဉ့်အိုးကြီး (၂)လုံး၊ အသီးခွဲစက်(၁)လုံး၊ အသီးညှစ်စက်(၁)လုံး၊ သကြားအိတ်ကြီး(၁)ဖာ၊ ဝိုင်ပုလင်းခွံ(၁၂)လုံး၊ မော်တာ(၁)လုံးတို့ကို စစ်ဆေး တွေ့ရကြောင်း သိရသည်။

အရက်၊ ဘီယာ၊ ဝိုင်စသည်တို့ကို ထုတ်လုပ်လိုပါက ထုပ်လုပ်ခွင့်လိုင်စင် လျှောက်ထားရန်လိုအပ်ပြီး ဖြန့်ဖြူးရောင်းချလိုပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယစ်မျိုးလိုင်စင် လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

ခွင့်ပြုချက်မရှိဘဲ ဝိုင်ထုတ်လုပ်နေသည့် ကျန်ယူဆေအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~