တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် လိုင်စင်ပါ ဆိုင်ကယ်တစ်စီး ခိုးခံရ၍ တွေ့ရှိသူများ ဆက်သွယ်အကြောင်းကြားပေးရန် အကူအညီတောင်းခံ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် လိုင်စင်ပါ ဆိုင်ကယ်တစ်စီး ခိုးခံရ၍ တွေ့ရှိသူများ ဆက်သွယ်အကြောင်းကြားပေးရန် အကူအညီတောင်းခံ
စက်တင်ဘာ 4, 2018
By Tachileik News Agency



t
~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့က ယာဉ်လိုင်စင် နံပါတ် ၄၀/ယ ၈၁၀၂ တပ်ဆင်ထားပြီး Honda Wave 125 အမျိုးအစား၊ ဖြူ/နက်အရောင်ဖြစ်သည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရပါသဖြင့် တွေ့ရှိပါက ဒေါ်နန်းရွှေယုန် ဖုန်းနံပါတ် 09251185686 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် ပိုင်ရှင်ဖြစ်သူမှ အကူအညီတောင်းခံလာသည်။

အဆိုပါ ဆိုင်ကယ်အား တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး နေအိမ်ခြံဝန်း အတွင်း သြဂုတ်လ(၂၇)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်က အမည်မသိသူများမှ ဝင်ရောက် ခိုးယူသွားခြင်းဖြစ်သည့်အတွက် ရဲစခန်းတွင်လည်း အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~