ရွမ္းျပည္နယ္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး ဦးေဆြသိမ္း ကြယ္လြန္

ရွမ္းျပည္နယ္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး ဦးေဆြသိမ္း ကြယ္လြန္
စက်တင်ဘာ 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး ဦးေဆြသိမ္းသည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္ေန႔ ညေန(၃)နာရီခြဲအခ်ိန္က ေတာင္ႀကီးၿမိဳ႕ အစိုးရေနအိမ္တြင္ ကြယ္လြန္ သြားေၾကာင္း သိရသည္။

ဦးေဆြသိမ္းသည္ လည္ေခ်ာင္းကင္ဆာေရာဂါ ခြဲစိတ္ကုသမႈခံယူေနစဥ္ အသက္(၅၉)ႏွစ္အရြယ္၌ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ ဇနီးႏွင့္ သမီး(၄)ဦး က်န္ခဲ့ျခင္းျဖစ္သည္။

ဦးေဆြသိမ္းသည္ ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ မိုးမိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္(၂)မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီးေနာက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္ လွ်ပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီးအျဖစ္ တာဝန္ေပးအပ္ခံရျခင္းျဖစ္သည္။

ရန္ကုန္စက္မႈတကၠသိုလ္မွ B.E(Metallurgy) ဘြဲ႕ရရိွခဲ့ၿပီး မိုးမိတ္ၿမိဳ႕ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ပါတီတြင္ ၿမိဳ႕နယ္ေကာ္မရွင္က်င္းပေရး ဥကၠဌအျဖစ္ တာဝန္ယူလုပ္ကိုင္ခဲ့သူျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးဆွေသိမ်းသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က တောင်ကြီးမြို့ အစိုးရနေအိမ်တွင် ကွယ်လွန် သွားကြောင်း သိရသည်။

ဦးဆွေသိမ်းသည် လည်ချောင်းကင်ဆာရောဂါ ခွဲစိတ်ကုသမှုခံယူနေစဉ် အသက်(၅၉)နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး(၄)ဦး ကျန်ခဲ့ခြင်းဖြစ်သည်။

ဦးဆွေသိမ်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မိုးမိတ်မြို့နယ် မဲဆန္ဒနယ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။

ရန်ကုန်စက်မှုတက္ကသိုလ်မှ B.E(Metallurgy) ဘွဲ့ရရှိခဲ့ပြီး မိုးမိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင် မြို့နယ်ကော်မရှင်ကျင်းပရေး ဥက္ကဌအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~