Update News

တာခ်ီလိတ္နယ္စပ္၀င္ေပါက္မွတဆင့္ ခရီးသြားဧည့္သည္မ်ား စက္တင္ဘာလ၏ တတိယပတ္အတြင္း (၂၀၀၀၀)ေက်ာ္ ၀င္ေရာက္

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွ တစ္ဆင့္ ထိုင္းႏိုင္ငံသားမ်ား အပါအ၀င္ ကမာၻလွည့္ ခရီးသြား ဝင္ေရာက္မႈမွာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၄) ရက္ေန႔မွ စ၍ (၇)ရက္အတြင္း  စုစုေပါင္း (၂ဝ,၉၅၉)ဦး ရိွၿပီးျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈဦးစီးဌာန(တာခ်ီလိတ္ရံုးခြဲ)ထံက သိရသည္။

တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွတစ္ဆင့္  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၄) ရက္ေန႔မွ စက္တင္ဘာလ (၂၀)ရက္ေန႔ အထိ ႏိုင္ငံျခားသားခရီးသြား ဧည့္သည္ စုစုေပါင္း (၂ဝ,၉၅၉) ဦးရိွရာတြင္ မိုင္းျဖတ္ ႏွင့္ က်ဳိင္းတံုအထိ သြားေရာက္သူ (၅၃)ဦး ႏွင့္ ဗီဇာျဖင့္ လာေရာက္ လည္ပတ္သူ ခရီးသြားဧည့္သည္ (၁၂၁)ဦး တို႔ ပါ၀င္ေၾကာင္း ႏွင့္ အမ်ားဆံုးမွာ တာခ်ီလိတ္တြင္ ညအိပ္ႏွင့္ေန႔ခ်င္းျပန္ ဧည့္သည္မ်ား မ်ားျပားေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္ ဝင္ေပါက္မွ ႏုိင္ငံျခားသား ကမာၻလွည့္ ခရီးသြားဧည့္သည္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕တြင္း အပါအ၀င္ မုိင္းျဖတ္၊ က်ိဳင္းတံုအျပင္ ဗီဇာျဖင့္ ဝင္ေရာက္ၿပီး ေလယာဥ္ျဖင့္ ျပည္တြင္းသို႔ ဝင္ေရာက္ လည္ပတ္မႈမ်ားလည္း ရိွေၾကာင္း သိရသည္။

၂ဝ၁၈ ခုႏွစ္ ဧၿပီလ (၁) ရက္ေန႔မွ စက္တင္ဘာလ (၂ဝ) ရက္ေန႔အထိ တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွ တစ္ဆင့္ ၀င္လာသည့္ ႏုိင္ငံျခားသားခရီးသြားဧည့္သည္ စုစုေပါင္းမွာ (၄၄၃,၉၁၃) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမဳိ႕တြင္ ခရီးသြားမ်ား လည္ပတ္မႈအမ်ားဆံုးမွာ တာေလာ့ေစ်း၊ ဘုရင့္ေနာင္ရင္ျပင္၊ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၊ ၿမဳိ႕မေစ်း၊ ေရႊတိဂံုေစတီေတာ္၊ ၿမဳိ႕နယ္ဓမၼာရံု၊  မုိင္းျဖတ္ၿမိဳ႕ ႏွင့္ က်ဳိင္းတံုၿမဳိ႕တြင္လည္း အထင္ကရေနရာမ်ားသို႔ သြားေရာက္ေလ့လာ လည္ပတ္ေလ့ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္





~~~~~~~~⊰❂ unicode ~~~~~~~~



မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် ထိုင်းနိုင်ငံသားများ အပါအဝင် ကမာ္ဘလှည့် ခရီးသွား ဝင်ရောက်မှုမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှ စ၍ (၇)ရက်အတွင်း စုစုပေါင်း (၂ဝ,၉၅၉)ဦး ရှိပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)ထံက သိရသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၂၀)ရက်နေ့ အထိ နိုင်ငံခြားသားခရီးသွား ဧည့်သည် စုစုပေါင်း (၂ဝ,၉၅၉) ဦးရှိရာတွင် မိုင်းဖြတ် နှင့် ကျိုင်းတုံအထိ သွားရောက်သူ (၅၃)ဦး နှင့် ဗီဇာဖြင့် လာရောက် လည်ပတ်သူ ခရီးသွားဧည့်သည် (၁၂၁)ဦး တို့ ပါဝင်ကြောင်း နှင့် အများဆုံးမှာ တာချီလိတ်တွင် ညအိပ်နှင့်နေ့ချင်းပြန် ဧည့်သည်များ များပြားကြောင်း သိရသည်။

တာချီလိတ်နယ်စပ် ဝင်ပေါက်မှ နိုင်ငံခြားသား ကမာ္ဘလှည့် ခရီးသွားဧည့်သည်များသည် တာချီလိတ်မြို့တွင်း အပါအဝင် မိုင်းဖြတ်၊ ကျိုင်းတုံအပြင် ဗီဇာဖြင့် ဝင်ရောက်ပြီး လေယာဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက် လည်ပတ်မှုများလည်း ရှိကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂ဝ) ရက်နေ့အထိ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် ဝင်လာသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် စုစုပေါင်းမှာ (၄၄၃,၉၁၃) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ခရီးသွားများ လည်ပတ်မှုအများဆုံးမှာ တာလော့ဈေး၊ ဘုရင့်နောင်ရင်ပြင်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ မိုင်းဖြတ်မြို့ နှင့် ကျိုင်းတုံမြို့တွင်လည်း အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်လေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::