အိန္ဒိယနိုင်ငံနယ်စပ်မှ တာချီလိတ်သို့ ရောက်လာသည့် နိုင်ငံခြားသားခရီးသွား (၄)ဦး တာချီလိတ်နယ်စပ်မှနေ၍ ထိုင်းသို့ ဆက်လက်ထွက်ခွာ

အိန္ဒိယနိုင်ငံနယ်စပ်မှ တာချီလိတ်သို့ ရောက်လာသည့် နိုင်ငံခြားသားခရီးသွား (၄)ဦး တာချီလိတ်နယ်စပ်မှနေ၍ ထိုင်းသို့ ဆက်လက်ထွက်ခွာ
စကျတငျဘာ 5, 2018
By Tachileik News Agency



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

အိန္ဒိယနိုင်ငံနှင့်နယ်စပ် မြန်မာနိုင်ငံ တမူးမြို့မှ ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် ဝင်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား (၄)ဦးအဖွဲ့ သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ နံနက် (၁၁)နာရီကျော်က ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှနေ၍ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံသား (၄)ဦး ပါဝင်သည့်အဖွဲ့သည် Traventure Travels & Tours Co.Ltd၏ ခရီးစဉ် စီစဉ်ပေးမှုဖြင့် တမူး - ဂန့်ဂေါ - ပုဂံ - ညောင်ရွှေ - အင်းလေး -နမ့်စန် - ကျိုင်းတုံ - တာချီလိတ် ခရီးစဉ်ကို ဆိုင်ကယ်၊ ကားတို့ဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ကျိုင်းတုံမှ တာချီလိတ်သို့ ခရီးစဉ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးရန်အောင်လည်း လိုက်ပါခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~