မိုင္းဆတ္ - တာခ်ီလိတ္လမ္း လႊဲေျပာင္းလက္ခံမည့္ သတ္မွတ္ရက္ ေျပာင္းလဲေရႊ႕ဆိုင္းထား

မိုင္းဆတ္ - တာခ်ီလိတ္လမ္း လႊဲေျပာင္းလက္ခံမည့္ သတ္မွတ္ရက္ ေျပာင္းလဲေရႊ႕ဆိုင္းထား
စက်တင်ဘာ 7, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) UWSA “ဝ” အထူးေဒသ(၂)က လႊဲေျပာင္းေပးသည့္ တာခ်ီလိတ္ - မုိင္းဆတ္ ခရုိင္ခ်င္းဆက္လမ္းအပါအဝင္ လမ္းပိုင္း(၇)ခုကို သက္ဆုိင္ရာဌာနမ်ားက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၉)ရက္ေန႔တြင္ လက္ခံရန္ လ်ာထားေသာ္လည္း ေရႊ႕ဆိုင္းလိုက္ေၾကာင္း သိရသည္။

“သူတို႔အားတဲ့ အခ်ိန္နဲ႔ ကၽြန္ေတာ္တို႔က လႊတ္ေတာ္က်င္းပမယ့္ အခ်ိန္နဲ႔ဆိုေတာ့ မသြားႏုိင္လို႔ လႊတ္ေတာ္ၿပီးတဲ့ အခ်ိန္မွ ႏွစ္ဖက္ညိႇၿပီး သြားေရာက္ လက္ခံရမွာပါ။ မူလကေတာ့ ဒီလ (၈)ရက္နဲ႔ (၉)ရက္ေန႔ေတြမွာ လက္ခံဖို႔ပါပဲ။ ဒါေပမဲ့ သူတို႔ဘက္က အဲဒီရက္မွာ မအားတဲ့အတြက္ သူတုိ႔ေရႊ႕တဲ့ ရက္ကလည္း ဒီဘက္က လႊတ္ေတာ္က်င္းပတဲ့ရက္ ျဖစ္ေနေတာ့ ထပ္ေရႊ႕ထားပါတယ္။ လႊဲေျပာင္းတာ လက္ခံရမယ့္ အဖြဲ႕ထဲမွာ ျပည္နယ္အစိုးရအဖြဲ႕၊ ျပည္ေထာင္စုက ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ နယ္စပ္ေရးရာဝန္ႀကီးဌာနတို႔ လည္းပါေတာ့ သူတို႔အားလံုးေရာ ဟိုဘက္ကအဖြဲ႕ေရာ အဆင္ေျပတဲ့ရက္ကို ျပန္ညိႇၾကရမွာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ(၇)ရက္ေန႔တြင္ ေျပာသည္။

UWSA “ဝ” အထူးေဒသ(၂)က ၂၀၁၈ ခုႏွစ္ ေမလ(၆)ရက္ေန႔တြင္ မုိင္းဆတ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးရံုး၌  တာခ်ီလိတ္ - မုိင္းဆတ္ခရိုင္ခ်င္းဆက္လမ္းအပါအဝင္ လမ္းပိုင္း(၇)ခုကို ျပည္ေထာင္စု အစိုးရအဖြဲ႕သို႔ အပ္ႏွံခဲ့ၿပီး ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ လက္ခံျပဳျပင္ ေပးႏုိင္ေၾကာင္း သေဘာထားမွတ္ခ်က္ႏွင့္အတူ ျပည္ေထာင္စုအစိုးရႏွင့္ ၿငိမ္းခ်မ္းေရးေကာ္မရွင္တုိ႔ထံမွ သေဘာထားမွတ္ခ်က္ေပးရန္ တင္ျပခဲ့ျခင္းျဖစ္သည္။

“သူတုိ႔က လႊဲမယ္လို႔ေျပာထားတယ္။ လႊဲတဲ့အေပၚမွာ မူတည္ၿပီးေတာ့ ကၽြန္ေတာ္တုိ႔က လက္ခံရမွာ ျဖစ္တဲ့အတြက္ ျပည္ေထာင္စုအဆင့္ကို တင္ျပပါတယ္။ ျပည္ေထာင္စုအဆင့္ကေန ေနာက္ဆံုးအေျဖက လက္ခံပါ။ သူတုိ႔ဆီက ေတာင္းဆိုထားတာကိုလည္း လုပ္ႏုိင္ေအာင္လုပ္ေပးပါဆိုတာ ေျပာထားပါတယ္။ ဒီေတာ့ ကၽြန္ေတာ္တုိ႔ မၾကာခင္မွာပဲ သြားေရာက္လက္ခံပါ့မယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးက ေျပာသည္။

တာခ်ီလိတ္ - မုိင္းဆတ္ကားလမ္း ဆိုးဝါးစြာပ်က္စီးေနမႈအား ရာသီမေရြးသြားလာႏုိင္မည့္လမ္းအျဖစ္ ျပဳျပင္ေပးရန္ ျပည္သူ႔လႊတ္ေတာ္တြင္ မိုင္းတုံမဲဆႏၵနယ္မွ ဦးေအာင္ေက်ာ္ဦးက ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလ (၁)ရက္ေန႔က ေမးခြန္းေမးျမန္းခြင့္ တင္ျပထားခဲ့ၿပီးေနာက္ ေျခာက္လေက်ာ္အၾကာ ေမလတြင္ အဆုိပါ ေမးခြန္းအား လႊတ္ေတာ္၌ တင္ျပခြင့္ရခဲ့ရာ အဆုိပါလမ္းပိုင္းကိစၥႏွင့္ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ေမလ (၂၇)ရက္ေန႔တြင္ က်င္းပသည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနအစည္းအေဝးတြင္“ဝ”အထူးေဒသမွ တာဝန္ရိွသူမ်ားႏွင့္ ေဆြးေႏြးထားေၾကာင္း နယ္စပ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္သန္းထြဋ္က လႊတ္ေတာ္တြင္ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ဒီလမ္းပိုင္းကို လႊဲေျပာင္းလက္ခံယူမယ္။ လက္ခံၿပီးတာနဲ႔ ေငြေကာက္တာေတြ တစ္ခါတည္း ရပ္ဆုိင္းမယ္ေပါ့။ “ဝ”က ျပန္လႊဲတဲ့လမ္းပိုင္း (၇)ပိုင္းရိွတယ္။ ဒီလမ္းပိုင္းေတြထဲမွာ ေဆာက္လုပ္ေရးလက္ခံရမယ့္အပိုင္းကို လာလက္ခံမွာ။ နတလ(နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ဳိးမ်ား ဖြံ႔ၿဖဳိးတိုးတက္ေရးဦးစီးဌာန)က လက္ခံရမယ့္အပိုင္းေတြက မုိင္းဆတ္ၿမိဳ႕နယ္ ထဲမွာရိွတဲ့ ေက်းရြာခ်င္းဆက္လမ္းေတြကို လက္ခံရမွာ။ နတလကလည္း သူတို႔လက္ခံရမယ့္လမ္းပိုင္းေတြ သြားစစ္ေဆး ၾကည့္ရႈေနပါတယ္။ ၿမိဳ႕နယ္ခ်င္းဆက္၊ ခရိုင္ခ်င္းဆက္လမ္းေတြကိုက်ေတာ့ ေဆာက္လုပ္ေရးက လက္ခံရမွာပါ” ဟု မိုင္းတုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ - မုိင္းဆတ္လမ္းပိုင္းမွာ စုစုေပါင္း (၆၀.၄)မုိင္ရွည္လ်ားၿပီး ၁၉၉၂ ခုႏွစ္တြင္ "ဝ"အထူးေဒသ(၂) ေတာင္ပိုင္းက ဟုန္ပန္းကုမၸဏီျဖင့္ ေဖါက္လုပ္ခဲ့ကာ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနျခင္း ျဖစ္ေသာ္လည္း လမ္းပို္င္း ပ်က္စီးမႈကို ျပဳျပင္ႏုိင္ျခင္းမရိွသျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးရန္ ၂၀၁၈ ခုႏွစ္အတြင္း ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

အဆုိပါ လမ္းမွာ အက်ယ္ ေပ (၂၀)၊ အရွည္ မုိင္ (၆၀)ရိွၿပီး လမ္းပိုင္းရိွ အတက္အဆင္းႀကီးမားသည့္ လြယ္ဆမ္ဆုန္ေတာင္ႀကီး၏ (၆)မုိင္ခန္႔အရွည္ကို ကတၱရာလမ္းခင္းထားကာ လမ္းပိုင္းအတြင္း သံုးမုိင္ငါးဖာလံုခန္႔မွာ ေျမသားျဖစ္သျဖင့္ ပ်က္စီးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) UWSA “ဝ” အထူးဒေသ(၂)က လွှဲပြောင်းပေးသည့် တာချီလိတ် - မိုင်းဆတ် ခရိုင်ချင်းဆက်လမ်းအပါအဝင် လမ်းပိုင်း(၇)ခုကို သက်ဆိုင်ရာဌာနများက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် လက်ခံရန် လျာထားသော်လည်း ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

“သူတို့အားတဲ့ အချိန်နဲ့ ကျွန်တော်တို့က လွှတ်တော်ကျင်းပမယ့် အချိန်နဲ့ဆိုတော့ မသွားနိုင်လို့ လွှတ်တော်ပြီးတဲ့ အချိန်မှ နှစ်ဖက်ညှိပြီး သွားရောက် လက်ခံရမှာပါ။ မူလကတော့ ဒီလ (၈)ရက်နဲ့ (၉)ရက်နေ့တွေမှာ လက်ခံဖို့ပါပဲ။ ဒါပေမဲ့ သူတို့ဘက်က အဲဒီရက်မှာ မအားတဲ့အတွက် သူတို့ရွှေ့တဲ့ ရက်ကလည်း ဒီဘက်က လွှတ်တော်ကျင်းပတဲ့ရက် ဖြစ်နေတော့ ထပ်ရွှေ့ထားပါတယ်။ လွှဲပြောင်းတာ လက်ခံရမယ့် အဖွဲ့ထဲမှာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့ လည်းပါတော့ သူတို့အားလုံးရော ဟိုဘက်ကအဖွဲ့ရော အဆင်ပြေတဲ့ရက်ကို ပြန်ညှိကြရမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၇)ရက်နေ့တွင် ပြောသည်။

UWSA “ဝ” အထူးဒေသ(၂)က ၂၀၁၈ ခုနှစ် မေလ(၆)ရက်နေ့တွင် မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ တာချီလိတ် - မိုင်းဆတ်ခရိုင်ချင်းဆက်လမ်းအပါအဝင် လမ်းပိုင်း(၇)ခုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ အပ်နှံခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနဖြေင့် လက်ခံပြုပြင် ပေးနိုင်ကြောင်း သဘောထားမှတ်ချက်နှင့်အတူ ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ထံမှ သဘောထားမှတ်ချက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

“သူတို့က လွှဲမယ်လို့ပြောထားတယ်။ လွှဲတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က လက်ခံရမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်ကို တင်ပြပါတယ်။ ပြည်ထောင်စုအဆင့်ကနေ နောက်ဆုံးအဖြေက လက်ခံပါ။ သူတို့ဆီက တောင်းဆိုထားတာကိုလည်း လုပ်နိုင်အောင်လုပ်ပေးပါဆိုတာ ပြောထားပါတယ်။ ဒီတော့ ကျွန်တော်တို့ မကြာခင်မှာပဲ သွားရောက်လက်ခံပါ့မယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ပြောသည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့ပြီးနောက် ခြောက်လကျော်အကြာ မေလတွင် အဆိုပါ မေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့ရာ အဆိုပါလမ်းပိုင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင်“ဝ”အထူးဒေသမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဒီလမ်းပိုင်းကို လွှဲပြောင်းလက်ခံယူမယ်။ လက်ခံပြီးတာနဲ့ ငွေကောက်တာတွေ တစ်ခါတည်း ရပ်ဆိုင်းမယ်ပေါ့။ “ဝ”က ပြန်လွှဲတဲ့လမ်းပိုင်း (၇)ပိုင်းရှိတယ်။ ဒီလမ်းပိုင်းတွေထဲမှာ ဆောက်လုပ်ရေးလက်ခံရမယ့်အပိုင်းကို လာလက်ခံမှာ။ နတလ(နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)က လက်ခံရမယ့်အပိုင်းတွေက မိုင်းဆတ်မြို့နယ် ထဲမှာရှိတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို လက်ခံရမှာ။ နတလကလည်း သူတို့လက်ခံရမယ့်လမ်းပိုင်းတွေ သွားစစ်ဆေး ကြည့်ရှုနေပါတယ်။ မြို့နယ်ချင်းဆက်၊ ခရိုင်ချင်းဆက်လမ်းတွေကိုကျတော့ ဆောက်လုပ်ရေးက လက်ခံရမှာပါ” ဟု မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းမှာ စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားပြီး ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂) တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖောက်လုပ်ခဲ့ကာ ယာဉ်ဖြတ်သန်းခ ကောက်ခံနခြေင်း ဖြစ်သော်လည်း လမ်းပို်င်း ပျက်စီးမှုကို ပြုပြင်နိုင်ခြင်းမရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းမှာ အကျယ် ပေ (၂၀)၊ အရှည် မိုင် (၆၀)ရှိပြီး လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန်တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားကာ လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်မှာ မြေသားဖြစ်သဖြင့် ပျက်စီးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~