မေကြးၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ က်င္းပမည့္ သနပ္ခါးပဲြေတာ္၌ သနပ္ခါးလိမ္းၿပိဳင္ပဲြ ပါဝင္မည္

မေကြးၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ က်င္းပမည့္ သနပ္ခါးပဲြေတာ္၌ သနပ္ခါးလိမ္းၿပိဳင္ပဲြ ပါဝင္မည္
စက်တင်ဘာ 5, 2018
By Tachileik News Agency

ရန္ကုန္ၿမိဳ႕၊ ပန္းဆိုးတန္းဂယ္လာရီမွ ဦးစီးက်င္းပမည့္ သနပ္ခါးပဲြေတာ္ ကို စက္တင္ဘာ (၂၉) ရက္ေန႔တြင္ မေကြးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ ပထမဆံုးအႀကိမ္ က်င္းပမည္ျဖစ္ၿပီး သနပ္ခါးလိမ္းၿပိဳင္ပြဲကိုလည္း ထည့္သြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"သနပ္ခါးဆိုတာ တစ္ကမာၻလံုးမွာ ျမန္မာရဲ႕ အမွတ္တံဆိပ္၊ ျမန္မာေတြရဲ႕ ရိုးရာအစဥ္အလာ ဆိုတာကို ေဖာ္က်ဴးဖို႔၊ ျမန္မာလူမ်ိဳးေတြလည္း သနပ္ခါးကို ပိုၿပီးေတာ့ စိတ္ဝင္တစားနဲ႔ တန္ဖုိးထားလာဖို႔ ဒီလိုပဲြေတာ္ေတြကေန ႏိုင္ငံတကာက ျမန္မာ့သနပ္ခါး အေပၚ စိတ္ဝင္စားမႈရိွလာၿပီး ေစ်းကြက္ ခ်ဲ႕ထြင္လာႏိုင္ဖို႔ ဆိုတဲ့ရည္ရြယ္ခ်က္ေတြနဲ႔ မေကြးၿမိဳ႕မွာ ပထမဆံုးအႀကိမ္ က်င္းပမွာျဖစ္ပါတယ္"ဟု မေကြးၿမိဳ႕တြင္ ပဲြေတာ္က်င္းပေရးတာဝန္ခံ ကိုေအာင္သူၿငိမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပဲြေတာ္တြင္ ထည့္သြင္းမည့္ သနပ္ခါးလိမ္းၿပိဳင္ပြဲမွာ ေက်ာက္ျပင္၊ သနပ္ခါးႏွင့္ ဆက္စပ္ပစၥည္းအစံု အဆင္သင့္ခ်ထားေပးမည္ျဖစ္၍ မိမိႏွစ္သက္ရာပံုစံျဖင့္ လိမ္းခ်ယ္ၿပိဳင္ပဲြဝင္ၾကရမည္ျဖစ္ၿပီး ပထမ၊ ဒုတိယ၊ တတိယ ဆုမ်ားကို ထိုက္တန္စြာ ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သနပ္ခါးပဲြေတာ္အား ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္ (၃)ႀကိမ္က်င္းပခဲ့ၿပီး စတုတၳေျမာက္က်င္းပမည္ျဖစ္ၿပီး ပဲြေတာ္ခန္းမအတြင္း သနပ္ခါးႏွင့္ပတ္သက္သည့္ ပန္းခ်ီကားမ်ား၊ ဓာတ္ပံုမ်ား ခ်ိတ္ဆဲြျပသျခင္း၊ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ားျပသျခင္း၊ ရန္ကုန္ႏွင့္ မႏၱေလးတို႔တြင္ က်င္းပခဲ့သည့္ ရုပ္သံအစီအစဥ္၊ မေကြးတိုင္းအ တြင္းရိွ သနပ္ခါးထြက္ရိွရာ ပခုကၠဴ၊ ေရစႀကိဳႏွင့္ ၿမိဳင္တို႔မွ လုပ္ငန္းရွင္မ်ား၏ သနပ္ခါးတံုးႏွင့္ သနပ္ခါး ထုတ္ကုန္မ်ားကို ခင္းက်င္းေရာင္းခ်ျခင္း အစီအစဥ္မ်ား ပါရိွမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်မြို့၊ ပန်းဆိုးတန်းဂယ်လာရီမှ ဦးစီးကျင်းပမည့် သနပ်ခါးပွဲတော် ကို စက်တင်ဘာ (၂၉) ရက်နေ့တွင် မကွေးမြို့ မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး သနပ်ခါးလိမ်းပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"သနပ်ခါးဆိုတာ တစ်ကမာ္ဘလုံးမှာ မြန်မာရဲ့ အမှတ်တံဆိပ်၊ မြန်မာတွေရဲ့ ရိုးရာအစဉ်အလာ ဆိုတာကို ဖော်ကျူးဖို့၊ မြန်မာလူမျိုးတွေလည်း သနပ်ခါးကို ပိုပြီးတော့ စိတ်ဝင်တစားနဲ့ တန်ဖိုးထားလာဖို့ ဒီလိုပွဲတော်တွေကနေ နိုင်ငံတကာက မြန်မာ့သနပ်ခါး အပေါ် စိတ်ဝင်စားမှုရှိလာပြီး ဈေးကွက် ချဲ့ထွင်လာနိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ မကွေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ပါတယ်"ဟု မကွေးမြို့တွင် ပွဲတော်ကျင်းပရေးတာဝန်ခံ ကိုအောင်သူငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပွဲတော်တွင် ထည့်သွင်းမည့် သနပ်ခါးလိမ်းပြိုင်ပွဲမှာ ကျောက်ပြင်၊ သနပ်ခါးနှင့် ဆက်စပ်ပစ္စည်းအစုံ အဆင်သင့်ချထားပေးမည်ဖြစ်၍ မိမိနှစ်သက်ရာပုံစံဖြင့် လိမ်းချယ်ပြိုင်ပွဲဝင်ကြရမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သနပ်ခါးပွဲတော်အား ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် (၃)ကြိမ်ကျင်းပခဲ့ပြီး စတုတ္ထမြောက်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ခန်းမအတွင်း သနပ်ခါးနှင့်ပတ်သက်သည့် ပန်းချီကားများ၊ ဓာတ်ပုံများ ချိတ်ဆွဲပြသခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များပြသခြင်း၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပခဲ့သည့် ရုပ်သံအစီအစဉ်၊ မကွေးတိုင်းအ တွင်းရှိ သနပ်ခါးထွက်ရှိရာ ပခုက္ကူ၊ ရေစကြိုနှင့် မြိုင်တို့မှ လုပ်ငန်းရှင်များ၏ သနပ်ခါးတုံးနှင့် သနပ်ခါး ထုတ်ကုန်များကို ခင်းကျင်းရောင်းချခြင်း အစီအစဉ်များ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~