ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ က်င္းပေရးအတြက္ က်င္းပေရးေကာ္မတီ ဖြဲ႔စည္းမည္

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုးပ်ံပြဲေတာ္ က်င္းပေရးအတြက္ က်င္းပေရးေကာ္မတီ ဖြဲ႔စည္းမည္
စက်တင်ဘာ 6, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးတြင္ ႏွစ္စဥ္က်င္းပေနသည့္ ေတာင္ႀကီးတန္ေဆာင္တုိင္ မီးပံုးပ်ံပြဲေတာ္ က်င္းပေရးေကာ္မတီဖြဲ႕စည္းေရးအတြက္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔ ကတ္ဘိနက္ အစည္းအေဝးတြင္ ေဆြးေႏြးအတည္ျပဳလုိက္ေၾကာင္း သိရသည္။

“တန္ေဆာင္တိုင္ပြဲက်င္းပဖို႔က ႏွစ္စဥ္ တန္ေဆာင္မုန္းလဆန္း (၈)ရက္ကေန လျပည့္ေက်ာ္(၁)ရက္ထိက အစဥ္အဆက္က က်င္းပတာေပါ့။ အဲဒီအတုိင္း က်င္းပမယ္ဆိုရင္ ဒီႏွစ္က ႏိုဝင္ဘာ(၁၅)ကေနစတာေပါ့။ အဲဒီအတြက္ ေကာ္မတီဖြဲ႔ဖို႔နဲ႔ ပထမဆံုးအႀကိမ္ အစည္းအေဝးေခၚဖို႔ တင္ျပေတာ့ ေကာ္မတီဖြဲ႕ဖို႔ေတာ့ အတည္ျပဳ လိုက္ပါၿပီ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ စတ္တင္ဘာလ(၆)ရက္ေန႔တြင္ ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲကို အေဝရာကြင္းအတြင္း ႏွစ္စဥ္ က်င္းပေနျခင္းျဖစ္ၿပီး အဆိုပါ တန္ေဆာင္တုိင္ မီးပံုးပ်ံၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ၾကမည့္အဖြဲ႕အသီးသီးကလည္း မီးပံုးမ်ားျပင္ဆင္ေနရာ လုိက္နာရမည့္ စည္းကမ္းခ်က္မ်ားကိုလည္း ရွမ္းျပည္နယ္႐ိုးရာ မီးပံုးပ်ံပညာရွင္မ်ားအသင္းက ထုတ္ျပန္ ေပးထားသည္။

ၿပိဳင္ပြဲဝင္မည့္ မီးပံုးပ်ံကိုယ္ထည္မ်ားတြင္ ဘာသာေရး၊ ယဥ္ေက်းမႈမ်ားႏွင့္ မသက္ဆိုင္ေသာ တိုင္းရင္းသားစည္းလံုးညီၫြတ္မႈကို ထိခိုက္ေစႏိုင္သည့္ ပန္းခ်ီ၊ ဒီဇိုင္း၊ စာတန္းသ႐ုပ္ေဖာ္ပံုမ်ား၊ ေအာက္ဆြဲ ပံုေဖာ္မႈမ်ား၊ အရက္ေဆးလိပ္ဘီယာေၾကညာမ်ား ထည့္သြင္းခြင့္ မျပဳေၾကာင္းကို ထုတ္ျပန္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် နှစ်စဉ်ကျင်းပနေသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပရေးကော်မတီဖွဲ့စည်းရေးအတွက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ ကတ်ဘိနက် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုလိုက်ကြောင်း သိရသည်။

“တန်ဆောင်တိုင်ပွဲကျင်းပဖို့က နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်ကနေ လပြည့်ကျော်(၁)ရက်ထိက အစဉ်အဆက်က ကျင်းပတာပေါ့။ အဲဒီအတိုင်း ကျင်းပမယ်ဆိုရင် ဒီနှစ်က နိုဝင်ဘာ(၁၅)ကနေစတာပေါ့။ အဲဒီအတွက် ကော်မတီဖွဲ့ဖို့နဲ့ ပထမဆုံးအကြိမ် အစည်းအဝေးခေါ်ဖို့ တင်ပြတော့ ကော်မတီဖွဲ့ဖို့တော့ အတည်ပြု လိုက်ပါပြီ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ စတ်တင်ဘာလ(၆)ရက်နေ့တွင် ပြောသည်။

တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲကို အဝေရာကွင်းအတွင်း နှစ်စဉ် ကျင်းပနခြေင်းဖြစ်ပြီး အဆိုပါ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်အဖွဲ့အသီးသီးကလည်း မီးပုံးများပြင်ဆင်နေရာ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်များအသင်းက ထုတ်ပြန် ပေးထားသည်။

ပြိုင်ပွဲဝင်မည့် မီးပုံးပျံကိုယ်ထည်များတွင် ဘာသာရေး၊ ယဉ်ကျေးမှုများနှင့် မသက်ဆိုင်သော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့် ပန်းချီ၊ ဒီဇိုင်း၊ စာတန်းသရုပ်ဖော်ပုံများ၊ အောက်ဆွဲ ပုံဖော်မှုများ၊ အရက်ဆေးလိပ်ဘီယာကြေညာများ ထည့်သွင်းခွင့် မပြုကြောင်းကို ထုတ်ပြန်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~