Update News

ေတာင္ႀကီးတန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္အား ယူနက္စကို အသိအမွတ္ျပဳႏိုင္ေရးအတြက္ ၿပိဳင္ပြဲဝင္ မီးပံုးပ်ံမ်ား ရုိးရာအတုိင္း ေဒသထြက္ပစၥည္းမ်ားသာ အသံုးျပဳရမည္


ေတာင္ႀကီးတန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ကို ေရွးေဟာင္းအေမြအႏွစ္အျဖစ္ ယူနက္စကို အသိအမွတ္ျပဳ ျဖစ္ႏုိင္ရန္ ရိုးရာအတိုင္း ေဒသထြက္ပစၥည္းမ်ားျဖင့္သာ အသံုးျပဳသည့္ မီးပံုးပ်ံမ်ားျဖင့္ ယွဥ္ၿပိဳင္ခြင့္ျပဳေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

“ရိုးရာနည္းပညာေတြပဲ သံုးပါဆိုတာ ဒီႏွစ္မွာ အသစ္ထုတ္ျပန္လုိက္တာေပါ့။ ယူနက္စကိုကေန ကၽြန္ေတာ္တို႔ရဲ႕ ပညာကို ေရွးေဟာင္း အေမြအႏွစ္ပညာအျဖစ္ အသိအမွတ္ျပဳႏုိင္ေအာင္လို႔ပါ။ ေဒသထြက္ ပစၥည္းေတြနဲ႔ ေဒသရဲ႕ပညာေတြနဲ႕ လုပ္ေဆာင္တယ္ဆိုတာ ေပၚလြင္ေစခ်င္လို႔ အခုလို ထုတ္ျပန္ လိုက္ရတာပါ။ ဒီစည္းကမ္းခ်က္ကို မီးပံုးပ်ံအဖြဲ႕တုိင္းကိုလည္း ေပးသိၿပီးပါၿပီ။ ယူနက္စကိုကေန အသိအမွတ္ျပဳမွာမို႔ ကၽြန္ေတာ္တို႔ရိုးရာ မီးပံုးလုပ္နည္းအတုိင္း လုပ္ၾကဖို႔ပါ။ ယူနက္စကိုက လာစစ္ေတာ့မွ ကၽြန္ေတာ္တို႔က ႏုိင္ငံျခားကပစၥည္းေတြ သံုးထားတယ္ဆိုရင္ အဆင္မေျပဘူးေပါ့ေနာ္။ ဥပမာ - တရုတ္ကလာတဲ့ မီးရႈး၊ မီးပန္း၊ စနက္ႀကိဳးလိုမ်ိဳး အသင့္လာတာေတြ ထည့္မသံုးဖို႔ပါ။ ဒါေတြ သံုးခြင့္မရိွဘူး။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ လုပ္ထားတာေတြ သံုးရမွာေပါ့”ဟု မီးပံုးပ်ံၿပိဳင္ပြဲက်င္းပေရးလုပ္ငန္းေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာ သန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္က မီးပံုးပ်ံမ်ားျပဳလုပ္သည့္ ပစၥည္းမ်ားကို ေဒသထြက္ပစၥည္း၊ ေဒသနည္းပညာမ်ားျဖင့္သာ လုပ္ေဆာင္လာရာမွ ေနာက္ပိုင္းတြင္ တရုတ္ႏုိင္ငံမွ အသင့္ဝယ္ယူ၍ရသည့္ စနက္၊ မီးရႈး၊မီးပန္း စသည္တို႔ ထည့္သြင္းလာျခင္းေၾကာင့္ မ်ိဳးဆက္သစ္မ်ားထံ ရိုးရာနည္းပညာလက္ဆင့္ကမ္းေပးႏုိင္ရန္ အဆိုပါ စည္းကမ္းခ်က္ကို ထုတ္ျပန္လုိက္ျခင္းျဖစ္သည္ဟု ေဒါက္တာသန္းဝင္းက ဆိုသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ရက္ေန႔မွ (၂၃)ရက္ေန႔အထိ အေဝရာ မီးပံုးပ်ံကြင္းတြင္ က်င္းပမည္ျဖစ္ၿပီး ဘာသာေရးပြဲျဖစ္သည့္ အတြက္ ၿပိဳင္ပြဲဝင္မည့္ မီးပံုးပ်ံမ်ားတြင္ ႏိုင္ငံေရးအရ မဲဆြယ္စည္းရံုးမႈမ်ား၊ အရက္ဘီယာေဆးလိပ္စသည့္ ေၾကာ္ျငာမ်ား၊ ဘာသာေရး၊ လူမ်ိဳးေရး အဓိကရုဏ္းျဖစ္ေစမည့္ စာသား၊ ရုပ္ပံုမ်ား ထည့္သြင္းခြင့္ မျပဳေၾကာင္း သိရသည္။

မီးပံုးပ်ံပြဲေတာ္အတြက္ ၿပိဳင္ပြဲဝင္မီးပံုးပ်ံစာရင္းမ်ားကို ေအာက္တိုဘာလ (၁)ရက္ေန႔မွွ (၅)ရက္ေန႔အထိ ကန္အေရွ႕ရပ္ကြက္႐ံုးႏွင့္ ေအာက္တိုဘာ(၆)ရက္ေန႔မွ ႏို၀င္ဘာ(၂)ရက္ေန႔အထိ အိမ္အမွတ္(၂၇၂)၊ ကန္ေအာက္ရပ္ကြက္၊ ခြာညိဳလမ္း ေဒါက္တာဦးသန္းဝင္းအိမ္တို႔တြင္ နံနက္ (၉)နာရီမွ ညေန(၄)နာရီအထိ စာရင္းေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ ေတာင္ႀကီးတန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကို ကမၻာ့အေမြအႏွစ္စာရင္းဝင္ျဖစ္ေရးအတြက္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ၂၀၁၄ ခုႏွစ္ကတည္းက ႀကိဳးပမ္းေနခဲ့ျခင္းျဖစ္ၿပီး ယင္းကဲ့သို႔ အသိအမွတ္ ျပဳႏုိင္ပါက ကမၻာလွည့္ခရီးသြားလုပ္ငန္းအတြက္ ဆြဲေဆာင္ရ ာပြဲေတာ္တစ္ခု ျဖစ္လာႏုိင္မည္ျဖစ္သည္။

သတင္း - ႏုိႏို

ဓါတ္ပံု - ႐ွမ္းျပည္နယ္႐ိုးရာမီးပံုးပ်ံပညာ႐ွင္မ်ားအသင္း
ပံုအညႊန္း -၂၀၁၇ခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တိုင္ရိုးရာမီးပံုၿပိဳင္ပြဲတြင္ ညမီးႀကီး ပထမဆုရ ေသြးသစ္ညမီးႀကီး ပံု






~~~~~~~~⊰❂ unicode ~~~~~~~~


တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စကို အသိအမှတ်ပြု ဖြစ်နိုင်ရန် ရိုးရာအတိုင်း ဒေသထွက်ပစ္စည်းများဖြင့်သာ အသုံးပြုသည့် မီးပုံးပျံများဖြင့် ယှဉ်ပြိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

“ရိုးရာနည်းပညာတွေပဲ သုံးပါဆိုတာ ဒီနှစ်မှာ အသစ်ထုတ်ပြန်လိုက်တာပေါ့။ ယူနက်စကိုကနေ ကျွန်တော်တို့ရဲ့ ပညာကို ရှေးဟောင်း အမွေအနှစ်ပညာအဖြစ် အသိအမှတ်ပြုနိုင်အောင်လို့ပါ။ ဒေသထွက် ပစ္စည်းတွေနဲ့ ဒေသရဲ့ပညာတွေနဲ့ လုပ်ဆောင်တယ်ဆိုတာ ပေါ်လွင်စေချင်လို့ အခုလို ထုတ်ပြန် လိုက်ရတာပါ။ ဒီစည်းကမ်းချက်ကို မီးပုံးပျံအဖွဲ့တိုင်းကိုလည်း ပေးသိပြီးပါပြီ။ ယူနက်စကိုကနေ အသိအမှတ်ပြုမှာမို့ ကျွန်တော်တို့ရိုးရာ မီးပုံးလုပ်နည်းအတိုင်း လုပ်ကြဖို့ပါ။ ယူနက်စကိုက လာစစ်တော့မှ ကျွန်တော်တို့က နိုင်ငံခြားကပစ္စည်းတွေ သုံးထားတယ်ဆိုရင် အဆင်မပြေဘူးပေါ့နော်။ ဥပမာ - တရုတ်ကလာတဲ့ မီးရှုး၊ မီးပန်း၊ စနက်ကြိုးလိုမျိုး အသင့်လာတာတွေ ထည့်မသုံးဖို့ပါ။ ဒါတွေ သုံးခွင့်မရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ထားတာတွေ သုံးရမှာပေါ့”ဟု မီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က မီးပုံးပျံများပြုလုပ်သည့် ပစ္စည်းများကို ဒေသထွက်ပစ္စည်း၊ ဒေသနည်းပညာများဖြင့်သာ လုပ်ဆောင်လာရာမှ နောက်ပိုင်းတွင် တရုတ်နိုင်ငံမှ အသင့်ဝယ်ယူ၍ရသည့် စနက်၊ မီးရှုး၊မီးပန်း စသည်တို့ ထည့်သွင်းလာခြင်းကြောင့် မျိုးဆက်သစ်များထံ ရိုးရာနည်းပညာလက်ဆင့်ကမ်းပေးနိုင်ရန် အဆိုပါ စည်းကမ်းချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဒေါက်တာသန်းဝင်းက ဆိုသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၂၃)ရက်နေ့အထိ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ဘာသာရေးပွဲဖြစ်သည့် အတွက် ပြိုင်ပွဲဝင်မည့် မီးပုံးပျံများတွင် နိုင်ငံရေးအရ မဲဆွယ်စည်းရုံးမှုများ၊ အရက်ဘီယာဆေးလိပ်စသည့် ကြော်ငြာများ၊ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်စေမည့် စာသား၊ ရုပ်ပုံများ ထည့်သွင်းခွင့် မပြုကြောင်း သိရသည်။

မီးပုံးပျံပွဲတော်အတွက် ပြိုင်ပွဲဝင်မီးပုံးပျံစာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ကန်အရှေ့ရပ်ကွက်ရုံးနှင့် အောက်တိုဘာ(၆)ရက်နေ့မှ နိုဝင်ဘာ(၂)ရက်နေ့အထိ အိမ်အမှတ်(၂၇၂)၊ ကန်အောက်ရပ်ကွက်၊ ခွာညိုလမ်း ဒေါက်တာဦးသန်းဝင်းအိမ်တို့တွင် နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ စာရင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်ကတည်းက ကြိုးပမ်းနေခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အသိအမှတ် ပြုနိုင်ပါက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်ရာပွဲတော်တစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။

သတင်း - နိုနို
ဓာတ်ပုံ - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း
ပုံအညွှန်း -၂၀၁၇ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံပြိုင်ပွဲတွင် ညမီးကြီး ပထမဆုရ သွေးသစ်ညမီးကြီး ပုံ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::