ပန္းဆိုးတန္းဂယ္လာရီ၏ (၄)ႀကိမ္ေျမာက္ သနပ္ခါးလိမ္းၿပိဳင္ပြဲ မေကြးၿမိဳ႕တြင္ က်င္းပ

ပန္းဆိုးတန္းဂယ္လာရီ၏ (၄)ႀကိမ္ေျမာက္ သနပ္ခါးလိမ္းၿပိဳင္ပြဲ မေကြးၿမိဳ႕တြင္ က်င္းပ
စက်တင်ဘာ 29, 2018
By Tachileik News Agency

ျမန္မာ့ရိုးရာသနပ္ခါးအား ႏိုင္ငံတကာမွ ပိုမိုစိတ္၀င္စားလာမႈရွိၿပီး ေစ်းကြက္ခ်ဲ႕ထြက္လာႏုိင္ရန္ မေကြးတိုင္း ေဒသႀကီးတြင္ ပထမဆံုးအျဖစ္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၉)ရက္ေန႔ မြန္းလြဲပိုင္းက  မေကြးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

"သနပ္ခါးဆိုတာ တစ္ကမာၻလံုးမွာ ျမန္မာရဲ႕ အမွတ္တံဆိပ္၊ ျမန္မာေတြရဲ႕ ရိုးရာအစဥ္အလာ ဆိုတာကို ေဖာ္က်ဴးဖို႔၊ ျမန္မာလူမ်ိဳးေတြလည္း သနပ္ခါးကို ပိုၿပီးေတာ့ စိတ္ဝင္တစားနဲ႔ တန္ဘိုးထားလာဖို႔ ဒီလိုပဲြေတာ္ေတြကေန ႏိုင္ငံတကာက ျမန္မာ့သနပ္ခါးအေပၚ စိတ္ဝင္စားမႈရိွလာၿပီး ေစ်းကြက္ ခ်ဲ႕ထြင္လာႏိုင္ဖို႔ ဆိုတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ မေကြးၿမိဳ႕မွာ ပထမဆံုးအႀကိမ္ က်င္းပတာျဖစ္ပါတယ္"ဟု သနပ္ခါးပဲြေတာ္ စီစဥ္က်င္းပသည့္  ရန္ကုန္ၿမိဳ႕  ပန္းဆိုးတန္းဂယ္လာရီမွ ကိုေအာင္စိုးမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပဲြေတာ္တြင္ သနပ္ခါးလိမ္းၿပိဳင္ပဲြကို အဓိက ထည့္သြင္းထားရာ ကေလး(၂၄)ဦး၊လူႀကီး (၁၅)ဦး ပါဝင္ယွဥ္ၿပိဳင္ၿပီး၊ ၿပိဳင္ပဲြခန္းမစင္ျမင့္၌ သနပ္ခါး လိမ္းရန္ ေက်ာက္ျပင္၊ သနပ္ခါးႏွင့္ ဆက္စပ္ ပစၥည္းအစံု အဆင္သင့္ ခ်ထားေပးၿပီး ကိုယ္ႏွစ္သက္ရာပံုစံျဖင့္ လိမ္းခ်ယ္ၿပိဳင္ပဲြဝင္ၾကၿပီး၊ ပန္းခ်ီဆရာႀကီး ဦးမ်ိဳးညြန္႔က ၿပိဳင္ပဲြဝင္ေနစဥ္ အခ်ိန္အတြင္း ၿပိဳင္ပဲြဝင္ေနသည့္ ပံုမ်ားကို ပန္းခ်ီေရးဆဲြ၍ ပထမ“သနပ္ခါးေမ ဆု”ရရိွသူအား က်ပ္(၅)သိန္း၊ ဒုတိယ“သနပ္ခါးရြယ္လူးဆု” ရရိွသူအား က်ပ္(၃)သိန္း၊ တတိယ“သနပ္ခါး ခ်စ္သူဆု”ရရိွသူ(၃)ဦးအား က်ပ္(၁)သိန္းစီ၊ ကေလးၿပိဳင္ပဲြဝင္ မ်ားအတြက္“သနပ္ခါးဖူးသစ္လံုေမဆု” ရရိွသူ(၅)ဦးအား က်ပ္(၅)ေသာင္းစီ ႏွင့္ လက္ေဆာင္ပစၥည္းမ်ားျဖင့္ အသီးသီး ခ်ီးျမွင့္ေၾကာင္း သိရသည္။

ယခုလို ပဲြေတာ္အား ရန္ကုန္တြင္(၂)ႀကိမ္၊ မႏၱေလးၿမိဳ႕တြင္  (၁)ႀကိမ္က်င္းပခဲ့ၿပီး မေကြးၿမိဳ႕တြင္ စတုတၳအႀကိမ္ေျမာက္ က်င္းပျခင္းျဖစ္ရာ ပဲြေတာ္ခန္းမအတြင္း သနပ္ခါးႏွင့္ ပတ္သက္သည့္ ပန္းခ်ီကား မ်ား၊ ဓာတ္ပံုမ်ား ခ်ိတ္ဆဲြျပသ၍ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား၊ ရန္ကုန္ႏွင့္ မႏၱေလးတို႔တြင္ က်င္းပခဲ့သည့္ ရုပ္သံအစီအစဥ္၊ မေကြးတိုင္းအတြင္းရိွ သနပ္ခါးထြက္ရိွရာ ပခုကၠဴ၊ ေရစႀကိဳႏွင့္ ၿမိဳင္တို႔မွ လုပ္ငန္းရွင္မ်ား ၏ သနပ္ခါးတံုးႏွင့္ သနပ္ခါး ထုတ္ကုန္မ်ားကို ခင္းက်င္းေရာင္းခ်ျခင္း အစီအစဥ္မ်ား ပါရိွေၾကာင္း သိရ သည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ့ရိုးရာသနပ်ခါးအား နိုင်ငံတကာမှ ပိုမိုစိတ်ဝင်စားလာမှုရှိပြီး ဈေးကွက်ချဲ့ထွက်လာနိုင်ရန် မကွေးတိုင်း ဒေသကြီးတွင် ပထမဆုံးအဖြစ် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

"သနပ်ခါးဆိုတာ တစ်ကမာ္ဘလုံးမှာ မြန်မာရဲ့ အမှတ်တံဆိပ်၊ မြန်မာတွေရဲ့ ရိုးရာအစဉ်အလာ ဆိုတာကို ဖော်ကျူးဖို့၊ မြန်မာလူမျိုးတွေလည်း သနပ်ခါးကို ပိုပြီးတော့ စိတ်ဝင်တစားနဲ့ တန်ဘိုးထားလာဖို့ ဒီလိုပွဲတော်တွေကနေ နိုင်ငံတကာက မြန်မာ့သနပ်ခါးအပေါ် စိတ်ဝင်စားမှုရှိလာပြီး ဈေးကွက် ချဲ့ထွင်လာနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မကွေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်"ဟု သနပ်ခါးပွဲတော် စီစဉ်ကျင်းပသည့် ရန်ကုန်မြို့ ပန်းဆိုးတန်းဂယ်လာရီမှ ကိုအောင်စိုးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပွဲတော်တွင် သနပ်ခါးလိမ်းပြိုင်ပွဲကို အဓိက ထည့်သွင်းထားရာ ကလေး(၂၄)ဦး၊လူကြီး (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ပြီး၊ ပြိုင်ပွဲခန်းမစင်မြင့်၌ သနပ်ခါး လိမ်းရန် ကျောက်ပြင်၊ သနပ်ခါးနှင့် ဆက်စပ် ပစ္စည်းအစုံ အဆင်သင့် ချထားပေးပြီး ကိုယ်နှစ်သက်ရာပုံစံဖြင့် လိမ်းချယ်ပြိုင်ပွဲဝင်ကြပြီး၊ ပန်းချီဆရာကြီး ဦးမျိုးညွန့်က ပြိုင်ပွဲဝင်နေစဉ် အချိန်အတွင်း ပြိုင်ပွဲဝင်နေသည့် ပုံများကို ပန်းချီရေးဆွဲ၍ ပထမ“သနပ်ခါးမေ ဆု”ရရှိသူအား ကျပ်(၅)သိန်း၊ ဒုတိယ“သနပ်ခါးရွယ်လူးဆု” ရရှိသူအား ကျပ်(၃)သိန်း၊ တတိယ“သနပ်ခါး ချစ်သူဆု”ရရှိသူ(၃)ဦးအား ကျပ်(၁)သိန်းစီ၊ ကလေးပြိုင်ပွဲဝင် များအတွက်“သနပ်ခါးဖူးသစ်လုံမေဆု” ရရှိသူ(၅)ဦးအား ကျပ်(၅)သောင်းစီ နှင့် လက်ဆောင်ပစ္စည်းများဖြင့် အသီးသီး ချီးမြှင့်ကြောင်း သိရသည်။

ယခုလို ပွဲတော်အား ရန်ကုန်တွင်(၂)ကြိမ်၊ မန္တလေးမြို့တွင် (၁)ကြိမ်ကျင်းပခဲ့ပြီး မကွေးမြို့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ရာ ပွဲတော်ခန်းမအတွင်း သနပ်ခါးနှင့် ပတ်သက်သည့် ပန်းချီကား များ၊ ဓာတ်ပုံများ ချိတ်ဆွဲပြသ၍ ဖျော်ဖြေရေးအစီအစဉ်များ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပခဲ့သည့် ရုပ်သံအစီအစဉ်၊ မကွေးတိုင်းအတွင်းရှိ သနပ်ခါးထွက်ရှိရာ ပခုက္ကူ၊ ရေစကြိုနှင့် မြိုင်တို့မှ လုပ်ငန်းရှင်များ၏ သနပ်ခါးတုံးနှင့် သနပ်ခါး ထုတ်ကုန်များကို ခင်းကျင်းရောင်းချခြင်း အစီအစဉ်များ ပါရှိကြောင်း သိရ သည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~