တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ေတာလိုက္ရာမွ တူမီးေသနတ္ သစ္ကိုင္းႏွင့္ညႇိကာ က်ည္ထြက္သြား၍ ေတာလိုက္အေဖာ္မွာ ေသနတ္ထိမွန္မႈေၾကာင့္ စိုးရိမ္ရ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ေတာလိုက္ရာမွ တူမီးေသနတ္ သစ္ကိုင္းႏွင့္ညႇိကာ က်ည္ထြက္သြား၍ ေတာလိုက္အေဖာ္မွာ ေသနတ္ထိမွန္မႈေၾကာင့္ စိုးရိမ္ရ
စက်တင်ဘာ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ခ်စ္ထူ(အာခါ)ရြာတြင္ ေတာင္ယာအတြင္း လူငယ္(၂)ဦး ေတာဝက္လိုက္ရာမွ တူမီးေသနတ္ သစ္ကိုင္းႏွင့္ညိႇ၍ က်ည္ထြက္သြားၿပီး ေတာလုိက္ေဖၚ သူငယ္ခ်င္း၏ ေခါင္းကို ေဖါက္ဝင္သြား၍ စိုးရိမ္ရ အေနအထားျဖစ္ေနၿပီး ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ခ်စ္ထူ(အာခါ)ေက်းရြာတြင္၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၆)ရက္ေန႔ နံနက္(၉)နာရီခြဲ ဝန္းက်င္က ဦးႀကိဳးယုန္၏ ေနအိမ္သို႔ ဦးေခါင္းတြင္ ေသနတ္ဒဏ္ရာရထားသည့္ တူျဖစ္သူ အသက္(၁၇)ႏွစ္အရြယ္ အိုက္မိန္းကို အသက္(၁၅)ႏွစ္အရြယ္ အုိက္ယဲ့က တြဲေခၚလာေပးျခင္းျဖစ္ေၾကာင္း သိရသည္။

အိုက္ယဲ့၏ ေျပာၾကားခ်က္အရ ၎တို႔(၂)ဦးသည္ တူမီးေသနတ္တစ္လက္စီျဖင့္ နံနက္(၉)နာရီဝန္းက်င္က ခ်စ္ထူ(အာခါ)ရြာအနီးရိွ ေတာင္ယာတြင္ ေတာဝက္လုိက္ၾကစဥ္ အုိက္ယဲ့က တူမီးေသနတ္ေမာင္းတင္၍ ေသနတ္ေျပာင္းအား ေနာက္သို႔လွည့္၍ကိုင္ကာ ခါးကိုင္း၍ ေတာဝက္ေနာက္ လုိက္စဥ္ အိုက္မိန္းကလည္း တူမီးတစ္လက္ျဖင့္ ေနာက္မွ လုိက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အုိက္ယဲ့သည္ ေျပးသြားရင္း တူမီးေသနတ္၏ လံုၿခံဳေရးခလုတ္မွာ သစ္ကိုင္းႏွင့္ၿငိ၍ ရုတ္တရက္ က်ည္ထြက္သြားရာ ေနာက္မွလုိက္လာသည့္ အိုက္မိန္း၏ နဖူးမွေဖါက္ဝင္ၿပီး ေနာက္ေစ့မွ က်ည္ေဖါက္ထြက္သြားသျဖင့္ အိုက္မိန္း၏ ဦးေလးျဖစ္သူထံ ေခၚေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မေတာ္တဆမႈႏွင့္ပတ္သက္၍ အုိက္ယဲ့အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၃၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ချစ်ထူ(အာခါ)ရွာတွင် တောင်ယာအတွင်း လူငယ်(၂)ဦး တောဝက်လိုက်ရာမှ တူမီးသေနတ် သစ်ကိုင်းနှင့်ညှိ၍ ကျည်ထွက်သွားပြီး တောလိုက်ဖော် သူငယ်ချင်း၏ ခေါင်းကို ဖောက်ဝင်သွား၍ စိုးရိမ်ရ အနေအထားဖြစ်နပြေီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ချစ်ထူ(အာခါ)ကျေးရွာတွင်၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီခွဲ ဝန်းကျင်က ဦးကြိုးယုန်၏ နေအိမ်သို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာရထားသည့် တူဖြစ်သူ အသက်(၁၇)နှစ်အရွယ် အိုက်မိန်းကို အသက်(၁၅)နှစ်အရွယ် အိုက်ယဲ့က တွဲခေါ်လာပေးခြင်းဖြစ်ကြောင်း သိရသည်။

အိုက်ယဲ့၏ ပြောကြားချက်အရ၎င်းတို့(၂)ဦးသည် တူမီးသေနတ်တစ်လက်စီဖြင့် နံနက်(၉)နာရီဝန်းကျင်က ချစ်ထူ(အာခါ)ရွာအနီးရှိ တောင်ယာတွင် တောဝက်လိုက်ကြစဉ် အိုက်ယဲ့က တူမီးသေနတ်မောင်းတင်၍ သေနတ်ပြောင်းအား နောက်သို့လှည့်၍ကိုင်ကာ ခါးကိုင်း၍ တောဝက်နောက် လိုက်စဉ် အိုက်မိန်းကလည်း တူမီးတစ်လက်ဖြင့် နောက်မှ လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုက်ယဲ့သည် ပြေးသွားရင်း တူမီးသေနတ်၏ လုံခြုံရေးခလုတ်မှာ သစ်ကိုင်းနှင့်ငြိ၍ ရုတ်တရက် ကျည်ထွက်သွားရာ နောက်မှလိုက်လာသည့် အိုက်မိန်း၏ နဖူးမှဖောက်ဝင်ပြီး နောက်စေ့မှ ကျည်ဖောက်ထွက်သွားသဖြင့် အိုက်မိန်း၏ ဦးလေးဖြစ်သူထံ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုနှင့်ပတ်သက်၍ အိုက်ယဲ့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~