မော်တော်ယာဉ် (၃)စီးဖြင့် တရားမ၀င် သစ်များ သယ်ဆောင်လာသူ (၆)ဦးအနက် (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်

မော်တော်ယာဉ် (၃)စီးဖြင့် တရားမ၀င် သစ်များ သယ်ဆောင်လာသူ (၆)ဦးအနက် (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်
စကျတငျဘာ 28, 2018
By Tachileik News Agency




သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ နောင်တင့်ကျေးရွာအနီးတွင် တရားမဝင် တမလန်းသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ် (၃)စီးအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆)ဦးအနက် (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး (၅)ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

နမ့်လန်မြို့နယ် နောင်တင့်ကျေးရွာအနီးတွင် တရားမဝင်သစ်များ တင်ဆောင်သွားလာနေကြောင်း သတင်းရရှိ၍ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင် အချိန်က စောင့်ဆိုင်း စစ်ဆေးမှုများ ပြုလုပ်နေစဉ် မော်တော်ယာဉ်(၃)စီးဖြင့် တင်ဆောင်လာသည့် တမလန်းသစ်၊ ပိတောက်သစ် ဓားရွေ (ရောရာဆိုဒ်)တုံးများအား ရှာဖွေစစ်ဆေးရမိပြီး အဆိုပါ ယာဉ်(၃)စီးတွင် မောင်းနှင်လိုက်ပါလာသည့် ယာဉ်မောင်း(၂)ဦး နှင့် ယာဉ်နောက်လိုက်(၃)ဦးတို့ကို ဖမ်းဆီးကာ ကျန်ယာဉ်မောင်း(၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်မောင်း ကောဝိ၊ ဝမ်လိမ် အပါအဝင် ယာဉ်နောက်လိုက် အိုက်ကု၊ စိုင်းအယ်လ်၊ မောင်မောင်တို့အား စစ်ဆေးမှုများပြုလုပ်နေလျက်ရှိပြီး ထွက်ပြေးလွတ်မြောက်နေသည့် အိုက်မြင့်အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်းအပြင် သိမ်းဆည်းရမိသည့် သစ်များမှာ စုစုပေါင်း အလေးချိန် (၉)တန်ဝန်းကျင်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~