တာခ်ီလိတ္သို႔ အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ ထိုင္းႏိုင္ငံသား (၂)ဦးကို ျပည္ႏွင္ဒဏ္ေပးရန္ ေဆာင္ရြက္ေန

တာခ်ီလိတ္သို႔ အေထာက္အထားမဲ့ ၀င္ေရာက္လာသည့္ ထိုင္းႏိုင္ငံသား (၂)ဦးကို ျပည္ႏွင္ဒဏ္ေပးရန္ ေဆာင္ရြက္ေန
စက်တင်ဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အေထာက္အထားမဲ့ ဝင္လာသည့္ ထုိင္းနုိင္ငံသား(၂)ဦးကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔ ညေန(၆)နာရီခြဲက ဖမ္းဆီးရမိသျဖင့္ ျပည္ႏွင္ဒဏ္အမိန္႔ ေတာင္းခံထားေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏုိင္ငံသား အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးကို မိုင္းဆတ္ၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ လမ္းေလွ်ာက္လာသည္ကို ပူးေပါင္း စစ္ေဆးေရးအဖြဲ႕က စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ၿပီး ၎တို႔(၂)ဦးသည္ ထုိင္းႏုိင္ငံ၊ မယ္ဖလံုၿမိဳ႕၊ တစ္ထုိင္းရြာတြင္ ေနထုိင္သည့္ Sula Phong ႏွင့္ Buder Mo Pu Ku တို႔ျဖစ္ေၾကာင္း သိရသည္။

၎တို႔(၂)ဦးသည္ တာခ်ီလိတ္ၿမိဳ႕၊ မုိင္းဖုန္း(ခ)ေက်းရြာရိွ ဖခင္ျဖစ္သူထံ လည္ပတ္ရန္ လာေရာက္ျခင္း ျဖစ္ေၾကာင္းသိရၿပီး နယ္စပ္မွ တရားမဝင္ျဖတ္သန္း ဝင္ေရာက္ကာ လြယ္ေတာ္ခမ္းရြာမွတစ္ဆင့္ ဝင္ေရာက္လာသျဖင့္ လဝကအက္ဥပေဒပုဒ္မ ၃(၁)ကို က်ဴးလြန္ေၾကာင္း စစ္ေဆးေတြ႔ရိွရေသာ္လည္း အျခား ရာဇဝတ္မႈမ်ား က်ဴးလြန္ထားေၾကာင္း မေတြ႔ရသျဖင့္ ျပည္ႏွင္ဒဏ္ေပးႏုိင္ရန္ ျပည္ႏွင္မိန္႔ ေတာင္းခံထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္ႏွင္မိန္႔ ေတာင္းခံထားသည့္ ကာလအတြင္း စက္တင္ဘာလ (၂၂)ရက္ေန႔အထိ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းထားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အထောက်အထားမဲ့ ဝင်လာသည့် ထိုင်းနိုင်ငံသား(၂)ဦးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ ညနေ(၆)နာရီခွဲက ဖမ်းဆီးရမိသဖြင့် ပြည်နှင်ဒဏ်အမိန့် တောင်းခံထားကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးကို မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ လမ်းလျှောက်လာသည်ကို ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေး တွေ့ရှိရခြင်းဖြစ်ပြီး၎င်းတို့(၂)ဦးသည် ထိုင်းနိုင်ငံ၊ မယ်ဖလုံမြို့၊ တစ်ထိုင်းရွာတွင် နေထိုင်သည့် Sula Phong နှင့် Buder Mo Pu Ku တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့(၂)ဦးသည် တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာရှိ ဖခင်ဖြစ်သူထံ လည်ပတ်ရန် လာရောက်ခြင်း ဖြစ်ကြောင်းသိရပြီး နယ်စပ်မှ တရားမဝင်ဖြတ်သန်း ဝင်ရောက်ကာ လွယ်တော်ခမ်းရွာမှတစ်ဆင့် ဝင်ရောက်လာသဖြင့် လဝကအက်ဥပဒေပုဒ်မ ၃(၁)ကို ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသော်လည်း အခြား ရာဇဝတ်မှုများ ကျူးလွန်ထားကြောင်း မတွေ့ရသဖြင့် ပြည်နှင်ဒဏ်ပေးနိုင်ရန် ပြည်နှင်မိန့် တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နှင်မိန့် တောင်းခံထားသည့် ကာလအတွင်း စက်တင်ဘာလ (၂၂)ရက်နေ့အထိ တာချီလိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~