တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် စက်တင်ဘာလ(၂၂)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်

တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် စက်တင်ဘာလ(၂၂)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်
စကျတငျဘာ 21, 2018
By Tachileik News Agency




Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်တွင် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်ဖြစ်ကြောင်း တောင်ကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

33KV တောင်ကြီး(၂)ဓာတ်အားလိုင်းအား သန့်ရှင်းရေးနှင့်အတူ ကြံ့ခိုင်မှုစစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ရန်ရှိသည့် အတွက် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သည်။

လျှပ်စစ်မီးလုပ်ငန်းဆောင်ရွက်နေချိန်တွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် သစ်တောရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်၊ မြို့မရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ကံကြီးရပ်ကွက်၊ ဆီဆိုင်တန်း နှင့် တောင်ကြီးတက္ကသိုလ်တို့တွင် လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းအမြန်ဆုံးပြီးမြောက်ပါက အမြန်ဆုံးလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~