ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းမည်

ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းမည်
စကျတငျဘာ 1, 2018
By Tachileik News Agency

မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းတော့မည်ဖြစ်၍ ဂေါပကအဖွဲ့ဝင် လျှောက်ထားလိုသူများ အနေဖြင့် ၂၀၁၈ခုနှစ် စက်တင်ဘာ(၂၄)ရက်မှ (၂၆)ရက်နေ့အထိ မင်းဘူးမြို့ ရွှေ စက်တော်ဘုရားဂေါပက အဖွဲ့ရုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

"ဂေါပကအဖွဲ့ စည်းမျဉ်းနဲ့အညီ အသစ်ပြန်ဖွဲ့မှာဖြစ်လို့ မင်းဘူး/စကုမြို့နယ်နဲ့ ငဖဲမြို့နယ်က သတ်မှတ် အရည်အချင်းနဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်များမှာရှိတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးတွေ၊ ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့ရုံးတွေနဲ့ အများပြည်သူ သိရှိနိုင်တဲ့ နေရာတွေမှာ စက်တင်ဘာ(၂၂)ရက် နေ့အထိ ကြေငြာထားမှာဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။


ပြီးခဲ့သည့် ရွှေစက်တော်ဘုရားပွဲတော်ရာသီ မစမီနှင့် ဘုရားပွဲတော်ကာလအတွင်းက ဂေါပကအဖွဲ့၏ စီမံမှု အပေါ် မကျေနပ်သည့် ဈေးသည်များက ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ယာဉ်ရပ်နားခ ကောက်ခံသည့် စနစ်ကိုလည်း အများဆန္ဒအရ ပြန်လည်ဖျက်သိမ်းခဲ့ရပြီးနောက် ဂေါပကအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းရန် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းတော့မည်ဖြစ်၍ ဂေါပကအဖွဲ့ဝင် လျှောက်ထားလိုသူများ အနဖြေင့် ၂၀၁၈ခုနှစ် စက်တင်ဘာ(၂၄)ရက်မှ (၂၆)ရက်နေ့အထိ မင်းဘူးမြို့ ရွှေ စက်တော်ဘုရားဂေါပက အဖွဲ့ရုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

"ဂေါပကအဖွဲ့ စည်းမျဉ်းနဲ့အညီ အသစ်ပြန်ဖွဲ့မှာဖြစ်လို့ မင်းဘူး/စကုမြို့နယ်နဲ့ ငဖဲမြို့နယ်က သတ်မှတ် အရည်အချင်းနဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်များမှာရှိတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးတွေ၊ ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့ရုံးတွေနဲ့ အများပြည်သူ သိရှိနိုင်တဲ့ နေရာတွေမှာ စက်တင်ဘာ(၂၂)ရက် နေ့အထိ ကြငြောထားမှာဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မန်းရွှေစက်တော်ဘုရား ဂေါပကရွေးချယ်ရေးအဖွဲ့မှ စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရွှေစက်တော်ဘုရားပွဲတော်ရာသီ မစမီနှင့် ဘုရားပွဲတော်ကာလအတွင်းက ဂေါပကအဖွဲ့၏ စီမံမှု အပေါ် မကျေနပ်သည့် ဈေးသည်များက ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး ယာဉ်ရပ်နားခ ကောက်ခံသည့် စနစ်ကိုလည်း အများဆန္ဒအရ ပြန်လည်ဖျက်သိမ်းခဲ့ရပြီးနောက် ဂေါပကအဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းရန် ဆောင်ရွက်နကြခြေင်း ဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~