သိႏၷီၿမိဳ႕ႏွင့္ မူဆယ္ၿမိဳ႕ၾကားတြင္ ျဖတ္သန္းသြားလာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို TNLA ပါ၀င္သည့္ လက္နက္ကိုင္အဖြဲ႕(၂)ဖြဲ႕က ဆက္ေၾကး ေကာက္ခံေန

သိႏၷီၿမိဳ႕ႏွင့္ မူဆယ္ၿမိဳ႕ၾကားတြင္ ျဖတ္သန္းသြားလာသည့္ ေမာ္ေတာ္ယာဥ္မ်ားကို TNLA ပါ၀င္သည့္ လက္နက္ကိုင္အဖြဲ႕(၂)ဖြဲ႕က ဆက္ေၾကး ေကာက္ခံေန
စက်တင်ဘာ 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ သိႏၷီၿမိဳ႕ႏွင့္ မူဆယ္ၿမိဳ႕ၾကားတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၉) ရက္ေန႔ နံနက္ (၆) နာရီခန္႔က စတင္၍ လက္နက္ကိုင္အဖြဲ႕(၂)ဖြဲ႔က သိန္းနီႏွင့္ မူဆယ္အၾကား (၂)ေနရာ၌ ဆက္ေၾကးေကာက္ခံေနသည့္အတြက္ ယာဥ္အသြားအလာ ရပ္တန္႔ထားရေၾကာင္း သိရသည္။

“သိႏၷီကတၱားမွာ ေရာက္ေတာ့ အေပၚကဆင္းလာတဲ့ ဆိုင္ကယ္သမားေတြ ကားငယ္သမားေတြဆီကေန သိရတဲ့အတြက္ မူဆယ္တက္မယ့္ကားေတြ ကတၱားမွာပဲရပ္ထားရတယ္။ ကားႀကီးတစ္စီးကို တစ္ႏွစ္စာ ဆိုၿပီး တစ္သိန္းက်ပ္၊ ကားငယ္တစ္စီးကို ေျခာက္ေသာင္းက်ပ္ ေကာက္တယ္လို႔သိရတယ္။ အခုလို ေခတ္ႀကီးမွာ လမ္းမေပၚတက္ၿပီး ဆက္ေၾကးေကာက္တယ္ဆိုတာ ေတာ္ေတာ္မိုက္ရိုင္းတဲ့ လုပ္ရပ္ပါ။ စက္သံုးဆီေစ်း တက္ေနလို႔ ယာဥ္ေမာင္းေတြ အက်ပ္အတည္း ျဖစ္ေနတဲ့ကာလမွာ ခုလို ဆက္ေၾကးေကာက္တာက လူမဆန္ တဲ့လုပ္ရပ္ပါ။ ေကာက္ေနတဲ့အဖြဲ႕ေတြမွာ TNLA ဘက္တံဆိပ္လည္း ေတြ႔ရသလို KIA လည္း ေတြ႔တယ္လုိ႔ ေျပာတယ္”ဟု မႏၱေလး - မူဆယ္ ယာဥ္ေမာင္းတစ္ဦးျဖစ္သည့္ ကိုထြန္း (အမည္လႊဲ) က တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီး သိႏၷီၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕ၾကား မန္ၿပိန္းေက်းရြာအနီးတြင္ လည္းေကာင္း၊ ကြတ္ခိုင္ႏွင့္ မူဆယ္ၾကား နမ့္အြန္ေက်းရြာအနီးတြင္ လည္းေကာင္း TNLA ပါ၀င္သည့္ လက္နက္ကိုင္အဖြဲ႕(၂)ဖြဲ႕က ေငြေၾကး ေကာက္ခံေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့ သို႔ေကာက္ခံေနသည့္ အတြက္ မူဆယ္မွ အဆင္းကားမ်ား ေလ်ာ့နည္းသြားကာ နံနက္ (၈) နာရီခန္႔တြင္ နမ့္အြန္ေက်းရြာအနီး၌ လက္နက္ပစ္ခတ္သံမ်ားပါၾကားရေၾကာင္း ယာဥ္ေမာင္းအခ်ိဳ႕ထံမွ သိရသည္။

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တြင္ ေျမာက္ပိုင္းမဟာမိတ္တပ္ေပါင္းစု အဖြဲ႔ဝင္မ်ား လႈပ္ရွားရာ ေနရာျဖစ္ၿပီး ဆက္ေၾကးေကာက္ခံေနသည့္ အဖြဲ႔အမည္မ်ားကို အဆိုပါ လမ္းတြင္ ျဖတ္လာသည့္ ယာဥ္ေမာင္းမ်ား အတည္ျပဳခ်က္အရ သိရျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန္နီမြို့နှင့် မူဆယ်မြို့ကြားတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့ နံနက် (၆) နာရီခန့်က စတင်၍ လက်နက်ကိုင်အဖွဲ့(၂)ဖွဲ့က သိန်းနီနှင့် မူဆယ်အကြား (၂)နေရာ၌ ဆက်ကြေးကောက်ခံနေသည့်အတွက် ယာဉ်အသွားအလာ ရပ်တန့်ထားရကြောင်း သိရသည်။

“သိန္နီကတ္တားမှာ ရောက်တော့ အပေါ်ကဆင်းလာတဲ့ ဆိုင်ကယ်သမားတွေ ကားငယ်သမားတွေဆီကနေ သိရတဲ့အတွက် မူဆယ်တက်မယ့်ကားတွေ ကတ္တားမှာပဲရပ်ထားရတယ်။ ကားကြီးတစ်စီးကို တစ်နှစ်စာ ဆိုပြီး တစ်သိန်းကျပ်၊ ကားငယ်တစ်စီးကို ခြောက်သောင်းကျပ် ကောက်တယ်လို့သိရတယ်။ အခုလို ခေတ်ကြီးမှာ လမ်းမပေါ်တက်ပြီး ဆက်ကြေးကောက်တယ်ဆိုတာ တော်တော်မိုက်ရိုင်းတဲ့ လုပ်ရပ်ပါ။ စက်သုံးဆီဈေး တက်နေလို့ ယာဉ်မောင်းတွေ အကျပ်အတည်း ဖြစ်နေတဲ့ကာလမှာ ခုလို ဆက်ကြေးကောက်တာက လူမဆန် တဲ့လုပ်ရပ်ပါ။ ကောက်နေတဲ့အဖွဲ့တွေမှာ TNLA ဘက်တံဆိပ်လည်း တွေ့ရသလို KIA လည်း တွေ့တယ်လို့ ပြောတယ်”ဟု မန္တလေး - မူဆယ် ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုထွန်း (အမည်လွှဲ) က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီး သိန္နီမြို့နှင့် ကွတ်ခိုင်မြို့ကြား မန်ပြိန်းကျေးရွာအနီးတွင် လည်းကောင်း၊ ကွတ်ခိုင်နှင့် မူဆယ်ကြား နမ့်အွန်ကျေးရွာအနီးတွင် လည်းကောင်း TNLA ပါဝင်သည့် လက်နက်ကိုင်အဖွဲ့(၂)ဖွဲ့က ငွေကြေး ကောက်ခံနခြေင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့ သို့ကောက်ခံနေသည့် အတွက် မူဆယ်မှ အဆင်းကားများ လျော့နည်းသွားကာ နံနက် (၈) နာရီခန့်တွင် နမ့်အွန်ကျေးရွာအနီး၌ လက်နက်ပစ်ခတ်သံများပါကြားရကြောင်း ယာဉ်မောင်းအချို့ထံမှ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များ လှုပ်ရှားရာ နေရာဖြစ်ပြီး ဆက်ကြေးကောက်ခံနေသည့် အဖွဲ့အမည်များကို အဆိုပါ လမ်းတွင် ဖြတ်လာသည့် ယာဉ်မောင်းများ အတည်ပြုချက်အရ သိရခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~