မေကြးတိုင္းေဒသႀကီးအတြင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ ေျမငွားခ်ထားသည့္ ဆိုင္ခန္းမ်ား တစ္လအတြင္း ဖယ္ရွားေပးရမည္

မေကြးတိုင္းေဒသႀကီးအတြင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ ေျမငွားခ်ထားသည့္ ဆိုင္ခန္းမ်ား တစ္လအတြင္း ဖယ္ရွားေပးရမည္
စက်တင်ဘာ 28, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးအတြင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ေျမငွားခ်ထားသည့္ ဆိုင္ခန္းေပါင္း (၈၉)ခန္းကို တစ္လအတြင္း ဖယ္ရွားေပးရန္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ (၂၆)ရက္ေန႔က အသိေပး အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္း မေကြးတိုင္းေဒသႀကီး လမ္းတံတားဦးစီးဌာနမွ သိရသည္။

“ျပည္ေထာင္စုအဆင့္က ညႊန္ၾကားခ်က္အတိုင္း ေဆာင္ရြက္တာပါ။ ေျမငွားထားသူေတြကို တစ္ လ ႀကိဳတင္ အသိေပးရမယ္ဆိုတဲ့ စာခ်ဳပ္ပါ စည္းကမ္းခ်က္အတိုင္း အသိေပးၿပီး သက္ဆိုင္ရာ အထက္ အဆင့္ကို ဆက္လက္ တင္ျပသြားမွာပါ။ ၿပီးရင္ အထက္က ညႊန္ၾကားခ်က္ အေပၚမူတည္ၿပီး ဆက္လက္ ေဆာင္ရြက္သြားမွာပါ”ဟု မေကြးတိုင္းေဒသႀကီး လမ္း၊တံတားဦးစီး ဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးရဲထြဋ္က  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆိုင္ခန္းမ်ား စတင္ငွားရမ္းခဲ့စဥ္က ေျမကိုသာ အငွားခ်ထားျခင္းျဖစ္ရာ မေကြးခရိုင္တြင္ ဆိုင္ခန္းေပါင္း (၈၀)၊ ဂန္႔ေဂါခရိုင္တြင္ ဆိုင္ခန္း(၉)ခန္း ရိွၿပီး တိုင္းေဒသႀကီးအတြင္းရိွၿမိဳ႕နယ္မ်ားအလိုက္၊ ေနရာအလိုက္ တစ္ေပပတ္လည္လွ်င္ က်ပ္(၆၀)၊ က်ပ္(၈၀)၊ က်ပ္(၁၀၀) ႏွဳန္းထားျဖင့္ ငွားရမ္းထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြေငှါးချထားသည့် ဆိုင်ခန်းပေါင်း (၈၉)ခန်းကို တစ်လအတွင်း ဖယ်ရှားပေးရန် ၂၀၁၈ ခုနှစ် စက်တင်ဘာ (၂၆)ရက်နေ့က အသိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း မကွေးတိုင်းဒေသကြီး လမ်းတံတားဦးစီးဌာနမှ သိရသည်။

“ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာပါ။ မြေငှါးထားသူတွေကို တစ် လ ကြိုတင် အသိပေးရမယ်ဆိုတဲ့ စာချုပ်ပါ စည်းကမ်းချက်အတိုင်း အသိပေးပြီး သက်ဆိုင်ရာ အထက် အဆင့်ကို ဆက်လက် တင်ပြသွားမှာပါ။ ပြီးရင် အထက်က ညွှန်ကြားချက် အပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု မကွေးတိုင်းဒေသကြီး လမ်း၊တံတားဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ခန်းများ စတင်ငှါးရမ်းခဲ့စဉ်က မြေကိုသာ အငှါးချထားခြင်းဖြစ်ရာ မကွေးခရိုင်တွင် ဆိုင်ခန်းပေါင်း (၈၀)၊ ဂန့်ဂေါခရိုင်တွင် ဆိုင်ခန်း(၉)ခန်း ရှိပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအလိုက်၊ နေရာအလိုက် တစ်ပေပတ်လည်လျှင် ကျပ်(၆၀)၊ ကျပ်(၈၀)၊ ကျပ်(၁၀၀) နှုန်းထားဖြင့် ငှါးရမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~