တိပိဋက စက္ခုပါလအဖွဲ့မှ (၂၉)ကြိမ်မြောက်အဖြစ် လားရှိုးမြို့တွင် (၃,၃၅၀)ဦးအား မျက်စိစမ်းသပ်ပေးကာ (၂၄၈)ဦးအား အခမဲ့ ခွဲစိပ် ကုသပေး

တိပိဋက စက္ခုပါလအဖွဲ့မှ (၂၉)ကြိမ်မြောက်အဖြစ် လားရှိုးမြို့တွင် (၃,၃၅၀)ဦးအား မျက်စိစမ်းသပ်ပေးကာ (၂၄၈)ဦးအား အခမဲ့ ခွဲစိပ် ကုသပေး
စကျတငျဘာ 23, 2018
By Tachileik News Agency


လားရှိုးမြို့နယ်အတွင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်မှု နှင့်အတူ ကုသမှုများအဖြစ် စက်တင်ဘာ လ(၂၀)ရက်နေ့က စတင်လက်ခံခဲ့ပြီး စက်တင်ဘာလ (၂၁)နှင့်(၂၂)ရက်နေ့များတွင် ကုသမှု ပေးခဲ့ကြောင်းနှင့် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအချိန်အထိ ရပ်ဝေးမှ လာရောက် စာရင်းပေးသွင်းထားသူများကို လက်ခံ စမ်းသပ်ကုသပေးနေကြောင်း သိရသည်။


တိပိဋက စက္ခုပါလအဖွဲ့မှ မျက်စိအလင်းလှူပွဲ ( မျက်စိ အခမဲ့ စမ်းသပ်မှု၊ ကုသမှု) အခမဲ့ အစီအစဉ်အား ပထမဆုံး အနေဖြင့် ၂၀၁၁ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ခဲ့ခြင်း ဖြစ်ရာ (၂၉)ကြိမ်မြောက်ဖြစ်သည့်  ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့တွင် စမ်းသပ်လူနာ စုစုပေါင်း (၆၂၁၇၉)ဦး နှင့် ခွဲစိပ်လူနာ (၇၈၉၀)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တိပိဋက စက္ခုပါလအဖွဲ့၏ (၂၉)ကြိမ်မြောက် မျက်စိအလင်းလှူပွဲ (မျက်စိ အခမဲ့ စမ်းသပ်မှု၊ ကုသမှု )အား ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က စတင်ရာ စက်တင်ဘာလ(၂၃)ရက်နေ့အထိ မျက်စိစမ်းသပ်မှု ခံယူသူ (၃,၃၅၀)ဦးရှိပြီး ခွဲစိပ်မှု နှင့် ကုသမှု ခံယူသူမှာ (၂၄၈)ဦး ရှိကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းမှ မျက်စေိဝဒနာရှင်များအား အခမဲ့စမ်းသပ်မှု နှင့်အတူ ကုသမှုများအဖြစ် စက်တင်ဘာ လ(၂၀)ရက်နေ့က စတင်လက်ခံခဲ့ပြီး စက်တင်ဘာလ (၂၁)နှင့်(၂၂)ရက်နေ့များတွင် ကုသမှု ပေးခဲ့ကြောင်းနှင့် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအချိန်အထိ ရပေ်ဝးမှ လာရောက် စာရင်းပေးသွင်းထားသူများကို လက်ခံ စမ်းသပ်ကုသပေးနေကြောင်း သိရသည်။

မျက်စိ စမ်းသပ်၊ ကုသမှုများအတွက် တိပိဋက စက္ခုပါလအဖွဲ့ အကျိုးတော်ဆောင် (၁၁)ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရခိုင်ဆရာတော် အရှင်ဣန္ဒပါလ နှင့် မျက်စိပညာရှင် အကျိုးတော်ဆောင် ပါမောက္ခ ဒေါက်တာ အေးထွန်းတို့နှင့်အတူ မျက်စိအထူးကု ဆရာဝန်ကြီး (၁၀)ဦးတို့မှ လာရောက်၍ အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ရာ လားရှိုးမြို့နယ် အတွင်းရှိ စေတနာရှင် အလှူရှင်များ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ လူမှုကူညီရေးအသင်း အဖွဲ့များက လုပ်အားဒါန၊ အဟာရဒါနများဖြင့် ပါဝင်ကူညီခဲ့ကြကြောင်း သိသည်။

တိပိဋက စက္ခုပါလအဖွဲ့မှ မျက်စိအလင်းလှူပွဲ ( မျက်စိ အခမဲ့ စမ်းသပ်မှု၊ ကုသမှု) အခမဲ့ အစီအစဉ်အား ပထမဆုံး အနဖြေင့် ၂၀၁၁ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ခဲ့ခြင်း ဖြစ်ရာ (၂၉)ကြိမ်မြောက်ဖြစ်သည့် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့တွင် စမ်းသပ်လူနာ စုစုပေါင်း (၆၂၁၇၉)ဦး နှင့် ခွဲစိပ်လူနာ (၇၈၉၀)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~