က်ဳိင္းတံု ႏွင့္ ဖေယာင္း ေဒသထြက္ကုန္ျပသ ေရာင္းခ်ပြဲ က်ဳိင္းတံုတြင္ စက္တင္ဘာလ(၁၁)ရက္ေန႔ အထိ ျပဳလုပ္

က်ဳိင္းတံု ႏွင့္ ဖေယာင္း ေဒသထြက္ကုန္ျပသ ေရာင္းခ်ပြဲ က်ဳိင္းတံုတြင္ စက္တင္ဘာလ(၁၁)ရက္ေန႔ အထိ ျပဳလုပ္
စက်တင်ဘာ 9, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံ(ေတာင္ပိုင္း) ဖေယာင္းခရိုင္အတြင္း ႏွင့္ ျမန္မာႏိုင္ငံ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုခရိုင္ အတြင္းတို႔မွ ေဒသထြက္ ကုန္စည္ျပပြဲ ႏွင့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး ေစ်းေရာင္းပြဲေတာ္ အျဖစ္ က်ဳိင္းတံုၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခမ္းမတြင္ ၂၀၁၈ခုႏွစ္ စတင္ဘာလ(၈)ရက္ေန႔က စတင္ကာ ဆိုင္ခန္းေပါင္း (၅၀)ျဖင့္ ျပသ ေရာင္းခ်ေနေၾကာင္း သိရသည္။

အဆိုပါ ေစ်းေရာင္းပြဲေတာ္အား ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၈)ရက္ေန႔မွ စက္တင္ဘာလ(၁၁)ရက္ေန႔အထိ သတ္မွတ္ထားၿပီး ေန႕စဥ္ မနက္(၉)နာရီမွ ည(၉)နာရီအထိ ထိုင္းႏိုင္ငံ ဖေယာင္းခရိုင္မွ ဆိုင္ေပါင္း(၄၇)ဆိုင္ျဖင့္ ေဒသထြက္ စားေသာက္ကုန္မ်ား၊ အလွကုန္ပစၥည္းမ်ား၊ ရိုးရာ အ၀တ္အထည္မ်ား၊ အိမ္တြင္းအလွဆင္ပစၥည္းမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို ေရာင္းခ်ေပးလွ်က္ရွိေၾကာင္း ႏွင့္ က်ိဳင္းတုံျမိဳ႕ရိွ ေဒသခံလ ုပ္ငန္းရွင္မ်ားမွ ဆိုင္ခန္း(၃)ဆိုင္ျဖင့္ ရွမ္းရိုးရာအထည္၊ အာခါရိုးရာအထည္ႏွင့္ လက္မႈ ပစၥည္းမ်ားကို ေရာင္းခ်ေပးလွ်က္ရိွေၾကာင္း သိရသည္။

"ကၽြန္ေတာ္က ဒီပြဲမွာ ေဒသထြက္ စားေသာက္ကုန္ေတြကိုပါ ဆိုင္ခန္းဖြင့္ျပီး ေရာင္းေစခ်င္ေပမဲ့ အခ်ိန္တအားကပ္သြားတာရယ္၊ ျပီးခဲ့တဲ့ ဇြန္လက ဖြဲ႕ထားတဲ့ အေသးစား စားေသာက္ကုန္ထုတ္လုပ္မႈ လုပ္ငန္းရွင္မ်ားအသင္းက လုပ္ငန္းေဆာင္ရြက္တဲ့ေနရာမွာ လိုအပ္ခ်က္ေလးေတြ ရိွေနေသးတာေၾကာင့္ ကၽြန္ေတာ္တို႕ဘက္က ဆိုင္ေတြမ်ားမ်ား မပါလိုက္ႏိုင္ဘူး"ဟု က်ိဳင္းတုံခရိုင္စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံရိွ စီးပြားေရးလုပ္ငန္းရွင္မ်ားက က်ဳိင္းတုံၿမိဳ႕တြင္ ယခုကဲ့သို႔ ေဒသထြက္ကုန္ျပပြဲႏွင့္ ခ်စ္ၾကည္ေရး ေစ်းေရာင္းပြဲမ်ားကို မၾကာခဏ လာေရာက္ ျပဳလုပ္ကာ ေရာင္းခ်လွ်က္ရိွေသာ္လည္း ျမန္မာဘက္မွ ထိုင္းႏိုင္ငံဘက္တြင္မူ ယခုကဲ့သို႔ ေစ်းေရာင္းပြဲမ်ားကို တစ္ခါတစ္ရံ၌သာ သြားေရာက္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ(တောင်ပိုင်း) ဖယောင်းခရိုင်အတွင်း နှင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် အတွင်းတို့မှ ဒေသထွက် ကုန်စည်ပြပွဲ နှင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး ဈေးရောင်းပွဲတော် အဖြစ် ကျိုင်းတုံမြို့ရှိ မြို့တော်ခမ်းမတွင် ၂၀၁၈ခုနှစ် စတင်ဘာလ(၈)ရက်နေ့က စတင်ကာ ဆိုင်ခန်းပေါင်း (၅၀)ဖြင့် ပြသ ရောင်းချနေကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်အား ၂၀၁၈ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့မှ စက်တင်ဘာလ(၁၁)ရက်နေ့အထိ သတ်မှတ်ထားပြီး နေ့စဉ် မနက်(၉)နာရီမှ ည(၉)နာရီအထိ ထိုင်းနိုင်ငံ ဖယောင်းခရိုင်မှ ဆိုင်ပေါင်း(၄၇)ဆိုင်ဖြင့် ဒေသထွက် စားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများ၊ ရိုးရာ အဝတ်အထည်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ရောင်းချပေးလျှက်ရှိကြောင်း နှင့် ကျိုင်းတုံမြို့ရှိ ဒေသခံလုပ်ငန်းရှင်များမှ ဆိုင်ခန်း(၃)ဆိုင်ဖြင့် ရှမ်းရိုးရာအထည်၊ အာခါရိုးရာအထည်နှင့် လက်မှု ပစ္စည်းများကို ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

"ကျွန်တော်က ဒီပွဲမှာ ဒေသထွက် စားသောက်ကုန်တွေကိုပါ ဆိုင်ခန်းဖွင့်ပြီး ရောင်းစေချင်ပေမဲ့ အချိန်တအားကပ်သွားတာရယ်၊ ပြီးခဲ့တဲ့ ဇွန်လက ဖွဲ့ထားတဲ့ အသေးစား စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များအသင်းက လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်လေးတွေ ရှိနေသေးတာကြောင့် ကျွန်တော်တို့ဘက်က ဆိုင်တွေများများ မပါလိုက်နိုင်ဘူး"ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များက ကျိုင်းတုံမြို့တွင် ယခုကဲ့သို့ ဒေသထွက်ကုန်ပြပွဲနှင့် ချစ်ကြည်ရေး ဈေးရောင်းပွဲများကို မကြာခဏ လာရောက် ပြုလုပ်ကာ ရောင်းချလျှက်ရှိသော်လည်း မြန်မာဘက်မှ ထိုင်းနိုင်ငံဘက်တွင်မူ ယခုကဲ့သို့ ဈေးရောင်းပွဲများကို တစ်ခါတစ်ရံ၌သာ သွားရောက် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~