လြိဳင္ေကာ္ၿမိဳ႕၌ သာသနာ့ပိုင္ေျမ အတြင္း က်ဴးေက်ာ္ေနသူမ်ားကို ဖယ္ရွားခိုင္းသည့္ ကိစၥႏွင့္ ပတ္သက္၍ ဆႏၵေဖာ္ထုတ္ရာတြင္ ခြင့္ျပဳခ်က္ထက္ ေက်ာ္လြန္သည္ဟုဆိုကာ ဦးေဆာင္ပါ၀င္သူ (၄)ဦးကို တရားစြဲဆို

လြိဳင္ေကာ္ၿမိဳ႕၌ သာသနာ့ပိုင္ေျမ အတြင္း က်ဴးေက်ာ္ေနသူမ်ားကို ဖယ္ရွားခိုင္းသည့္ ကိစၥႏွင့္ ပတ္သက္၍ ဆႏၵေဖာ္ထုတ္ရာတြင္ ခြင့္ျပဳခ်က္ထက္ ေက်ာ္လြန္သည္ဟုဆိုကာ ဦးေဆာင္ပါ၀င္သူ (၄)ဦးကို တရားစြဲဆို
စက်တင်ဘာ 29, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ နမ့္ေဘာ္ဝမ္ရွမ္း(က) ရပ္ကြက္ရိွ ေနအိမ္ (၁၅၀)ေက်ာ္အား သာသနာ့ပိုင္ေျမ အတြင္း က်ဴးေက်ာ္ေနသူမ်ားကို ဖယ္ရွားခိုင္းသည့္ အေပၚ ျပည္နယ္အစိုးရ အေနျဖင့္ ေျဖရွင္းေပးရန္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၃) ရက္ေန႔က ဆႏၵေဖာ္ထုတ္ရာတြင္ ခြင့္ျပဳခ်က္ထက္ ေက်ာ္လြန္ လုပ္ေဆာင္သျဖင့္ ဦးေဆာင္ပါဝင္သူ (၄)ဦးကို တရားစြဲဆိုလိုက္ေၾကာင္း သိရသည္။

ဆႏၵေဖာ္ထုတ္ရန္ ခြင့္ျပဳခ်က္ တင္စဥ္က မပါဝင္သည့္ အေၾကာင္းအရာမ်ားျဖင့္ ဆႏၵေဖာ္ထုတ္ခဲ့သျဖင့္ ဦးေဆာင္ခဲ့သူ (၄) ဦးျဖစ္သည့္ ခူးၾကဴးဖဲေကး၊ ခူးကေလာရယ္၊ ဦးေအာင္ႏိုင္ဝင္းႏွင့္ ဦးေက်ာ္မင္းဦးတို႔ကို ၿငိမ္းစုစီပုဒ္မ (၂၀) ျဖင့္ စက္တင္ဘာလ  (၂၈) ရက္ေန႔တြင္ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္း၌ စတင္စစ္ခ်က္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ကို ရဲစခန္းမွာ ခံဝန္လာထိုးခိုင္းတယ္။ ထိုးခိုင္းတဲ့ခ်ိန္မွာ တရား႐ုံးကိုလာေရာက္ျခင္းမ႐ွိရင္ ဒဏ္ေငြ ဆယ္သိန္းေပးေဆာင္ရမယ္ဆိုတာကို ျပန္ညိႇႏိႈင္းေတာ့ အဲဒီဒဏ္ေၾကးကိုေတာ့ ျပန္ပယ္ဖ်က္ လိုက္တယ္"ဟု တရားစြဲဆိုခံရသည့္ ဦးေအာင္ႏုိင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆႏၵေဖာ္ထုတ္သူမ်ားမွ ပုဒ္မ (၁၈၈)ကို ဖ်က္သိမ္းေပးရန္၊ ေနထိုင္သူမ်ားကို တရားဝင္ ေျမဂရန္ထုတ္ေပးရန္ႏွင့္ အေရာင္းအဝယ္ျဖစ္ေသာေျမအျဖစ္ တရားဝင္လႊဲေပးရန္၊ နမ့္ေဘာ္ဝမ္ ရပ္ကြက္ထဲမွ တရားဝင္ရပ္ကြက္တစ္ခု အျဖစ္ေပးရန္ စသည့္အခ်က္မ်ားကို  ေတာင္းဆိုခဲ့ၾကၿပီး က်ဴးအျဖစ္သတ္မွတ္ထားျခင္းအေပၚ အစိုးရမွတရားဝင္ေျဖ႐ွင္းေပးရန္ ေတာင္းဆိုခဲ့ၾကျခင္း ျဖစ္သည္။

"အဖိႏွိပ္ခံျပည္သူမ်ား ေျပာင္းဖူး သပိတ္ဆိုတဲ့ ဆိုင္းပုဒ္ကိုင္တယ္။ ၿပီးေတာ့ အေမ ေဒၚေအာင္ဆန္းစုၾကည္ပုံကို ကိုင္ခဲ့တာက ႏိုင္ငံေတာ္အတိုင္ပင္ခံလည္း ျဖစ္တယ္။ ကြၽန္ေတာ္တို႔ ျပည္သူေတြကို ကိုယ္စားျပဳတဲ့ ပုဂၢိဳလ္ျဖစ္လို႔ အားကိုးတႀကီးနဲ႔ ကြၽန္ေတာ္တို႔က ကိုင္တာပါ။ ဘာအေၾကာင္းမွ မရည္ရြယ္ပါဘူး။ သက္ဆိုင္ရာ လူႀကီးေတြျဖဳတ္ေပးေျပာလို႔ အဲဒီေန႔က ျဖဳတ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ အခု တရားစြဲခံရတာပဲေပါ့။ ကြၽန္ေတာ္တို႔က အေမစုကုိ အားကိုးတယ္ ယုံၾကည္တယ္။ ကြၽန္ေတာ္တို႔ရဲ႕ အခက္အခဲကိုေျဖ႐ွင္းေပးႏိုင္မယ္လို႔ ယုံၾကည္ထားတယ္။ တစ္ႏိုင္ငံလုံးလည္း ယုံၾကည္တာပဲ။ အဲဒီလိုအားကိုးလို႔ အေမစုပုံကိုင္တာပါ။ ဒါေပမဲ့ အဲဒီလိုကိုင္ခြင့္မရိွဘူး။ တားျမစ္တယ္။ တရားစြဲခံရတဲ့ အေပၚမွာေတာ့ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္မိပါတယ္ " ဟု တရားစြဲဆိုခံရသူ ဦးေက်ာ္မင္း ဦးက ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕ ၊ နမ့္ေဘာ္ဝမ္း (က)ရပ္ကြက္ အုပ္စု (၉) ႐ွိ ေနအိမ္ (၁၅၀)ေက်ာ္ႏွင့္ ၿခံမ်ားမွာ သာသနာ့ေျမအတြင္း ေရာက္႐ွိေနသည္ဟုဆိုကာ ၂၀၁၆ ခုႏွစ္မွစ၍ က်ဴးအျဖစ္သတ္မွတ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ အဆိုပါေနအိမ္ ၿခံမ်ားအား မိုးတြင္းကာလ ၿပီးဆုံးပါက အၿပီးေရႊ႕ေျပာင္း ေပးခိုင္းထားျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရှမ်း(က) ရပ်ကွက်ရှိ နေအိမ် (၁၅၀)ကျော်အား သာသနာ့ပိုင်မြေ အတွင်း ကျူးကျော်နေသူများကို ဖယ်ရှားခိုင်းသည့် အပေါ် ပြည်နယ်အစိုးရ အနဖြေင့် ဖြေရှင်းပေးရန် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့က ဆန္ဒဖော်ထုတ်ရာတွင် ခွင့်ပြုချက်ထက် ကျော်လွန် လုပ်ဆောင်သဖြင့် ဦးဆောင်ပါဝင်သူ (၄)ဦးကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တင်စဉ်က မပါဝင်သည့် အကြောင်းအရာများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးဆောင်ခဲ့သူ (၄) ဦးဖြစ်သည့် ခူးကြူးဖဲကေး၊ ခူးကလောရယ်၊ ဦးအောင်နိုင်ဝင်းနှင့် ဦးကျော်မင်းဦးတို့ကို ငြိမ်းစုစီပုဒ်မ (၂၀) ဖြင့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် လွိုင်ကော်မြို့မရဲစခန်း၌ စတင်စစ်ချက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ရဲစခန်းမှာ ခံဝန်လာထိုးခိုင်းတယ်။ ထိုးခိုင်းတဲ့ချိန်မှာ တရားရုံးကိုလာရောက်ခြင်းမရှိရင် ဒဏ်ငွေ ဆယ်သိန်းပေးဆောင်ရမယ်ဆိုတာကို ပြန်ညှိနှိုင်းတော့ အဲဒီဒဏ်ကြေးကိုတော့ ပြန်ပယ်ဖျက် လိုက်တယ်"ဟု တရားစွဲဆိုခံရသည့် ဦးအောင်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန္ဒဖော်ထုတ်သူများမှ ပုဒ်မ (၁၈၈)ကို ဖျက်သိမ်းပေးရန်၊ နေထိုင်သူများကို တရားဝင် မြေဂရန်ထုတ်ပေးရန်နှင့် အရောင်းအဝယ်ဖြစ်သောမြေအဖြစ် တရားဝင်လွှဲပေးရန်၊ နမ့်ဘော်ဝမ် ရပ်ကွက်ထဲမှ တရားဝင်ရပ်ကွက်တစ်ခု အဖြစ်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြပြီး ကျူးအဖြစ်သတ်မှတ်ထားခြင်းအပေါ် အစိုးရမှတရားဝင်ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"အဖိနှိပ်ခံပြည်သူများ ပြောင်းဖူး သပိတ်ဆိုတဲ့ ဆိုင်းပုဒ်ကိုင်တယ်။ ပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ပုံကို ကိုင်ခဲ့တာက နိုင်ငံတော်အတိုင်ပင်ခံလည်း ဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အားကိုးတကြီးနဲ့ ကျွန်တော်တို့က ကိုင်တာပါ။ ဘာအကြောင်းမှ မရည်ရွယ်ပါဘူး။ သက်ဆိုင်ရာ လူကြီးတွဖြေုတ်ပေးပြောလို့ အဲဒီနေ့က ဖြုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခု တရားစွဲခံရတာပဲပေါ့။ ကျွန်တော်တို့က အမေစုကို အားကိုးတယ် ယုံကြည်တယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲကိုဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ထားတယ်။ တစ်နိုင်ငံလုံးလည်း ယုံကြည်တာပဲ။ အဲဒီလိုအားကိုးလို့ အမေစုပုံကိုင်တာပါ။ ဒါပေမဲ့ အဲဒီလိုကိုင်ခွင့်မရှိဘူး။ တားမြစ်တယ်။ တရားစွဲခံရတဲ့ အပေါ်မှာတော့ တော်တော် စိတ်မကောင်းဖြစ်မိပါတယ် " ဟု တရားစွဲဆိုခံရသူ ဦးကျော်မင်း ဦးက ပြောသည်။

လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်း (က)ရပ်ကွက် အုပ်စု (၉) ရှိ နေအိမ် (၁၅၀)ကျော်နှင့် ခြံများမှာ သာသနာ့မြေအတွင်း ရောက်ရှိနေသည်ဟုဆိုကာ ၂၀၁၆ ခုနှစ်မှစ၍ ကျူးအဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဆိုပါနေအိမ် ခြံများအား မိုးတွင်းကာလ ပြီးဆုံးပါက အပြီးရွှေ့ပြောင်း ပေးခိုင်းထားခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~