တာခ်ီလိတ္ခရိုင္အတြင္းရွိ ရဲတပ္ဖြဲ႔၀င္မ်ားမွ (၅၄)ႀကိမ္ေျမာက္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ေန႔ အႀကိဳ အထိမ္းအမွတ္အျဖစ္ စုေပါင္း ေသြးလွဴဒါန္း

တာခ်ီလိတ္ခရိုင္အတြင္းရွိ ရဲတပ္ဖြဲ႔၀င္မ်ားမွ (၅၄)ႀကိမ္ေျမာက္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ေန႔ အႀကိဳ အထိမ္းအမွတ္အျဖစ္ စုေပါင္း ေသြးလွဴဒါန္း
စက်တင်ဘာ 6, 2018
By Tachileik News Agency

(၅၄)ႀကိမ္ေျမာက္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ေန႔ အႀကိဳ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ရွိ  ခုတင္(၁၀၀)ေဆးရံုႀကီးတြင္ ရဲတပ္ဖြဲ႕မ်ား စုေပါင္းၿပီး ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၆)ရက္ေန႔က ေသြးလွဴဒါန္းၾကသည္။

“ကၽြန္ေတာ္တုိ႔ ေဆးရံုမွာက ထိခုိက္ဒဏ္ရာ ရမႈလူနာေတြ မ်ားတတ္ေတာ့ အေရးေပၚ ေသြး လိုအပ္မႈေတြလည္း ရိွတယ္။ အခုလို တပ္ဖြဲ႕ေတြ စုေပါင္းေသြးလွဴဒါန္းတာေတြေၾကာင့္ အမ်ားႀကီး အေထာက္အကူ ျဖစ္ပါတယ္။ လူမႈကူညီေရးအဖြဲ႕ေတြ၊ တစ္ျခား ေသြးလွဴဒါန္းသူေတြလည္း လာေရာက္ လွဴဒါန္းတာေတြရိွပါတယ္။ ဒီၾကားထဲမွာ အေရးေပၚလိုအပ္တယ္ဆိုရင္လည္း ကၽြန္ေတာ္တုိ႔ေတြ ေၾကျငာၿပီး ေသြးအလွဴရွင္ ဖိတ္ေခၚရပါတယ္”ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာ ေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္ အတြင္းရိွ ရဲတပ္ဖြဲ႕ေပါင္းစံုမွ အရာရိွ၊ အရာခံ၊ တပ္ဖြဲ႕ဝင္ စုစုေပါင္း (၃၇) ဦးက စုေပါင္း ေသြးလွဴဒါန္းခဲ့ၾကျခင္း ျဖစ္သည္။

“ကြ်န္ေတာ္ ဒီတာခ်ီလိတ္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ကာလမွာ စုစုေပါင္း ေသြးလွဴတာ (၉)ႀကိမ္ရိွသြားၿပီ။ ကၽြန္ေတာ္တို႔ အေနနဲ႔ လူထုကို တတ္ႏုိင္တဲ့ကူညီမႈကို လုပ္ေဆာင္ေပးခ်င္တာပါ။ ဒီလိုပဲ လူနာက ေသြးအေရးေပၚ လိုေနလို႔ပါဆိုရင္ သြားလွဴေပးလုိက္တာမ်ိဳးလည္း လုပ္ျဖစ္ပါတယ္”ဟု ေသြးလွဴဒါန္းသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

အဆိုပါ စုေပါင္းေသြးလွဴဒါန္းရာသို႔ ေရေၾကာင္း ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ရဲဝင့္ေနာင္၊ ခရိုင္ရဲတပ္ဖြဲ႕မွ ဒုခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး အုန္းလြင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး သန္းႏု၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴး ရင္ရင္ေအး၊ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲမွဴး မ်ိဳးမင္းလိႈင္၊ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မ်ိဳးခုိင္၊ ေလေၾကာင္း ရဲတပ္ဖြဲ႕မွ ဒုရဲမွဳး ေစာဘလက္ဇက္၊ သတင္းရဲတပ္ဖြဲ႕စု(၄၄၉)တာခ်ီလိတ္မွ တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေက်ာ္သူ၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(၁၁၇)တာခ်ီလိတ္ခရိုင္မွ ဒုရဲမွဴး ေဇာ္မင္းသိန္း၊ မႈခင္းတပ္ဖြဲ႕မွ ရဲအုပ္ ေလးကိုကို၊ ျပည္နယ္(မႈ/ကူ)မွ ဒုရဲအုပ္ေဝလင္းထြန္း၊ ကမၻာ့လွည့္ခရီးသြားရဲတပ္ဖြဲ႕မွ ရဲအုပ္စိုးႏိုင္ ႏွင့္ အရာရိွ၊ အျခားအဆင့္ တပ္ဖြဲ႕ဝင္မ်ား ပါဝင္လွဴဒါန္းၾကျခင္းျဖစ္သည္။

(၅၄)ႀကိမ္ေျမာက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔ အႀကိဳအထိမ္းအမွတ္ အျဖစ္ ရဲတပ္ဖြဲ႕မ်ား စုေပါင္း ေသြးလွဴဒါန္းျခင္း အျပင္ စက္တင္ဘာလ (၅)ရက္ေန႔ကလည္း တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္ရိွ ဘိုးဘြားရိပ္သာတြင္ ရဲတပ္ဖြဲ႕ေပါင္းစံုစုေပါင္းသန္႔ရွင္းေရး ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အကြို အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ ခုတင်(၁၀၀)ဆေးရုံကြီးတွင် ရဲတပ်ဖွဲ့များ စုပေါင်းပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့က သွေးလှူဒါန်းကြသည်။

“ကျွန်တော်တို့ ဆေးရုံမှာက ထိခိုက်ဒဏ်ရာ ရမှုလူနာတွေ များတတ်တော့ အရေးပေါ် သွေး လိုအပ်မှုတွေလည်း ရှိတယ်။ အခုလို တပ်ဖွဲ့တွေ စုပေါင်းသွေးလှူဒါန်းတာတွေကြောင့် အများကြီး အထောက်အကူ ဖြစ်ပါတယ်။ လူမှုကူညီရေးအဖွဲ့တွေ၊ တစ်ခြား သွေးလှူဒါန်းသူတွေလည်း လာရောက် လှူဒါန်းတာတွေရှိပါတယ်။ ဒီကြားထဲမှာ အရေးပေါ်လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့တွေ ကြငြောပြီး သွေးအလှူရှင် ဖိတ်ခေါ်ရပါတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ပေါင်းစုံမှ အရာရှိ၊ အရာခံ၊ တပ်ဖွဲ့ဝင် စုစုပေါင်း (၃၇) ဦးက စုပေါင်း သွေးလှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော် ဒီတာချီလိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ စုစုပေါင်း သွေးလှူတာ (၉)ကြိမ်ရှိသွားပြီ။ ကျွန်တော်တို့ အနေနဲ့ လူထုကို တတ်နိုင်တဲ့ကူညီမှုကို လုပ်ဆောင်ပေးချင်တာပါ။ ဒီလိုပဲ လူနာက သွေးအရေးပေါ် လိုနေလို့ပါဆိုရင် သွားလှူပေးလိုက်တာမျိုးလည်း လုပ်ဖြစ်ပါတယ်”ဟု သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းရာသို့ ရေကြောင်း ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲဝင့်နောင်၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲမှူး မျိုးမင်းလှိုင်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မျိုးခိုင်၊ လေကြောင်း ရဲတပ်ဖွဲ့မှ ဒုရဲမှုး စောဘလက်ဇက်၊ သတင်းရဲတပ်ဖွဲ့စု(၄၄၉)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်သူ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၁၇)တာချီလိတ်ခရိုင်မှ ဒုရဲမှူး ဇော်မင်းသိန်း၊ မှုခင်းတပ်ဖွဲ့မှ ရဲအုပ် လေးကိုကို၊ ပြည်နယ်(မှု/ကူ)မှ ဒုရဲအုပ်ဝေလင်းထွန်း၊ ကမ္ဘာ့လှည့်ခရီးသွားရဲတပ်ဖွဲ့မှ ရဲအုပ်စိုးနိုင် နှင့် အရာရှိ၊ အခြားအဆင့် တပ်ဖွဲ့ဝင်များ ပါဝင်လှူဒါန်းကြခြင်းဖြစ်သည်။

(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အကြိုအထိမ်းအမှတ် အဖြစ် ရဲတပ်ဖွဲ့များ စုပေါင်း သွေးလှူဒါန်းခြင်း အပြင် စက်တင်ဘာလ (၅)ရက်နေ့ကလည်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် ရဲတပ်ဖွဲ့ပေါင်းစုံစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~