တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား(၁)တြင္ ျဖတ္သန္းသြားလာေနသည့္ ယာဥ္အိုယာဥ္ေဟာင္း (၁၀)စီးအား စက္တင္ဘာလက စ၍ ဖမ္းဆီး အေရးထား

တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား(၁)တြင္ ျဖတ္သန္းသြားလာေနသည့္ ယာဥ္အိုယာဥ္ေဟာင္း (၁၀)စီးအား စက္တင္ဘာလက စ၍ ဖမ္းဆီး အေရးထား
စက်တင်ဘာ 8, 2018
By Tachileik News Agency
ထုိင္းႏုိင္ငံနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁) တြင္ ျဖတ္သန္းသြားလာေနသည့္ ယာဥ္အိုယာဥ္ေဟာင္းမ်ားအား ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလဆန္းမွ စတင္၍ ဖမ္းဆီးေနရာ စက္တင္ဘာလ (၈)ရက္ေန႔အထိ ယာဥ္အစီးေရ(၁၀)စီး ဖမ္းဆီးထားၿပီးျဖစ္ေၾကာင္း သိရသည္။

အဆုိပါ တံတားမွာ လူအဝင္အထြက္ႏွင့္ နယ္စပ္ၿမိဳ႕တြင္ ေနထုိင္သူမ်ားကို ခြင့္ျပဳထားသည့္ တစ္ပိုင္တစ္ႏုိင္ ကုန္သြယ္ေရး အတြက္ ကုန္စည္သယ္ေဆာင္ရာတြင္ အသံုးျပဳခြင့္ေပးထားျခင္းျဖစ္ရာ ထုိင္းႏုိင္ငံ လုိင္စင္ နံပါတ္တပ္ဆင္ထားသည့္ ေမာ္ေတာ္ယာဥ္ေဟာင္းမ်ားျဖင့္ ကုန္စည္သယ္ပို႔ျခင္းမ်ားကို လုပ္ေဆာင္ေနသျဖင့္ အဆိုပါ ယာဥ္အိုယာဥ္ေဟာင္းမ်ားအား ဖမ္းဆီးေနျခင္းျဖစ္ေၾကာင္း သိရသည္။

 “ခရိုင္ညႊန္ၾကားခ်က္အရ ကၽြန္ေတာ္တုိ႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒါက ႏွစ္ႏုိင္ငံတံတားမွာ အမ်ားအျမင္ မတင့္တယ္တဲ့ကားေတြ ေတာ္ေတာ္ေလးရိွတယ္။ အေတာ္ရုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ ယာဥ္ေတြပါ။ ဒီဟာေတြက သံရည္ႀကိဳပို႔ရမွာေတြေလာက္ ျဖစ္တယ္။ လတ္တေလာေတာ့ (၅)မႈ တရားရံုး တင္ၿပီးသြားၿပီ။ ဒီေန႔အထိ ဖမ္းဆီးရမိက (၁၀)မႈေလာက္ရိွတယ္။ တနလၤာေန႔ တရားရံုး ဆက္တင္မွာပါ”ဟု  အမွတ္(၁၁၇) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္) တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံ လိုင္စင္နံပါတ္ျပားပါသည့္ ေမာ္ေတာ္ယာဥ္မ်ားကို  ႏွစ္ႏုိင္ငံ နားလည္မႈစာခၽြန္လႊာအရ ၿမိဳ႕အထြက္မယ္ယန္းဂိတ္အထိ ခြင့္ျပဳေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ေဒသခံေတြကို ခြင့္ျပဳေပးထားတဲ့ တစ္ပိုင္တစ္ႏုိင္ကုန္စည္သယ္ယူပို႔ေဆာင္ေရးအတြက္ ဟိုဘက္မွာ ကၽြန္ေတာ္တုိ႔ ႏုိင္ငံကားေတြနဲ႔ အဆင္မေျပေတာ့ ထုိင္းနံပါတ္ျပားေတြနဲ႔ ကားေတြနဲ႔သယ္တာကို ဒီတံတားမွာ ခြင့္ျပဳေပးထားတယ္။ တစ္ျခား ဆီေဘာက္ဆာတို႔ တစ္ျခားလုပ္ငန္းသံုးကားေတြက တံတား(၂)ကေန သြားတယ္။ ဆီေဘာက္ဆာတို႔လို တရားဝင္ဂ်ဴတီေဆာင္ၿပီး ဝင္တဲ့ဟာေတြက ကၽြန္ေတာ္တုိ႔ မယ္ယန္းဂိတ္အထိ ခြင့္ျပဳေပးတယ္။ မယ္ယန္းဂိတ္ေက်ာ္ရင္ေတာ့ ခြင့္မျပဳဘူး”ဟု  ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္းက ေျပာသည္။

ယင္းကဲ့သို႔ ဖမ္းဆီးမႈမ်ားေၾကာင့္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ မယ္ဆုိင္ ကုန္စည္သယ္ေဆာင္ေနသည့္ ကားသမားမ်ားမွာ ယာဥ္အို ယာဥ္ေဟာင္း သတ္မွတ္ခ်က္ကို မသိျခင္း၊ ယာဥ္ေမာင္းလုိင္စင္ စိစစ္ျခင္းမ်ားေၾကာင့္ စိုးရိမ္မႈမ်ား ျဖစ္ေနေၾကာင္း အဆိုပါတံတားတြင္ ကုန္စည္သယ္ယူပို႔ေဆာင္ေနသည့္ ကားသမားတစ္ဦးကဆိုသည္။

“ယာဥ္အုိယာဥ္ေဟာင္းေတြ ဖမ္းတယ္။ လက္ခံတယ္ဖမ္းပါ။ ဘာလုပ္သင့္တယ္ဆုိတာေလး ေျပာျပ ႐ွင္းျပေပးပါ။ ယာဥ္ေမာင္းလုိင္စင္ စစ္မယ္။ တာခ်ီလိတ္မွာ ထုိင္းနံပါတ္တပ္ယာဥ္ေတြ အမ်ားႀကီးရိွတယ္။ အိမ္စီးကား၊ သံုးဘီး၊ ကီလိုထုတင္တဲ့ ဟိုင္းလပ္ကား၊ ဟိုတယ္ဝန္ေဆာင္မႈကား၊ ေက်ာင္းကား၊ ဆီေဘာက္ဆာကား၊ (၆)ဘီးကားေတြမွာ တစ္ခ်ိဳ႕ေမာင္းတဲ့သူဆို လုိင္စင္အနီမေျပာနဲ႔ အစိမ္းေတာင္ မရိွဘူး။ ဖမ္းေလ တန္းတူအခြင့္အေရးေပးပါ။ အခုက ပစၥည္းသယ္တဲ့ကားေတြပဲ ဖမ္းတယ္”ဟု တံတား(၁)တြင္ ကုန္စည္သယ္ယူပို႔ေဆာင္ေနသည့္ ကားသမားတစ္ဦးက ေျပာသည္။

ထုိင္းနံပါတ္ျပား တပ္ထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအား တာခ်ီလိတ္ၿမိဳ႕တြင္း ခြင့္ျပဳထားရာတြင္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူမ်ား အေနျဖင့္ ျမန္မာႏုိင္ငံသားမ်ားျဖစ္ပါက ျမန္မာႏုိင္ငံမွ သတ္မွတ္ လိုင္စင္ႏွင့္ ျမန္မာႏုိင္ငံသား မဟုတ္သူမ်ားအတြက္ အာဆီယံလုိင္စင္တုိ႔ကို ခြင့္ျပဳေပးထားျခင္းျဖစ္ၿပီး လက္ရိွတြင္ ယာဥ္အိုယာဥ္ေဟာင္းမ်ားအား ဖမ္းဆီးၿပီး ဒဏ္ေၾကးေဆာင္ေစကာ ယာဥ္အား ျပင္ဆင္ေစေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔က အာဆီယံနားလည္မႈ သေဘာတရားအရ အာဆီယံနုိင္ငံေတြရဲ႕ လုိင္စင္ကို ခြင့္ျပဳပါတယ္။ အကယ္၍ ျမန္မာႏုိင္ငံသားေတြေမာင္းတယ္ဆိုရင္ေတာ့ ျမန္မာႏုိင္ငံဘက္က လုိင္စင္ရိွရပါမယ္။ သတ္မွတ္လုိင္စင္အရ လုပ္ငန္းသံုးကားေတြဆိုရင္ေတာ့ လုပ္ငန္းသံုးအဆင့္ အနီေပါ့။ ရိုးရိုးအိမ္စီးကားေတြ ဆိုရင္ေတာ့ (ခ)အဆင့္ေပါ့။ အရင္ကလည္း ဖမ္းဖူးပါတယ္။ သတ္မွတ္လုိင္စင္မရိွတာတို႔ဘာတုိ႔ေပါ့။ ဥပေဒအရ ဖမ္းမယ္ဆိုရင္ေတာ့ ပုဒ္မေတြ အမ်ားႀကီး အမ်ားႀကီးတပ္လို႔ရပါတယ္။ ဒါေပမဲ့လည္း သူတို႔မွာ လုပ္ကိုင္ စားေသာက္ရေသးတာနဲ႔ဆိုေတာ့ ဒါေတြကို အမ်ားအျမင္တင့္တယ္ေအာင္ ျပင္ေပး။ တရားရံုးကေန ဒဏ္ေၾကးေဆာင္ေစတယ္”ဟု ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္းက ေျပာသည္။

ယာဥ္အိုယာဥ္ေဟာင္းမ်ားကို ဖမ္းဆီးရမိပါက တရားရံုးတြင္ ဒဏ္ေၾကးေပးေဆာင္ေစရာ ကားတစ္စီးလွ်င္ အနိမ့္ဆံုးဒဏ္ေၾကး က်ပ္(၅၀,၀၀၀)၊ ဆုိင္ကယ္တစ္စီးလွ်င္ အနိမ့္ဆံုးဒဏ္ေၾကး က်ပ္(၃၀,၀၀၀) ဒဏ္ေၾကး ေဆာင္ေစၿပီး ယာဥ္အား ျပဳျပင္ေစေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁) တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်အိုယာဉ်ဟောင်းများအား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလဆန်းမှ စတင်၍ ဖမ်းဆီးနေရာ စက်တင်ဘာလ (၈)ရက်နေ့အထိ ယာဉ်အစီးရေ(၁၀)စီး ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားမှာ လူအဝင်အထွက်နှင့် နယ်စပ်မြို့တွင် နေထိုင်သူများကို ခွင့်ပြုထားသည့် တစ်ပိုင်တစ်နိုင် ကုန်သွယ်ရေး အတွက် ကုန်စည်သယ်ဆောင်ရာတွင် အသုံးပြုခွင့်ပေးထားခြင်းဖြစ်ရာ ထိုင်းနိုင်ငံ လိုင်စင် နံပါတ်တပ်ဆင်ထားသည့် မော်တော်ယာဉ်ဟောင်းများဖြင့် ကုန်စည်သယ်ပို့ခြင်းများကို လုပ်ဆောင်နေသဖြင့် အဆိုပါ ယာဉ်အိုယာဉ်ဟောင်းများအား ဖမ်းဆီးနခြေင်းဖြစ်ကြောင်း သိရသည်။

 “ခရိုင်ညွှန်ကြားချက်အရ ကျွန်တော်တို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါက နှစ်နိုင်ငံတံတားမှာ အများအမြင် မတင့်တယ်တဲ့ကားတွေ တော်တော်လေးရှိတယ်။ အတော်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ယာဉ်တွေပါ။ ဒီဟာတွေက သံရည်ကြိုပို့ရမှာတွေလောက် ဖြစ်တယ်။ လတ်တလောတော့ (၅)မှု တရားရုံး တင်ပြီးသွားပြီ။ ဒီနေ့အထိ ဖမ်းဆီးရမိက (၁၀)မှုလောက်ရှိတယ်။ တနင်္လာနေ့ တရားရုံး ဆက်တင်မှာပါ”ဟု အမှတ်(၁၁၇) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မြို့ တာချီလိတ်တွင် ထိုင်းနိုင်ငံ လိုင်စင်နံပါတ်ပြားပါသည့် မော်တော်ယာဉ်များကို နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ မြို့အထွက်မယ်ယန်းဂိတ်အထိ ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေကို ခွင့်ပြုပေးထားတဲ့ တစ်ပိုင်တစ်နိုင်ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ဟိုဘက်မှာ ကျွန်တော်တို့ နိုင်ငံကားတွေနဲ့ အဆင်မပြေတော့ ထိုင်းနံပါတ်ပြားတွေနဲ့ ကားတွေနဲ့သယ်တာကို ဒီတံတားမှာ ခွင့်ပြုပေးထားတယ်။ တစ်ခြား ဆီဘောက်ဆာတို့ တစ်ခြားလုပ်ငန်းသုံးကားတွေက တံတား(၂)ကနေ သွားတယ်။ ဆီဘောက်ဆာတို့လို တရားဝင်ဂျူတီဆောင်ပြီး ဝင်တဲ့ဟာတွေက ကျွန်တော်တို့ မယ်ယန်းဂိတ်အထိ ခွင့်ပြုပေးတယ်။ မယ်ယန်းဂိတ်ကျော်ရင်တော့ ခွင့်မပြုဘူး”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုများကြောင့် တာချီလိတ်မြို့နှင့် မယ်ဆိုင် ကုန်စည်သယ်ဆောင်နေသည့် ကားသမားများမှာ ယာဉ်အို ယာဉ်ဟောင်း သတ်မှတ်ချက်ကို မသိခြင်း၊ ယာဉ်မောင်းလိုင်စင် စိစစ်ခြင်းများကြောင့် စိုးရိမ်မှုများ ဖြစ်နေကြောင်း အဆိုပါတံတားတွင် ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကားသမားတစ်ဦးကဆိုသည်။

“ယာဉ်အိုယာဉ်ဟောင်းတွေ ဖမ်းတယ်။ လက်ခံတယ်ဖမ်းပါ။ ဘာလုပ်သင့်တယ်ဆိုတာလေး ပြောပြ ရှင်းပြပေးပါ။ ယာဉ်မောင်းလိုင်စင် စစ်မယ်။ တာချီလိတ်မှာ ထိုင်းနံပါတ်တပ်ယာဉ်တွေ အများကြီးရှိတယ်။ အိမ်စီးကား၊ သုံးဘီး၊ ကီလိုထုတင်တဲ့ ဟိုင်းလပ်ကား၊ ဟိုတယ်ဝန်ဆောင်မှုကား၊ ကျောင်းကား၊ ဆီဘောက်ဆာကား၊ (၆)ဘီးကားတွေမှာ တစ်ချို့မောင်းတဲ့သူဆို လိုင်စင်အနီမပြောနဲ့ အစိမ်းတောင် မရှိဘူး။ ဖမ်းလေ တန်းတူအခွင့်အရေးပေးပါ။ အခုက ပစ္စည်းသယ်တဲ့ကားတွေပဲ ဖမ်းတယ်”ဟု တံတား(၁)တွင် ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကားသမားတစ်ဦးက ပြောသည်။

ထိုင်းနံပါတ်ပြား တပ်ထားသည့် မော်တော်ယာဉ်များအား တာချီလိတ်မြို့တွင်း ခွင့်ပြုထားရာတွင် မော်တော်ယာဉ်မောင်းနှင်သူများ အနဖြေင့် မြန်မာနိုင်ငံသားများဖြစ်ပါက မြန်မာနိုင်ငံမှ သတ်မှတ် လိုင်စင်နှင့် မြန်မာနိုင်ငံသား မဟုတ်သူများအတွက် အာဆီယံလိုင်စင်တို့ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်အိုယာဉ်ဟောင်းများအား ဖမ်းဆီးပြီး ဒဏ်ကြေးဆောင်စေကာ ယာဉ်အား ပြင်ဆင်စေကြောင်း သိရသည်။

“ကျွန်တော်တို့က အာဆီယံနားလည်မှု သဘောတရားအရ အာဆီယံနိုင်ငံတွေရဲ့ လိုင်စင်ကို ခွင့်ပြုပါတယ်။ အကယ်၍ မြန်မာနိုင်ငံသားတွေမောင်းတယ်ဆိုရင်တော့ မြန်မာနိုင်ငံဘက်က လိုင်စင်ရှိရပါမယ်။ သတ်မှတ်လိုင်စင်အရ လုပ်ငန်းသုံးကားတွေဆိုရင်တော့ လုပ်ငန်းသုံးအဆင့် အနီပေါ့။ ရိုးရိုးအိမ်စီးကားတွေ ဆိုရင်တော့ (ခ)အဆင့်ပေါ့။ အရင်ကလည်း ဖမ်းဖူးပါတယ်။ သတ်မှတ်လိုင်စင်မရှိတာတို့ဘာတို့ပေါ့။ ဥပဒေအရ ဖမ်းမယ်ဆိုရင်တော့ ပုဒ်မတွေ အများကြီး အများကြီးတပ်လို့ရပါတယ်။ ဒါပေမဲ့လည်း သူတို့မှာ လုပ်ကိုင် စားသောက်ရသေးတာနဲ့ဆိုတော့ ဒါတွေကို အများအမြင်တင့်တယ်အောင် ပြင်ပေး။ တရားရုံးကနေ ဒဏ်ကြေးဆောင်စေတယ်”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက ပြောသည်။

ယာဉ်အိုယာဉ်ဟောင်းများကို ဖမ်းဆီးရမိပါက တရားရုံးတွင် ဒဏ်ကြေးပေးဆောင်စေရာ ကားတစ်စီးလျှင် အနိမ့်ဆုံးဒဏ်ကြေး ကျပ်(၅၀,ဝဝဝ)၊ ဆိုင်ကယ်တစ်စီးလျှင် အနိမ့်ဆုံးဒဏ်ကြေး ကျပ်(၃၀,ဝဝဝ) ဒဏ်ကြေး ဆောင်စပြေီး ယာဉ်အား ပြုပြင်စေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~