သစ္ (၃)တန္ေက်ာ္ကို တရားမဝင္သယ္လာသည့္ ယာဥ္ေမာင္းႏွင့္ သစ္ပိုင္ရွင္ကို ငဖဲတြင္ ဖမ္းဆီးရမိ

သစ္ (၃)တန္ေက်ာ္ကို တရားမဝင္သယ္လာသည့္ ယာဥ္ေမာင္းႏွင့္ သစ္ပိုင္ရွင္ကို ငဖဲတြင္ ဖမ္းဆီးရမိ
စက်တင်ဘာ 24, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ငဖဲၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၄)ရက္ေန႔ နံနက္ (၅)နာရီဝန္းက်င္က တရားမဝင္ သယ္ေဆာင္လာသည့္ သစ္ (၃.၃၁၇)တန္ ဖမ္းဆီးရမိသျဖင့္ ယာဥ္ေမာင္းႏွင့္ သစ္ပိုင္ရွင္တုိ႔ကို အမႈဖြင့္ထားေၾကာင္း သိရသည္။

 “တိုင္း ဒ/နအဖဲြ႔ရယ္၊ ပဒါန္းနယ္ေျမရဲစခန္းက ကၽြန္ေတာ္ဦးစီးတဲ့အဖဲြ႔ရယ္၊ သစ္ေတာလံုၿခံဳေရးတပ္ဖဲြ႔ရယ္၊ အုပ္ခ်ဳပ္ေရးအဖဲြ႔တို႔ပူးေပါင္းၿပီး သတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးရမိခဲ့တာပါ။ ယာဥ္ေမာင္းနဲ႔ သစ္ပိုင္ရွင္ တို႔ကို ပဒါန္းနယ္ေျမရဲစခန္းမွာ အမႈဖြင့္အေရးယူေဆာင္ရြက္ထားပါတယ္” ဟု ပဒါန္းနယ္ေျမရဲစခန္းမွဴး ရဲအုပ္ေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားမဝင္သစ္မ်ား သယ္ယူလာေၾကာင္း သတင္းအရ အဆိုပါ ပူးေပါင္းအဖဲြ႔က ငဖဲ-ပဒါန္းကားလမ္း သာစည္ေက်းရြာအနီး၌ ေစာင့္ဆိုင္းစဥ္ ငဖဲၿမိဳ႕နယ္ဘက္မွ ပဒါန္းေက်းရြာဘက္သို႔ ယာဥ္ေမာင္း ေဇာ္ထြန္း(ခ)ေဇာ္မင္းထြန္း ေမာင္းႏွင္၍ သစ္ပိုင္ရွင္ ညီမင္းထြန္း လိုက္ပါလာသည့္ လီဖန္းအမ်ိဳးအစား (၆)ဘီးယာဥ္ကို တားဆီးစစ္ေဆးရာမွ ပိေတာက္သစ္ခဲြသား ဆိုဒ္စံု (၃၅)ေခ်ာင္း၊ နဘဲသစ္ခဲြသား (၂)ေခ်ာင္း၊ စုစုေပါင္း (၃.၃၁၇၂) တန္ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ သစ္ခဲြသားမ်ားကို သယ္ေဆာင္လာသည့္ ယာဥ္ေမာင္း ေဇာ္ထြန္း(ခ) ေဇာ္မင္းထြန္းႏွင့္ သစ္ပိုင္ရွင္ ညီမင္းထြန္းတို႔ကို ပဒါန္းနယ္ေျမရဲစခန္းတြင္ (ပ)၂/၂၀၁၈၊ သစ္ေတာဥပေဒပုဒ္မ ၄၂(က) အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်က တရားမဝင် သယ်ဆောင်လာသည့် သစ် (၃.၃၁၇)တန် ဖမ်းဆီးရမိသဖြင့် ယာဉ်မောင်းနှင့် သစ်ပိုင်ရှင်တို့ကို အမှုဖွင့်ထားကြောင်း သိရသည်။

 “တိုင်း ဒ/နအဖွဲ့ရယ်၊ ပဒါန်းနယ်မြေရဲစခန်းက ကျွန်တော်ဦးစီးတဲ့အဖွဲ့ရယ်၊ သစ်တောလုံခြုံရေးတပ်ဖွဲ့ရယ်၊ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရမိခဲ့တာပါ။ ယာဉ်မောင်းနဲ့ သစ်ပိုင်ရှင် တို့ကို ပဒါန်းနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်” ဟု ပဒါန်းနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားမဝင်သစ်များ သယ်ယူလာကြောင်း သတင်းအရ အဆိုပါ ပူးပေါင်းအဖွဲ့က ငဖဲ-ပဒါန်းကားလမ်း သာစည်ကျေးရွာအနီး၌ စောင့်ဆိုင်းစဉ် ငဖဲမြို့နယ်ဘက်မှ ပဒါန်းကျေးရွာဘက်သို့ ယာဉ်မောင်း ဇော်ထွန်း(ခ)ဇော်မင်းထွန်း မောင်းနှင်၍ သစ်ပိုင်ရှင် ညီမင်းထွန်း လိုက်ပါလာသည့် လီဖန်းအမျိုးအစား (၆)ဘီးယာဉ်ကို တားဆီးစစ်ဆေးရာမှ ပိတောက်သစ်ခွဲသား ဆိုဒ်စုံ (၃၅)ချောင်း၊ နဘဲသစ်ခွဲသား (၂)ချောင်း၊ စုစုပေါင်း (၃.၃၁၇၂) တန်ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် သစ်ခွဲသားများကို သယ်ဆောင်လာသည့် ယာဉ်မောင်း ဇော်ထွန်း(ခ) ဇော်မင်းထွန်းနှင့် သစ်ပိုင်ရှင် ညီမင်းထွန်းတို့ကို ပဒါန်းနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၈၊ သစ်တောဥပဒေပုဒ်မ ၄၂(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~