နမၼတူၿမိဳ႕မွ မူးယစ္ေက်ာ္ေဇာေနရာမ်ားအား ရဲတပ္ဖြဲ႕ႏွင့္ မူးယစ္ေဆးဝါးဆန္႔က်င္ေရးလူငယ္အဖြဲ႕တို႔ ပူးေပါင္းစီးနင္း ဖမ္းဆီး

နမၼတူၿမိဳ႕မွ မူးယစ္ေက်ာ္ေဇာေနရာမ်ားအား ရဲတပ္ဖြဲ႕ႏွင့္ မူးယစ္ေဆးဝါးဆန္႔က်င္ေရးလူငယ္အဖြဲ႕တို႔ ပူးေပါင္းစီးနင္း ဖမ္းဆီး
စက်တင်ဘာ 1, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕အတြင္းရွိ မူးယစ္ေက်ာ္ေဇာေနရာႏွစ္ခုအား ၾသဂုတ္လ (၃၁) ရက္ေန႔ႏွင့္ စက္တင္ဘာလ (၁) ရက္ေန႔တို႔တြင္ ရဲတပ္ဖြဲ႕ႏွင့္ မူးယစ္ေဆးဝါးဆန္႔က်င္ေရးလူငယ္အဖြဲ႔(နမၼတူၿမိဳ႕)တို႔ ပူးေပါင္း၍ ဝင္ေရာက္စီးနင္းရာ ဘိန္းျဖဴ၊ စိတ္ၾကြေဆးျပားမ်ားႏွင့္ အမ်ိဳးသား (၅)ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္ လူငယ္အဖြဲ႕တို႔က ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲအခ်ိန္တြင္ နမၼတူၿမိဳ႕၊ အမွတ္ (၈)ရပ္ကြက္ရွိ သခ်ၤ ိဳင္းေဟာင္းတစ္ခုအတြင္း ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးျပား ျဖန္႔ျဖဴးေရာင္းခ်သူ (၁)ဦးႏွင့္ မူးယစ္ေဆးဝါးသံုးစြဲရန္ ေရာက္ရွိေနသည့္ အမ်ိဳးသား(၂)ဦးတို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

“ရပ္ကြက္ (၈) က သခ်ၤ ိဳင္းေဟာင္းေနရာမွာ အဲဒီလိုေက်ာ္ေဇာမႈရွိတဲ့အတြက္ မူးယစ္ေဆးဝါးဆန္႔က်င္သူ တက္ၾကြလူငယ္အဖြဲ႔နဲ႔ ရဲတပ္ဖြဲ႔ပူးေပါင္းၿပီးေတာ့ ဝင္စီးတာျဖစ္ပါတယ္။ ဘိန္းျဖဴက ဆပ္ျပာခြက္ (၅) ခြက္နဲ႔ တစ္ဝက္ေလာက္ရတယ္။ ေဆးျပားက ( ၃၉၀ ) ေလာက္ရတယ္။ လူက သံုးဦးမိတယ္” ဟု နမၼတူၿမိဳ႕ ၿမိဳ႕မရဲတပ္ဖြဲ႔မွ ရဲအုပ္ ရဲျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕က စက္တင္ဘာလ (၁ ) ရက္ေန႔ နံနက္ပိုင္းတြင္လည္း နမၼတူၿမိဳ႕ အမွတ္(၁)ရပ္ကြက္ ( စတလ ၁ ရပ္ကြက္) သဲကြင္းေနရာအား ဝင္ေရာက္ ရွာေဖြရာတြင္ စိတ္ၾကြေဆးျပား ( ၁၃၅ )ျပား၊ ဘိန္းျဖဴ (၄) ဂရမ္ႏွင့္ အမ်ိဳးသား (၂)ဦးကို ဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ားအား သက္ဆုိင္ရာရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသ ာေဆးဝါးမ်ားဆုိင္ရာ ဥပေဒပုဒ္မမ်ားျဖင့္ ဖမ္းဆီးအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့အတွင်းရှိ မူးယစ်ကျော်ဇောနေရာနှစ်ခုအား သြဂုတ်လ (၃၁) ရက်နေ့နှင့် စက်တင်ဘာလ (၁) ရက်နေ့တို့တွင် ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးလူငယ်အဖွဲ့(နမ္မတူမြို့)တို့ ပူးပေါင်း၍ ဝင်ရောက်စီးနင်းရာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများနှင့် အမျိုးသား (၅)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် လူငယ်အဖွဲ့တို့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ နေ့လယ်(၁)နာရီခွဲအချိန်တွင် နမ္မတူမြို့၊ အမှတ် (၈)ရပ်ကွက်ရှိ သင်္ချိုင်းဟောင်းတစ်ခုအတွင်း ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူ (၁)ဦးနှင့် မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသည့် အမျိုးသား(၂)ဦးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“ရပ်ကွက် (၈) က သင်္ချိုင်းဟောင်းနေရာမှာ အဲဒီလိုကျော်ဇောမှုရှိတဲ့အတွက် မူးယစ်ဆေးဝါးဆန့်ကျင်သူ တက်ကြွလူငယ်အဖွဲ့နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီးတော့ ဝင်စီးတာဖြစ်ပါတယ်။ ဘိန်းဖြူက ဆပ်ပြာခွက် (၅) ခွက်နဲ့ တစ်ဝက်လောက်ရတယ်။ ဆေးပြားက ( ၃၉၀ ) လောက်ရတယ်။ လူက သုံးဦးမိတယ်” ဟု နမ္မတူမြို့ မြို့မရဲတပ်ဖွဲ့မှ ရဲအုပ် ရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က စက်တင်ဘာလ (၁ ) ရက်နေ့ နံနက်ပိုင်းတွင်လည်း နမ္မတူမြို့ အမှတ်(၁)ရပ်ကွက် ( စတလ ၁ ရပ်ကွက်) သဲကွင်းနေရာအား ဝင်ရောက် ရှာဖွေရာတွင် စိတ်ကြွဆေးပြား ( ၁၃၅ )ပြား၊ ဘိန်းဖြူ (၄) ဂရမ်နှင့် အမျိုးသား (၂)ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~