မႈခင္းသတင္းေထာက္ကဒ္ျပ၍ ျပည္သူ႔၀န္ထမ္း အေယာင္ေဆာင္ကာ လစဥ္ေၾကးေတာင္းခံသူမ်ားကို အမႈဖြင့္သည့္ မီးေသြးေရာင္းသူ သစ္ေတာဥပေဒျဖင့္ အေရးယူခံရ

မႈခင္းသတင္းေထာက္ကဒ္ျပ၍ ျပည္သူ႔၀န္ထမ္း အေယာင္ေဆာင္ကာ လစဥ္ေၾကးေတာင္းခံသူမ်ားကို အမႈဖြင့္သည့္ မီးေသြးေရာင္းသူ သစ္ေတာဥပေဒျဖင့္ အေရးယူခံရ
စက်တင်ဘာ 9, 2018
By Tachileik News Agency
မေကြးတိုင္းေဒသႀကီး၊ ေအာင္လံၿမိဳ႕တြင္ ရဲတပ္ဖြဲ႕ဝင္မ်ားဟုေျပာဆိုကာ မႈခင္းသတင္းေထာက္ကဒ္ျပ၍ လစဥ္ေၾကး ေတာင္းခံေနသူ(၅)ဦးကို စက္တင္ဘာလ(၆)ရက္ေန႔တြင္ အမႈဖြင့္တုိင္ၾကားလုိက္သည့္ မီးေသြးေရာင္းသူကို သစ္ေတာဦးစီးဌာန၏ ခြင့္ျပဳမိန္႔မရိွဘဲ မီးေသြးအိတ္မ်ား လက္ဝယ္ထားရိွမႈျဖင့္ စက္တင္ဘာလ(၇)ရက္ေန႔တြင္ အေရးယူလုိက္ေၾကာင္း သိရသည္။

ေအာင္လံၿမိဳ႕မွ -မီးေသြးေရာင္းေနသည့္ ဦးသိန္းေဇာ္က ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၆)ရက္ေန႔တြင္ မႈခင္းသတင္းေထာက္ကဒ္သံုး၍ လစဥ္ေငြေၾကးေတာင္းခံေနသူ(၅)ဦးကို အမႈဖြင့္လိုက္ၿပီးေနာက္ စက္တင္ဘာ(၇)ရက္ေန႔ ေန႔လယ္(၂)နာရီအခ်ိန္တြင္ သရက္ခရိုင္သစ္ေတာဦးစီးဌာန ေတာအုပ္ႀကီး ဦးေအာင္သန္းဦး ဦးစီးအဖဲြ႔၊ ေအာင္လံၿမိဳ႕နယ္ သစ္ေတာဦးစီးဌာန ေတာအုပ္ႀကီး ဦးညီညီေဇာ္ဦးစီးအဖဲြ႔၊ ေအာင္လံၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္မ်ိဳးဝင္း ဦးစီးအဖဲြ႔၊ မက်ီးကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖဲြ႔ တို႔ပါဝင္သည့္ ပူးေပါင္းအဖဲြ႔က ေအာင္လံၿမိဳ႕ မက်ည္းကုန္းရပ္ကြက္ရိွ ဦးသိန္းေဇာ္၏ ဂိုေထာင္အတြင္းအား ဝင္ေရာက္ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

"ေအာင္လံၿမိဳ႕ မက်ည္းကုန္းရပ္ကြက္ေနသူ ဦးသိန္းေဇာ္ရဲ႕ ဂိုေထာင္အတြင္းက (၃၆) ေပါင္ဝင္ မီးေသြးအိတ္(၁၂၄)အိတ္၊ မီးေသြးအေၾကမႈန္႔အိတ္က(၂၆၆)အိတ္၊ ထင္းကုလားအိတ္က(၈)အိတ္၊ တစ္ခါ ကိုးသိန္းကုန္းဘုရားဝန္း ျပဇာတ္ရံုျခံဝန္းထဲက ဦးသိန္းေဇာ္ပိုင္ မီးေသြးအိတ္(၈၃၄)အိတ္ ေတြ႔ရိွတာေၾကာင့္ သစ္ေတာဥပေဒနဲ႔ အညီပဲ အေရးယူေဆာင္ရြက္သြားမွာပါ"ဟု မေကြးတိုင္းေဒသႀကီး သစ္ေတာဦးစီးဌာနမွ သစ္ေတာအရာရိွတစ္ဦးက တာခ်ီလိတသတင္းေအဂ်င္စီသို႔ ေျပာသည္။

ခြင့္ျပဳခ်က္ မရိွဘဲ သိုေလွာင္ထားသည့္ ထင္း၊မီးေသြးမ်ားကို ေအာင္လံၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနက သိမ္းဆည္းလိုက္ၿပီး မီးေသြးေရာင္းသည့္ ဦးသိန္းေဇာ္ကို သစ္ေတာအက္ဥပေဒျဖင့္ အေရးယူေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် ရဲတပ်ဖွဲ့ဝင်များဟုပြောဆိုကာ မှုခင်းသတင်းထောက်ကဒ်ပြ၍ လစဉ်ကြေး တောင်းခံနေသူ(၅)ဦးကို စက်တင်ဘာလ(၆)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားလိုက်သည့် မီးသွေးရောင်းသူကို သစ်တောဦးစီးဌာန၏ ခွင့်ပြုမိန့်မရှိဘဲ မီးသွေးအိတ်များ လက်ဝယ်ထားရှိမှုဖြင့် စက်တင်ဘာလ(၇)ရက်နေ့တွင် အရေးယူလိုက်ကြောင်း သိရသည်။

အောင်လံမြို့မှ -မီးသွေးရောင်းနေသည့် ဦးသိန်းဇော်က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် မှုခင်းသတင်းထောက်ကဒ်သုံး၍ လစဉ်ငွေကြေးတောင်းခံနေသူ(၅)ဦးကို အမှုဖွင့်လိုက်ပြီးနောက် စက်တင်ဘာ(၇)ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် သရက်ခရိုင်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးအောင်သန်းဦး ဦးစီးအဖွဲ့၊ အောင်လံမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးညီညီဇော်ဦးစီးအဖွဲ့၊ အောင်လံမြို့မရဲစခန်းမှ ဒုရဲအုပ်မျိုးဝင်း ဦးစီးအဖွဲ့၊ မကျီးကုန်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က အောင်လံမြို့ မကျည်းကုန်းရပ်ကွက်ရှိ ဦးသိန်းဇော်၏ ဂိုထောင်အတွင်းအား ဝင်ရောက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

"အောင်လံမြို့ မကျည်းကုန်းရပ်ကွက်နေသူ ဦးသိန်းဇော်ရဲ့ ဂိုထောင်အတွင်းက (၃၆) ပေါင်ဝင် မီးသွေးအိတ်(၁၂၄)အိတ်၊ မီးသွေးအကြေမှုန့်အိတ်က(၂၆၆)အိတ်၊ ထင်းကုလားအိတ်က(၈)အိတ်၊ တစ်ခါ ကိုးသိန်းကုန်းဘုရားဝန်း ပြဇာတ်ရုံခြံဝန်းထဲက ဦးသိန်းဇော်ပိုင် မီးသွေးအိတ်(၈၃၄)အိတ် တွေ့ရှိတာကြောင့် သစ်တောဥပဒေနဲ့ အညီပဲ အရေးယူဆောင်ရွက်သွားမှာပါ"ဟု မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သစ်တောအရာရှိတစ်ဦးက တာချီလိတသတင်းအေဂျင်စီသို့ ပြောသည်။

ခွင့်ပြုချက် မရှိဘဲ သိုလှောင်ထားသည့် ထင်း၊မီးသွေးများကို အောင်လံမြို့နယ် သစ်တောဦးစီးဌာနက သိမ်းဆည်းလိုက်ပြီး မီးသွေးရောင်းသည့် ဦးသိန်းဇော်ကို သစ်တောအက်ဥပဒဖြေင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~