လမ္းေပၚမွ သစ္ကိုင္းေျခာက္နင္းမိ၍ ဆုိင္ကယ္ေမွာက္ၿပီး တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

လမ္းေပၚမွ သစ္ကိုင္းေျခာက္နင္းမိ၍ ဆုိင္ကယ္ေမွာက္ၿပီး တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ
စက်တင်ဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းေယာင္းၿမိဳ႕နယ္၊ မုန္းလုိက္ေက်းရြာအုပ္စု၊ ဝမ္လွ်န္းဖိုင္ေက်းရြာမွ အသက္(၁၆)ႏွစ္အရြယ္ လူငယ္တစ္ဦးႏွင့္ ကိုရင္တစ္ပါးတို႔ စီးနင္းလာသည့္ ဆုိင္ကယ္သည္ လမ္းေပၚတြင္ သစ္ကိုင္းေျခာက္အား နင္းမိတိမ္းေမွာက္သြားသျဖင့္ ဆုိင္ကယ္ေမာင္းႏွင္သည့္ လူငယ္ ေသဆံုးသြားေၾကာင္း သိရသည္။

ဝမ္လွ်န္းဖိုင္ေက်းရြာမွ အိုက္အြန္ပင္းသည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔ ညေန (၄)နာရီဝန္းက်င္တြင္ ကိုရင္(လူအမည္) အုိက္ဥရွဲန္ကို ဆိုင္ကယ္ေနာက္မွတင္၍ မုိင္းေယာင္းၿမိဳ႕တြင္း စားေသာက္ဆုိင္သို႔ ထြက္ခြာသြားရာ ည(၇)နာရီခြဲဝန္းက်င္၌ ၎တို႔(၂)ဦး ဆုိင္ကယ္ေမွာက္၍ ေဆးရံုေရာက္ေနေၾကာင္း အိုက္အြန္ပင္း၏ ဖခင္က သတင္းၾကားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆးရံုတြင္ အိုက္အြန္ပင္းမွာ ရရိွသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနၿပီး ကိုရင္မွာ ေဆးကုသမႈ ခံယူေနဆဲ ျဖစ္ေၾကာင္း ေတြ႔ရကာ လမ္းေပၚရိွ လံုးပတ္(၆)လက္မခန္႔၊ အရွည္(၁)ေပခန္႔သစ္ကိုင္းေျခာက္ကို နင္းမိၿပီး ဆုိင္ကယ္တိမ္းေမွာက္ခဲ့ေၾကာင္း ထြက္ဆိုခ်က္အရ ရဲတပ္ဖြဲ႕က ၎တို႔(၂)ဦး ဆိုင္ကယ္တိမ္းေမွာက္မႈ ျဖစ္ပြားသည့္ မိုင္းေယာင္း - မုိင္းျဖတ္လမ္း ေဟာင္ၾကန္႔ေက်းရြာအုပ္စု ပါေလာင္းရြာႏွင့္ ယမ္းခမ္းရြာၾကား အခင္းျဖစ္ေနရာအား စစ္ေဆးျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း အုိက္အြန္ပင္းအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄ က/၃၃၈ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်လျှန်းဖိုင်ကျေးရွာမှ အသက်(၁၆)နှစ်အရွယ် လူငယ်တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ စီးနင်းလာသည့် ဆိုင်ကယ်သည် လမ်းပေါ်တွင် သစ်ကိုင်းခြောက်အား နင်းမိတိမ်းမှောက်သွားသဖြင့် ဆိုင်ကယ်မောင်းနှင်သည့် လူငယ် သေဆုံးသွားကြောင်း သိရသည်။

ဝမ်လျှန်းဖိုင်ကျေးရွာမှ အိုက်အွန်ပင်းသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် ကိုရင်(လူအမည်) အိုက်ဥရှဲန်ကို ဆိုင်ကယ်နောက်မှတင်၍ မိုင်းယောင်းမြို့တွင်း စားသောက်ဆိုင်သို့ ထွက်ခွာသွားရာ ည(၇)နာရီခွဲဝန်းကျင်၌၎င်းတို့(၂)ဦး ဆိုင်ကယ်မှောက်၍ ဆေးရုံရောက်နေကြောင်း အိုက်အွန်ပင်း၏ ဖခင်က သတင်းကြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံတွင် အိုက်အွန်ပင်းမှာ ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးနပြေီး ကိုရင်မှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း တွေ့ရကာ လမ်းပေါ်ရှိ လုံးပတ်(၆)လက်မခန့်၊ အရှည်(၁)ပေခန့်သစ်ကိုင်းခြောက်ကို နင်းမိပြီး ဆိုင်ကယ်တိမ်းမှောက်ခဲ့ကြောင်း ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့က၎င်းတို့(၂)ဦး ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားသည့် မိုင်းယောင်း - မိုင်းဖြတ်လမ်း ဟောင်ကြန့်ကျေးရွာအုပ်စု ပါလောင်းရွာနှင့် ယမ်းခမ်းရွာကြား အခင်းဖြစ်နေရာအား စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း အိုက်အွန်ပင်းအား မိုင်းယောင်းမြို့မရဲစခန်းတွင် ယာဉ်(ပ) ၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က/၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~