မိုးနဲမြို့နယ်အတွင်း ချောင်းနှင့်အင်းများတွင် သဲနုန်းတူးဖေါ်ရန် ဘတ်ဂျက်လျာထားပြီး နမ့်တွန်ချောင်းတွင် စတင် လုပ်ဆောင်နေ

မိုးနဲမြို့နယ်အတွင်း ချောင်းနှင့်အင်းများတွင် သဲနုန်းတူးဖေါ်ရန် ဘတ်ဂျက်လျာထားပြီး နမ့်တွန်ချောင်းတွင် စတင် လုပ်ဆောင်နေ
စကျတငျဘာ 6, 2018
By Tachileik News Agency


မိုးနဲမြို့နယ်အတွင်း နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်း၊ နောင်ကျော့အင်းနှင့် လွိုင်စယ် အင်းများအား ချဲ့ထွင်တူးဖော် ရှင်းလင်းရန် လိုအပ်နေသည့် အနက် နမ့်တွန်ချောင်းကို စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

နမ့်စလိုင်ချောင်းတူးဖော်ခြင်းနှင့် နောင်ကျော့အင်း၊ လွိုင်စယ်အင်းတူးဖော်ခြင်းလုပ်ငန်းများ အတွက် လိုအပ်သည့် ရန်ပုံငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ၂၀၁၈- ၁၉ အောက်တိုဘာ-စက်တင်ဘာ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင်လည်းကောင်း၊ နောင်အွန်ချောင်း တူးဖော်ခြင်း လုပ်ငန်း အတွက် လိုအပ်ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်း လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက လုပ်ငန်းများအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းမှ ချောင်း(၂)ချောင်းနှင့် အင်း(၂)ခုတွင် သဲနုန်းတူးဖေါ်ရှင်းလင်းရန် လိုအပ်နေသဖြင့် မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းစန်သိန်းက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ မေးမြန်းရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါချောင်းများနှင့် အင်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်ရှိ နမ့်တွန်ချောင်းအတွင်း သဲနုန်းဖော်ခြင်းကို ၂၀၁၈ ခုနှစ် ဧပြီ - စက်တင်ဘာ ဘဏ္ဍာရေးနှစ် အတွင်း ရှမ်းပြည်နယ်အစိုးရရန်ပုံငွေ ကျပ်(၇၅)သန်းဖြင့် ဆောင်ရွက် နေကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်း၊ နောင်ကျော့အင်းနှင့် လွိုင်စယ် အင်းများအား ချဲ့ထွင်တူးဖော် ရှင်းလင်းရန် လိုအပ်နေသည့် အနက် နမ့်တွန်ချောင်းကို စတင် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

နမ့်စလိုင်ချောင်းတူးဖော်ခြင်းနှင့် နောင်ကျော့အင်း၊ လွိုင်စယ်အင်းတူးဖော်ခြင်းလုပ်ငန်းများ အတွက် လိုအပ်သည့် ရန်ပုံငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနဖြေင့် ၂၀၁၈- ၁၉ အောက်တိုဘာ-စက်တင်ဘာ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင်လည်းကောင်း၊ နောင်အွန်ချောင်း တူးဖော်ခြင်း လုပ်ငန်း အတွက် လိုအပ်ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်း လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက လုပ်ငန်းများအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်းမှ ချောင်း(၂)ချောင်းနှင့် အင်း(၂)ခုတွင် သဲနုန်းတူးဖော်ရှင်းလင်းရန် လိုအပ်နေသဖြင့် မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းစန်သိန်းက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ မေးမြန်းရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါချောင်းများနှင့် အင်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~