ထိုင်းနိုင်ငံရေလုပ်ငန်းအတွက် မြန်မာရေလုပ်သား(၄၀၀၀၀)ကျော်ကို MoU စနစ်ဖြင့် စေလွှတ်နိုင်ရေး Pilot project ဖြင့် ဆောင်ရွက်မည်

ထိုင်းနိုင်ငံရေလုပ်ငန်းအတွက် မြန်မာရေလုပ်သား(၄၀၀၀၀)ကျော်ကို MoU စနစ်ဖြင့် စေလွှတ်နိုင်ရေး Pilot project ဖြင့် ဆောင်ရွက်မည်
စကျတငျဘာ 19, 2018
By Tachileik News Agency


ရေလုပ်သားများ MoU စနစ်ဖြင့် စေလွှတ်နိုင်ရေးအတွက် မြန်မာ - ထိုင်းနယ်စပ် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ရွှေ့ပြောင်းအလုပ်သမားရုံးဖွင့်လှစ်၍ One Stop Service အနေဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

MoU လုပ်ငန်းစဉ်ဖြစ်သည့် အတွက် မြန်မာနိုင်ငံဘက်မှ အေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ရာ အေဂျင်စီများ အနေဖြင့် မိမိနိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးများကို ရှေးရှု၍ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးထားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာရေလုပ်သား အများစုသည် ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများသို့ သွားရောက် လုပ်ကိုင်လျက်ရှိရာ လက်ရှိတွင် မြန်မာ ရေလုပ်သား (၄၀,၀၀၀) ကျော်၊ ရေလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် မြန်မာအလုပ်သမား (၄၅,၀၀၀) ကျော်နှင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများတွင် မြန်မာအလုပ်သမား (၅၁,၀၀၀) ကျော်၊ စုစုပေါင်း (၁၄၅,၀၀၀) ကျော်ရှိနေပြီး မြန်မာရေလုပ်သား (၄၀,၀၀၀)ကျော်ကို ထိုင်းနိုင်ငံက ထပ်မံ ခေါ်ယူလိုခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့သည့် မြန်မာ – ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေး၌ ထိုင်းနိုင်ငံ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။

ဝန်ကြီးဌာန အနေဖြင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော အထောက်အထားမဲ့ မြန်မာရေလုပ်သားများ၊ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity –CI) သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများနှင့် ပြည်ဝင်ခွင့် ဗီဇာ သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများ လက်ရှိအလုပ်တွင် ဆက်လက် လုပ်ကိုင်နိုင်ရန် MoU စနစ်ဖြင့် ပြန်လည်စေလွှတ်ပေးမည်ဖြစ်ပြီး ရေလုပ်သားများ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှုများ အပြည့်အဝ ရရှိနိုင်ရေး ထိုင်းနိုင်ငံမှ အာမခံချက်များပေးနိုင်မှုအပေါ်မူတည်၍ MOU စနစ်ဖြင့် စေလွှတ်ခြင်းကို pilot project ဖြင့် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာရေလုပ်သား ၄၀,ဝဝဝ ကျော် လက်ရှိ အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံရေလုပ်ငန်းအတွက် မြန်မာရေလုပ်သားများကို MoU စနစ်ဖြင့် စေလွှတ်နိုင်ရေး Pilot project ဖြင့် ကနဦး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရေလုပ်သားများ MoU စနစ်ဖြင့် စေလွှတ်နိုင်ရေးအတွက် မြန်မာ - ထိုင်းနယ်စပ် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ရွှေ့ပြောင်းအလုပ်သမားရုံးဖွင့်လှစ်၍ One Stop Service အနဖြေင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

MoU လုပ်ငန်းစဉ်ဖြစ်သည့် အတွက် မြန်မာနိုင်ငံဘက်မှ အေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ရာ အေဂျင်စီများ အနဖြေင့် မိမိနိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးများကို ရှေးရှု၍ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့တွင် နပြေည်တော်၌ တွေ့ဆုံ ဆွေးနွေးထားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာရေလုပ်သား အများစုသည် ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများသို့ သွားရောက် လုပ်ကိုင်လျက်ရှိရာ လက်ရှိတွင် မြန်မာ ရေလုပ်သား (၄၀,ဝဝဝ) ကျော်၊ ရေလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် မြန်မာအလုပ်သမား (၄၅,ဝဝဝ) ကျော်နှင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများတွင် မြန်မာအလုပ်သမား (၅၁,ဝဝဝ) ကျော်၊ စုစုပေါင်း (၁၄၅,ဝဝဝ) ကျော်ရှိနပြေီး မြန်မာရေလုပ်သား (၄၀,ဝဝဝ)ကျော်ကို ထိုင်းနိုင်ငံက ထပ်မံ ခေါ်ယူလိုခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့သည့် မြန်မာ – ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေး၌ ထိုင်းနိုင်ငံ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။

ဝန်ကြီးဌာန အနဖြေင့် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော အထောက်အထားမဲ့ မြန်မာရေလုပ်သားများ၊ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity –CI) သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများနှင့် ပြည်ဝင်ခွင့် ဗီဇာ သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရေလုပ်သားများ လက်ရှိအလုပ်တွင် ဆက်လက် လုပ်ကိုင်နိုင်ရန် MoU စနစ်ဖြင့် ပြန်လည်စေလွှတ်ပေးမည်ဖြစ်ပြီး ရေလုပ်သားများ၏ အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်မှုများ အပြည့်အဝ ရရှိနိုင်ရေး ထိုင်းနိုင်ငံမှ အာမခံချက်များပေးနိုင်မှုအပေါ်မူတည်၍ MOU စနစ်ဖြင့် စေလွှတ်ခြင်းကို pilot project ဖြင့် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~