ဆင့္ပြားေစ်းကြက္ ျဖန္႔ခ်ိေရးလုပ္ငန္း(MLM) လုပ္ကိုင္သူမ်ားကို အေရးယူမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္မွ ထုတ္ျပန္လိုက္ၿပီးေနာက္ ကုမၸဏီ(၈)ခုမွ MLM ႏွင့္ ပတ္သက္၍ ထုတ္ျပန္

ဆင့္ပြားေစ်းကြက္ ျဖန္႔ခ်ိေရးလုပ္ငန္း(MLM) လုပ္ကိုင္သူမ်ားကို အေရးယူမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္မွ ထုတ္ျပန္လိုက္ၿပီးေနာက္ ကုမၸဏီ(၈)ခုမွ MLM ႏွင့္ ပတ္သက္၍ ထုတ္ျပန္
စက်တင်ဘာ 19, 2018
By Tachileik News Agency

ဆင့္ပြားေစ်းကြက္ ျဖန္႔ခ်ိေရးလုပ္ငန္း (MLM) လုပ္ကိုင္ေဆာင္ရြက္ျခင္း မျပဳရန္ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၈)ရက္ေန႔တြင္ တားျမစ္ လိုက္ၿပီးေနာက္ ဆင့္ပြားေစ်းကြက္ျဖန္႔ခ်ိျခင္းကို ရပ္ဆုိင္းေၾကာင္းေၾကညာသည့္ ကုမၸဏီအေရအတြက္မွာ စက္တင္ဘာလ(၁၉)ရက္ေန႔အထိ (၈)ခုရိွၿပီျဖစ္သည္။

MLM လုပ္ငန္းေဆာင္ရြက္ေနသည့္ SHINE HOPE Co.,Ltd (ရိႈင္းဟုပ္)၊ Shwe Pann Taing Co.,LTD (ေရႊပန္းတုိင္)၊ AIM STAR NETWORK Co.,LTD တုိ႔က စက္တင္ဘာလ(၁၈)ရက္ေန႔ ေန႔စြဲျဖင့္ လည္းေကာင္း၊ Double Crane (Myanmar) Co.,Ltd (စံုတြဲႀကိဳးၾကာ)၊ Lucky Time Trading Co.,Ltd၊ Successmore Being Yangon Trading Co.,Ltd၊ Myanmar Alpha International Trading Co.,Ltd တို႔က စက္တင္ဘာလ(၁၉)ရက္ေန႔ ေန႔စြဲျဖင့္လည္းေကာင္း၊ ဆင့္ပြားေစ်းကြက္ျဖန္႔ခ်ိျခင္းလုပ္ငန္းကို ရပ္ဆုိင္းေၾကာင္း ၎တို႔၏ ကိုယ္စားလွယ္မ်ားကို အသိေပးေၾကညာသည့္စာမ်ား ထုတ္ျပန္ၾကသည္ကို ေတြ႔ရသည္။

ယင္းတို႔အနက္ စက္တင္ဘာ(၁၉)ရက္ေန႔ ေန႔စြဲျဖင့္ ကိုယ္စားလွယ္မ်ားထံ အသိေပးစာထုတ္ျပန္လာသည့္ ZHULIAN Co.,Ltd (ဇူလီယမ္)တိုကမူ တာဝန္ရိွသူမ်ားႏွင့္ ညိႇႏိႈင္းမႈလုပ္ေနသျဖင့္ လက္ရိွတြင္ ကိုယ္စားလွယ္မ်ား အေနျဖင့္ ေခတၱေစာင့္ဆုိင္းရန္ဟု ေရးသားထားသည္ကို ေတြ႔ရသည္။

MLM လုပ္ကိုင္ေဆာင္ရြက္ေနသည္ကို စံုစမ္းေတြ႕ရွိပါက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒ ပုဒ္မ ၅ အရ အေရးယူခံရမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၈)ရက္ေန႔တြင္ အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ တားျမစ္လုိက္ျခင္းျဖစ္သည္။

ႏုိင္ငံေတာ္အစိုးရအဖြဲ႕၏ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ ၉၄/၂၀၁၈ အရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္ကိုက်င့္သံုး၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသည္ ဆင့္ပြား ေစ်းကြက္ျဖန္႔ခ်ိေရးလုပ္ငန္း (Multi Level Marketing –MLM)ကို တားျမစ္သည့္ အမိန္႔ ေၾကာ္ျငာစာ အမွတ္ (၄၆/၂၀၁၈)ကို ထုတ္ျပန္လုိက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ Multi-Level Marketing (MLM) (ဆင့္ပြားကြန္ရက္ခ်ိတ္ ေစ်းေရာင္းလုပ္ငန္း)မ်ားကို အဆိုပါ ေၾကျငာခ်က္မထုတ္မီ ျပည္ထဲေရးဝန္ႀကီးဌာနအေနျဖင့္ MLM ေဆာင္ရြက္သူမ်ားကို အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒ၊ ဝင္ေငြခြန္ဥပေဒႏွင့္ ကုန္သြယ္ လုပ္ငန္းခြန္ဥပေဒမ်ားျဖင့္ အေရးယူေနေၾကာင္း ျပည္ထဲေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္စိုးက ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ(၈)ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္တြင္ ေျပာၾကားထားသည္။

Multi-Level Marketing (MLM) (ဆင့္ပြားကြန္ရက္ခ်ိတ္ ေစ်းေရာင္းလုပ္ငန္း)ကို တားျမစ္ကန္႔သတ္ပိတ္ပင္ အေရးယူေဆာင္ရြက္မည့္အစီအစဥ္ကုိ ဒီဇင္ဘာလ(၈)ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝး၌ လိႈင္ မဲဆႏၵနယ္မွ ဦးေအာင္ေက်ာ္ေက်ာ္ဦးက ေမးျမန္းထားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ၂၀၀၉ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္အတြင္း Multi-Level Marketing (MLM) စနစ္ျဖင့္ ေလသန္႔ ေဆးႏွင့္ ျဖည့္စြက္အစားအစာတို႔ ျဖန္႔ျဖဴးေရာင္းခ်ခဲ့ေသာ ျပည္တြင္း ကုမၸဏီ (၂) ခု၊ ျပည္ပကုမၸဏီ (၁) ခုုတို႔ကို အေရးေပၚစီမံမႈအက္ဥပေဒ ပုဒ္မ ၅ ပုဒ္မခြဲ(ဇ)အရ ျပည္ထဲေရး ဝန္ႀကီးဌာနက စစ္ေဆး ေဖာ္ထုတ္ အေရးယူခဲ့ၿပီး အဆိုပါ ကုမၸဏီ(၃)ခုကို အမည္ပ်က္စာရင္းေရးသြင္းျခင္း၊ စာရင္းရွင္းလင္း ဖ်က္သိမ္းျခင္း၊ ကုမၸဏီပိုင္ေငြႏွင့္ ပစၥည္းမ်ားအား ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းတို႔ကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

၂၀၁၂ ခုႏွစ္တြင္ အတည္ျပဳခဲ့သည့္ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈမ်ားဥပေဒအရ ကုန္စည္ တစ္မ်ိဳးမ်ိဳးကို အေရးႀကီးကုန္စည္ အျဖစ္ သတ္မွတ္ေၾကညာၿပီး ယင္းကုန္စည္ႏွင့္စပ္လ်ဥ္း၍ တင္သြင္းမႈ၊ တင္ပို႔မႈ၊ ေရာင္းဝယ္မႈ၊ လက္ဝယ္ထားမႈ၊ သိုေလွာင္မႈ၊ သယ္ေဆာင္မႈ၊ ျဖန္႔ျဖဴးမႈ၊ အသုံးျပဳမႈ၊ စားသုံးမႈတို႔ႏွင့္ သက္ဆိုင္သည့္ကိစၥရပ္မ်ား၊ ဝန္ေဆာင္မႈတစ္မ်ိဳးမ်ိဳးကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ ေၾကညာၿပီး ယင္းဝန္ေဆာင္မႈႏွင့္ သက္ဆိုင္သည့္ ကိစၥရပ္မ်ားကို ျပည္ေထာင္စုအစိုးရအဖြဲ႔သည္ တားျမစ္မိန္႔၊ စည္းမ်ဥ္း သတ္မွတ္မိန္႔၊ ႀကီးၾကပ္မိန္႔၊ ကာကြယ္မိန္႔ႏွင့္ လိုအပ္သလို ေဆာင္ရြက္ေစသည့္ အမိန္႔ထုတ္ျပန္နိုင္ခြင့္ကို သက္ဆိုင္ရာဝန္ႀကီးဌာန တစ္ခုခုအား အပ္ႏွင္းနိုင္သည္ဟု ျပဌာန္းထားျခင္းျဖစ္သည္။

ယင္းကဲ့သို႔ ထုတ္ျပန္ထားသည့္ အမိန္႔ကို ေဖာက္ဖ်က္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက အနည္းဆုံး ေထာင္ဒဏ္ (၆)လမွ အမ်ားဆုံး ေထာင္ဒဏ္ (၃)ႏွစ္အထိ ခ်မွတ္ရမည့္ျပင္ က်ပ္(၅)သိန္းထက္ မပိုေသာ ေငြဒဏ္လည္း ခ်မွတ္ျခင္း၊ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ သက္ေသခံပစၥည္းမ်ားကို ဖ်က္ဆီးေစရန္ျဖစ္ေစ၊ နိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းေစရန္ျဖစ္ေစ၊ အျခားနည္း စီမံခန္႔ခြဲရန္ျဖစ္ေစ တရားရံုးက အမိန္႔ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

အဆုိပါ ဥပေဒပါ ျပစ္မႈမ်ားကို ရဲအေရးယူပိုင္ခြင့္ရွိေသာ ျပစ္မႈမ်ားအျဖစ္ သတ္မွတ္ထားျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် တားမြစ် လိုက်ပြီးနောက် ဆင့်ပွားဈေးကွက်ဖြန့်ချိခြင်းကို ရပ်ဆိုင်းကြောင်းကြေညာသည့် ကုမ္ပဏီအရေအတွက်မှာ စက်တင်ဘာလ(၁၉)ရက်နေ့အထိ (၈)ခုရှိပြီဖြစ်သည်။

MLM လုပ်ငန်းဆောင်ရွက်နေသည့် SHINE HOPE Co.,Ltd (ရှိုင်းဟုပ်)၊ Shwe Pann Taing Co.,LTD (ရွှေပန်းတိုင်)၊ AIM STAR NETWORK Co.,LTD တို့က စက်တင်ဘာလ(၁၈)ရက်နေ့ နေ့စွဲဖြင့် လည်းကောင်း၊ Double Crane (Myanmar) Co.,Ltd (စုံတွဲကြိုးကြာ)၊ Lucky Time Trading Co.,Ltd၊ Successmore Being Yangon Trading Co.,Ltd၊ Myanmar Alpha International Trading Co.,Ltd တို့က စက်တင်ဘာလ(၁၉)ရက်နေ့ နေ့စွဲဖြင့်လည်းကောင်း၊ ဆင့်ပွားဈေးကွက်ဖြန့်ချိခြင်းလုပ်ငန်းကို ရပ်ဆိုင်းကြောင်း၎င်းတို့၏ ကိုယ်စားလှယ်များကို အသိပေးကြေညာသည့်စာများ ထုတ်ပြန်ကြသည်ကို တွေ့ရသည်။

ယင်းတို့အနက် စက်တင်ဘာ(၁၉)ရက်နေ့ နေ့စွဲဖြင့် ကိုယ်စားလှယ်များထံ အသိပေးစာထုတ်ပြန်လာသည့် ZHULIAN Co.,Ltd (ဇူလီယမ်)တိုကမူ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုလုပ်နေသဖြင့် လက်ရှိတွင် ကိုယ်စားလှယ်များ အနဖြေင့် ခေတ္တစောင့်ဆိုင်းရန်ဟု ရေးသားထားသည်ကို တွေ့ရသည်။

MLM လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန် တားမြစ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် သြဂုတ်လ(၃၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၄/၂၀၁၈ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆင့်ပွား ဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing –MLM)ကို တားမြစ်သည့် အမိန့် ကြော်ငြာစာ အမှတ် (၄၆/၂၀၁၈)ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ Multi-Level Marketing (MLM) (ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း)များကို အဆိုပါ ကြငြောချက်မထုတ်မီ ပြည်ထဲရေးဝန်ကြီးဌာနအနဖြေင့် MLM ဆောင်ရွက်သူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေများဖြင့် အရေးယူနေကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောကြားထားသည်။

Multi-Level Marketing (MLM) (ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း)ကို တားမြစ်ကန့်သတ်ပိတ်ပင် အရေးယူဆောင်ရွက်မည့်အစီအစဉ်ကို ဒီဇင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လှိုင် မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက မေးမြန်းထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Multi-Level Marketing (MLM) စနစ်ဖြင့် လေသန့် ဆေးနှင့် ဖြည့်စွက်အစားအစာတို့ ဖြန့်ဖြူးရောင်းချခဲ့သော ပြည်တွင်း ကုမ္ပဏီ (၂) ခု၊ ပြည်ပကုမ္ပဏီ (၁) ခုတို့ကို အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)အရ ပြည်ထဲရေး ဝန်ကြီးဌာနက စစ်ဆေး ဖော်ထုတ် အရေးယူခဲ့ပြီး အဆိုပါ ကုမ္ပဏီ(၃)ခုကို အမည်ပျက်စာရင်းရေးသွင်းခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့သည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများဥပဒေအရ ကုန်စည် တစ်မျိုးမျိုးကို အရေးကြီးကုန်စည် အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်နှင့်စပ်လျဉ်း၍ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ ဝန်ဆောင်မှုတစ်မျိုးမျိုးကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်း သတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုခုအား အပ်နှင်းနိုင်သည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်ထားသည့် အမိန့်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်ရမည့်ပြင် ကျပ်(၅)သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်း၊ ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးစေရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန်ဖြစ်စေ၊ အခြားနည်း စီမံခန့်ခွဲရန်ဖြစ်စေ တရားရုံးက အမိန့်ချမှတ်နိုင်ကြောင်း သိရသည်။

အဆိုပါ ဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~