ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးအား မဲလိပ္ႏႈိက္ၿပီး ေရြးခ်ယ္မႈအေပၚ မေက်နပ္၍ ေဒသခံလူထု (၇၀၀)၀န္းက်င္ ကန္႔ကြက္ ဆႏၵထုတ္ေဖာ္

ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးအား မဲလိပ္ႏႈိက္ၿပီး ေရြးခ်ယ္မႈအေပၚ မေက်နပ္၍ ေဒသခံလူထု (၇၀၀)၀န္းက်င္ ကန္႔ကြက္ ဆႏၵထုတ္ေဖာ္
စက်တင်ဘာ 28, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္ ထံုးေပါက္ေတာေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးကို မဲလိပ္ႏိႈက္၍ ေရြးခ်ယ္ခဲ့မႈ အေပၚ ေဒသခံလူထုမွ မေက်နပ္၍ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၈)ရက္ေန႔ နံနက္ပိုင္းက ကန္႔ကြက္ ဆႏၵထုတ္ေဖာ္ရာ လူဦးေရ(၇၀၀)၀န္းက်င္ ပါ၀င္  ကန္႔ကြက္ခဲ့ၾကေၾကာင္း သိရသည္။

မေကြးၿမိဳ႕နယ္ ထံုးေပါက္ေတာေက်းရြာအုပ္စု ေဒသခံျပည္သူအင္အား(၇၀၀)ခန္႔က စက္တင္ဘာလ(၂၈)ရက္ နံနက္(၉)နာရီ အခ်ိန္ခန္႔က မေကြးၿမိဳ႕ ကန္သာရပ္ကြက္ ေအးေစတီဘုရားအနီးတြင္ စုရပ္ျပဳလုပ္၍ “မဲလိပ္ႏိႈက္ၿပီး ေရြးခ်ယ္ခန္႔အပ္ေသာ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးသစ္ - အလိုမရိွ”၊  “ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးသစ္အား မဲလိပ္ႏႈိက္ ေရြးခ်ယ္ေပးခဲ့ေသာ မေကြးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး - အလုိမရိွ”၊  “ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးသစ္အား မဲလိပ္ႏိႈက္ ေရြးခ်ယ္ေပးခဲ့ေသာ မဲဆႏၵနယ္(၁)မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ - အလိုမရိွ”၊  “ေက်းရြာလူထုဆႏၵျဖင့္ ေရြးခ်ယ္ထား ေသာ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးအား ျပန္လည္ခန္႔အပ္ေပးေရး - ဒို႔အေရး”  စသည့္ ေၾကြးေၾကာ္သံမ်ားကို ေရးထိုးထားသည့္ ဗီႏိုင္းဆိုင္းဘုတ္မ်ားကို ကိုင္ေဆာင္ကာ အ.ထ.က(၁)လမ္းအတိုင္း ၿမိဳ႕ေတာ္ခန္းမေရွ႕ အထိ စီတန္းလွည့္လည္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္မႈႏွင့္ ပတ္သက္၍ ဒုတိယအႀကိမ္ ေရြးခ်ယ္ပဲြတြင္ ေက်းရြာလူထုဆႏၵျဖင့္ ေရြးခ်ယ္ခံခဲ့ရ သည့္ ဦးေက်ာ္ဆန္းဦးက ယခုျပဳလုပ္ေသာ ဆႏၵေဖာ္ထုတ္မႈမွာ ၎၏ သေဘာဆႏၵျဖင့္ ျပဳလုပ္ျခင္း မဟုတ္ဘဲ ျပည္သူလူထုက ၎တို႔ ေရြးခ်ယ္ေပးခဲ့သည့္ ရလဒ္ကို မ်က္ကြယ္ျပဳ၍ မဲလိပ္ႏိွဳက္ ေရြးခ်ယ္ခဲ့ျခင္း အေပၚ မေက်နပ္သည့္ အတြက္ ၎တို႔၏ သေဘာဆႏၵျဖင့္ ျပဳလုပ္ၾကျခင္းသာ ျဖစ္ေၾကာင္း ဆိုသည္။

“ကြ်န္မတို႔ ျပည္သူလူထုရဲ႕ မဲဆႏၵနဲ႔ အႏိုင္ရရိွခဲ့တဲ့ အုပ္ခ်ဳပ္ေရးမွဴးကို မေပးဘဲနဲ႔ ျပည္သူလူထုကို အသိေပးျခင္း မရိွဘဲ သူတို႔ဖာသာသူတို႔ မဲလိပ္ႏိႈက္ၿပီးေရြးခ်ယ္ေပးသြားတဲ့ အုပ္ခ်ဳပ္ေရးမွဴးကို လက္မခံႏိုင္ တဲ့အတြက္ ဆႏၵေဖာ္ထုတ္ၾကတာပါ။ လႊတ္ေတာ္ကိုယ္စားလွယ္ အလိုမရိွ လို႔ေၾကြးေၾကာ္ရတာက လႊတ္ ေတာ္ကိုယ္စားလွယ္ဆိုတာ ကြ်န္မတို႔ျပည္သူေတြက ယံုၾကည္လို႔ ေရြးခ်ယ္ခန္႔အပ္ထားတာျဖစ္ပါတယ္။ အခုလို မဲလိပ္ႏိွဳက္တယ္ဆိုတာ ဥပေဒမွာလည္းမရိွဘဲ လႊတ္ေတာ္ကိုယ္စားလွယ္က မဲလိပ္ႏိွဳက္ေပးခဲ့ တာေၾကာင့္ အဲဒီလႊတ္ေတာ္အမတ္ကို အလိုမရိွ လို႔ ေၾကြးေၾကာ္ရတာပါ”ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ဦးေဆာင္လိုက္ပါသည့္ မသိန္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ အလိုမရိွ”ဟု ေၾကြးေၾကာ္ခံရမႈႏွင့္ ပတ္သက္၍ အမွတ္(၁)မဲဆႏၵနယ္၊ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဌးက ဒီမိုကေရစီစနစ္ျဖင့္ သြားေနေသာ ႏိုင္ငံျဖစ္၍ ဆႏၵထုတ္ေဖာ္ခြင့္ရိွေသာေၾကာင့္ ၎ အေနျဖင့္ ေျပာစရာ မရိွပါေၾကာင္း၊ ေက်းရြာသားမ်ား ညီညြတ္မႈ မရိွ၍ ျပည္သူလူထု ဆႏၵမဲေပးေရြးခ်ယ္မႈ ျပဳလုပ္ဦးမည္ဆိုပါက ေျပလည္မႈရရိွႏိုင္မည္မဟုတ္၍ အခ်င္းခ်င္း ေျပလည္ေအာင္ ညိႇႏိွဳင္းေဆာင္ရြက္သြားၾကရန္သာ အၾကံျပဳခဲ့ၿပီး မဲႏိွဳက္ေရြးခ်ယ္မႈျပဳရန္ ဆံုးျဖတ္အတည္ျပဳခဲ့ၾက၍ ၎အား မဲလိပ္ႏိွဳက္ေပးရန္ ေတာင္းဆိုသျဖင့္ ႏိွဳက္ေပးခဲ့ျခင္းသာျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

အမ်ားဆႏၵႏွင့္အညီ မဲေပးေရြးခ်ယ္ႏိုင္ရန္ အႀကိမ္ႀကိမ္ ေဆာင္ရြက္ခဲ့ေသာ္လည္း ညိႇႏိွဳင္းမရခဲ့၍ ၾသဂုတ္လ (၂၃)ရက္ေန႔က ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး၊ ၿမိဳ႕နယ္ပညာေရးမွဴး၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာဦးစီးမွဴးမ်ား၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ႀကီးၾကပ္ေရးအဖဲြ႔(၅) ဦးတို႔က  အေရြးခ်ယ္ခံ ႏွစ္ဦးျဖစ္သည့္ ဦးေက်ာ္ဆန္းဦး၊ ဦးျမတ္မင္းထြန္း တို႔ႏွင့္ အႀကိမ္ႀကိမ္ ညိႇႏိွဳင္းေဆြးေႏြး၍ ၎တို႔၏ သေဘာတူညီခ်က္ရယူကာ စနစ္တက် မဲႏိွဳက္ေရြးခ်ယ္မႈျဖင့္ ဦးျမတ္မင္းထြန္းက အုပ္ခ်ဳပ္ေရးမွဴးတာဝန္ ရရိွသြားခဲ့ျခင္းျဖစ္ၿပီး ယင္းသို႔ ထိုသို႔ မဲႏိွဳက္ေရြးခ်ယ္ခဲ့သည့္ အေပၚ ေက်းရြာလူထုက မေက်နပ္၍ ယခုလို ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မဲလိပ်နှိုက်၍ ရွေးချယ်ခဲ့မှု အပေါ် ဒေသခံလူထုမှ မကျေနပ်၍ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ကန့်ကွက် ဆန္ဒထုတ်ဖော်ရာ လူဦးရေ(၇၀၀)ဝန်းကျင် ပါဝင် ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု ဒေသခံပြည်သူအင်အား(၇၀၀)ခန့်က စက်တင်ဘာလ(၂၈)ရက် နံနက်(၉)နာရီ အချိန်ခန့်က မကွေးမြို့ ကန်သာရပ်ကွက် အေးစေတီဘုရားအနီးတွင် စုရပ်ပြုလုပ်၍ “မဲလိပ်နှိုက်ပြီး ရွေးချယ်ခန့်အပ်သော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် - အလိုမရှိ”၊ “ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်အား မဲလိပ်နှိုက် ရွေးချယ်ပေးခဲ့သော မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး - အလိုမရှိ”၊ “ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်အား မဲလိပ်နှိုက် ရွေးချယ်ပေးခဲ့သော မဲဆန္ဒနယ်(၁)မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် - အလိုမရှိ”၊ “ကျေးရွာလူထုဆန္ဒဖြင့် ရွေးချယ်ထား သော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်ပေးရေး - ဒို့အရေး” စသည့် ကြွေးကြော်သံများကို ရေးထိုးထားသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ အ.ထ.က(၁)လမ်းအတိုင်း မြို့တော်ခန်းမရှေ့ အထိ စီတန်းလှည့်လည်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ဒုတိယအကြိမ် ရွေးချယ်ပွဲတွင် ကျေးရွာလူထုဆန္ဒဖြင့် ရွေးချယ်ခံခဲ့ရ သည့် ဦးကျော်ဆန်းဦးက ယခုပြုလုပ်သော ဆန္ဒဖော်ထုတ်မှုမှာ၎င်း၏ သဘောဆန္ဒဖြင့် ပြုလုပ်ခြင်း မဟုတ်ဘဲ ပြည်သူလူထုက၎င်းတို့ ရွေးချယ်ပေးခဲ့သည့် ရလဒ်ကို မျက်ကွယ်ပြု၍ မဲလိပ်နှိုက် ရွေးချယ်ခဲ့ခြင်း အပေါ် မကျေနပ်သည့် အတွက်၎င်းတို့၏ သဘောဆန္ဒဖြင့် ပြုလုပ်ကြခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

“ကျွန်မတို့ ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ အနိုင်ရရှိခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို မပေးဘဲနဲ့ ပြည်သူလူထုကို အသိပေးခြင်း မရှိဘဲ သူတို့ဖာသာသူတို့ မဲလိပ်နှိုက်ပြီးရွေးချယ်ပေးသွားတဲ့ အုပ်ချုပ်ရေးမှူးကို လက်မခံနိုင် တဲ့အတွက် ဆန္ဒဖော်ထုတ်ကြတာပါ။ လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ လို့ကြွေးကြော်ရတာက လွှတ် တော်ကိုယ်စားလှယ်ဆိုတာ ကျွန်မတို့ပြည်သူတွေက ယုံကြည်လို့ ရွေးချယ်ခန့်အပ်ထားတာဖြစ်ပါတယ်။ အခုလို မဲလိပ်နှိုက်တယ်ဆိုတာ ဥပဒေမှာလည်းမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်က မဲလိပ်နှိုက်ပေးခဲ့ တာကြောင့် အဲဒီလွှတ်တော်အမတ်ကို အလိုမရှိ လို့ ကြွေးကြော်ရတာပါ”ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်လိုက်ပါသည့် မသိန်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ”ဟု ကြွေးကြော်ခံရမှုနှင့် ပတ်သက်၍ အမှတ်(၁)မဲဆန္ဒနယ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ဒီမိုကရေစီစနစ်ဖြင့် သွားနေသော နိုင်ငံဖြစ်၍ ဆန္ဒထုတ်ဖော်ခွင့်ရှိသောကြောင့်၎င်း အနဖြေင့် ပြောစရာ မရှိပါကြောင်း၊ ကျေးရွာသားများ ညီညွတ်မှု မရှိ၍ ပြည်သူလူထု ဆန္ဒမဲပေးရွေးချယ်မှု ပြုလုပ်ဦးမည်ဆိုပါက ပြေလည်မှုရရှိနိုင်မည်မဟုတ်၍ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်သွားကြရန်သာ အကြံပြုခဲ့ပြီး မဲနှိုက်ရွေးချယ်မှုပြုရန် ဆုံးဖြတ်အတည်ပြုခဲ့ကြ၍၎င်းအား မဲလိပ်နှိုက်ပေးရန် တောင်းဆိုသဖြင့် နှိုက်ပေးခဲ့ခြင်းသာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အများဆန္ဒနှင့်အညီ မဲပေးရွေးချယ်နိုင်ရန် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း ညှိနှိုင်းမရခဲ့၍ သြဂုတ်လ (၂၃)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးမှူးများ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြီးကြပ်ရေးအဖွဲ့(၅) ဦးတို့က အရွေးချယ်ခံ နှစ်ဦးဖြစ်သည့် ဦးကျော်ဆန်းဦး၊ ဦးမြတ်မင်းထွန်း တို့နှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေး၍၎င်းတို့၏    သဘောတူညီချက်ရယူကာ စနစ်တကျ မဲနှိုက်ရွေးချယ်မှုဖြင့် ဦးမြတ်မင်းထွန်းက အုပ်ချုပ်ရေးမှူးတာဝန် ရရှိသွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ထိုသို့ မဲနှိုက်ရွေးချယ်ခဲ့သည့် အပေါ် ကျေးရွာလူထုက မကျေနပ်၍ ယခုလို ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~