မေကြးၿမိဳ႕နယ္ ထံုးေပါက္ေတာေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ပြဲႏွင့္ ပတ္သက္၍ ေဒသခံလူထု မေက်နပ္မႈမ်ား ျဖစ္ေပၚ

မေကြးၿမိဳ႕နယ္ ထံုးေပါက္ေတာေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ပြဲႏွင့္ ပတ္သက္၍ ေဒသခံလူထု မေက်နပ္မႈမ်ား ျဖစ္ေပၚ
စက်တင်ဘာ 26, 2018
By Tachileik News Agency

မေကြးၿမိဳ႕နယ္၊ ထံုးေပါက္ေတာေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးကို ေရြးေကာက္ပြဲက်င္းပၿပီး (၈)လၾကာသည္ အထိ အမ်ားမဲဆႏၵျဖင့္ အတည္ျပဳေရြးခ်ယ္ႏုိင္ျခင္း မရိွသျဖင့္ မဲႏႈိက္ေရြးခ်ယ္လုိက္ရာ ေဒသခံလူထုက မေက်မနပ္ျဖစ္ေနေၾကာင္း သိရသည္။

“ထံုးေပါက္ေတာေက်းရြာအုပ္စုမွာ ရြာ(၅)ရြာရိွၿပီး ႀကီးၾကပ္ေရးအဖဲြ႔အေနနဲ႔ကလည္း တစ္ရြာကို တစ္ေယာက္နဲ႔ (၅)ေယာက္ျဖစ္ပါတယ္။၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ(၂၂)ရက္ေန႔ကတည္းက ေရြးခ်ယ္ပဲြျပဳလုပ္ခဲ့တာမွာ ၂၀၁၈ ခုႏွစ္ (၈)လပိုင္းအထိ အုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္အတည္ျပဳႏိုင္ျခင္း မရိွခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္ (၈)လပိုင္း (၂၃)ရက္ေန႔မွာေတာ့ ၿမိဳ႕နယ္ေထြအုပ္ရံုးမွာ အဖဲြ႔စံုနဲ႔ ေတြ႔ဆံုညိႇႏိွဳင္းၿပီး ကာယကံရွင္(၂)ဦး သေဘာတူေၾကာင္း လက္မွတ္ေရးထိုးၾကၿပီး စနစ္တက်နဲ႔ မဲႏိွဳက္ေရြးခ်ယ္ အတည္ျပဳခဲ့တာပါ”ဟု အုပ္ခ်ဳပ္ေရးမွဴးႀကီးၾကပ္ေရးအဖဲြ႔ဝင္ ဦးစိုးဝင္းက ေျပာသည္။

ယင္းကဲ့သို႔ မဲႏိႈက္ေရြးခ်ယ္ျခင္းကို ထံုးေပါက္ေတာေက်းရြာမွ ေဒသခံမ်ားက ေက်နပ္မႈ မရိွသျဖင့္ ဆႏၵေဖာ္ထုတ္ရန္ မေကြးၿမိဳ႕ နယ္ရဲတပ္ဖဲြ႔မွဴးရံုးသို႔ အသိေပးစာေပးပို႔တင္ျပထားေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇႏၷဝါရီ(၄)ရက္ေန႔တြင္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ရန္ ႀကီးၾကပ္ေရးအဖဲြ႔၏ သေဘာတူညီခ်က္အရ တစ္ရြာလွ်င္ မဲပံုးတစ္ပံုးေထာင္၍ အေရြးခ်ယ္ခံပုဂၢိဳလ္(၂)ဦးကို မဲေပးေရြးခ်ယ္ခဲ့ၾကေသာ္လည္း ရရိွသည့္မဲအေရအတြက္ႏွင့္ ပယ္မဲအေရအတြက္ပါ တူညီေနၾကသျဖင့္ ဒုတိယအႀကိမ္ ေရြးခ်ယ္ပဲြျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။

“ဒုတိယအႀကိမ္ ေရြးခ်ယ္ပဲြျပဳလုပ္ခဲ့ေပမဲ့ ပထမအႀကိမ္တုန္းက ပယ္မဲသတ္မွတ္ခ်က္အေပၚနဲ႔ မဲေပးခြင့္နဲ႔ ပတ္သက္ၿပီး စည္းကမ္းညီညြတ္မႈမရိွတဲ့အေပၚ သက္ဆိုင္ရာေတြဆီ စာတင္ၿပီး ဆံုးျဖတ္ခ်က္ ေတာင္းခံထားတာကို အေၾကာင္းျပန္ၾကားျခင္းမရိွေသးဘဲ လုပ္တာျဖစ္လို႔ ဆိုၿပီး ဒုတိယအႀကိမ္ေရြးခ်ယ္ပဲြ ကို ရြာ(၂)ရြာကလည္း မဲလာမထည့္ၾကသလို ႀကီးၾကပ္ေရးမွဴး(၂)ဦးနဲ႔ အေရြးခ်ယ္ခံပုဂၢိဳလ္ ဦးျမတ္မင္း ထြန္းကလည္း လာေရာက္ ျခင္းမရိွခဲ့ပါဘူး။ ဒါ့ေၾကာင့္ အဲဒီေရြးခ်ယ္ပဲြရလဒ္ကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက အတည္ျပဳမေပးႏိုင္ခဲ့ဘဲ တစ္ရြာကို မဲတစ္ပံုးေထာင္ၿပီး တတိယအႀကိမ္ ေရြးခ်ယ္ပဲြလုပ္ဖို႔ ညႊန္ၾကားပါ တယ္။ အဲဒီညႊန္ၾကားခ်က္ကို အေရြးခ်ယ္ခံပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ ဦးေက်ာ္ဆန္းဦး ဘက္က သေဘာမတူ တာေၾကာင့္ အႀကိမ္ႀကိမ္ ညိွႏိွဳင္း ခဲ့ၾကေပမယ့္ မေအာင္ျမင္ခဲ့လို႔ အခုလို ႏွစ္ဦးသေဘာတူ မဲႏိွဳက္ ေရြး ခ်ယ္ေပးခဲ့ရတာျဖစ္ပါတယ္”ဟု ႀကီးၾကပ္ေရးမွဴး တစ္ဦးျဖစ္သူ ဦးသိန္းေဇာ္က ေျပာသည္။

အမ်ားဆႏၵႏွင့္အညီ မဲေပးေရြးခ်ယ္ႏိုင္ရန္ အႀကိမ္ႀကိမ္ ေဆာင္ရြက္ခဲ့ေသာ္လည္း ညိႇႏိွဳင္းမရခဲ့၍ ၾသဂုတ္လ(၂၃)ရက္ေန႔တြင္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ၿမိဳ႕နယ္ရဲ တပ္ဖဲြ႔မွဴး၊ ၿမိဳ႕နယ္ပညာေရးမွဴး၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာဦးစီးမွဴးမ်ား၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ႀကီးၾကပ္ေရးအဖဲြ႔(၅) ဦးတို႔က  အေရြးခ်ယ္ခံႏွစ္ဦးျဖစ္သည့္ ဦးေက်ာ္ဆန္းဦး၊ ဦးျမတ္မင္းထြန္း တို႔ႏွင့္ အႀကိမ္ႀကိမ္ ညိႇႏိွဳင္းေဆြးေႏြး၍ ၎တို႔၏ သေဘာတူညီခ်က္ရယူကာ စနစ္တက် မဲႏိွဳက္ေရြးခ်ယ္မႈျဖင့္ ဦးျမတ္မင္းထြန္းက အုပ္ခ်ဳပ္ေရးမွဴးတာဝန္ ရရိွသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့နယ်၊ ထုံးပေါက်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ရွေးကောက်ပွဲကျင်းပပြီး (၈)လကြာသည် အထိ အများမဲဆန္ဒဖြင့် အတည်ပြုရွေးချယ်နိုင်ခြင်း မရှိသဖြင့် မဲနှိုက်ရွေးချယ်လိုက်ရာ ဒေသခံလူထုက မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

“ထုံးပေါက်တောကျေးရွာအုပ်စုမှာ ရွာ(၅)ရွာရှိပြီး ကြီးကြပ်ရေးအဖွဲ့အနေနဲ့ကလည်း တစ်ရွာကို တစ်ယောက်နဲ့ (၅)ယောက်ဖြစ်ပါတယ်။၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့ကတည်းက ရွေးချယ်ပွဲပြုလုပ်ခဲ့တာမှာ ၂၀၁၈ ခုနှစ် (၈)လပိုင်းအထိ အုပ်ချုပ်ရေးမှူး ရွေးချယ်အတည်ပြုနိုင်ခြင်း မရှိခဲ့တာကြောင့် ၂၀၁၈ ခုနှစ် (၈)လပိုင်း (၂၃)ရက်နေ့မှာတော့ မြို့နယ်ထွေအုပ်ရုံးမှာ အဖွဲ့စုံနဲ့ တွေ့ဆုံညှိနှိုင်းပြီး ကာယကံရှင်(၂)ဦး သဘောတူကြောင်း လက်မှတ်ရေးထိုးကြပြီး စနစ်တကျနဲ့ မဲနှိုက်ရွေးချယ် အတည်ပြုခဲ့တာပါ”ဟု အုပ်ချုပ်ရေးမှူးကြီးကြပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်းက ပြောသည်။

ယင်းကဲ့သို့ မဲနှိုက်ရွေးချယ်ခြင်းကို ထုံးပေါက်တောကျေးရွာမှ ဒေသခံများက ကျေနပ်မှု မရှိသဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ အသိပေးစာပေးပို့တင်ပြထားကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန္နဝါရီ(၄)ရက်နေ့တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့၏ သဘောတူညီချက်အရ တစ်ရွာလျှင် မဲပုံးတစ်ပုံးထောင်၍ အရွေးချယ်ခံပုဂ္ဂိုလ်(၂)ဦးကို မဲပေးရွေးချယ်ခဲ့ကြသော်လည်း ရရှိသည့်မဲအရေအတွက်နှင့် ပယ်မဲအရေအတွက်ပါ တူညီနကြေသဖြင့် ဒုတိယအကြိမ် ရွေးချယ်ပွဲပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ဒုတိယအကြိမ် ရွေးချယ်ပွဲပြုလုပ်ခဲ့ပေမဲ့ ပထမအကြိမ်တုန်းက ပယ်မဲသတ်မှတ်ချက်အပေါ်နဲ့ မဲပေးခွင့်နဲ့ ပတ်သက်ပြီး စည်းကမ်းညီညွတ်မှုမရှိတဲ့အပေါ် သက်ဆိုင်ရာတွေဆီ စာတင်ပြီး ဆုံးဖြတ်ချက် တောင်းခံထားတာကို အကြောင်းပြန်ကြားခြင်းမရှိသေးဘဲ လုပ်တာဖြစ်လို့ ဆိုပြီး ဒုတိယအကြိမ်ရွေးချယ်ပွဲ ကို ရွာ(၂)ရွာကလည်း မဲလာမထည့်ကြသလို ကြီးကြပ်ရေးမှူး(၂)ဦးနဲ့ အရွေးချယ်ခံပုဂ္ဂိုလ် ဦးမြတ်မင်း ထွန်းကလည်း လာရောက် ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် အဲဒီရွေးချယ်ပွဲရလဒ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုမပေးနိုင်ခဲ့ဘဲ တစ်ရွာကို မဲတစ်ပုံးထောင်ပြီး တတိယအကြိမ် ရွေးချယ်ပွဲလုပ်ဖို့ ညွှန်ကြားပါ တယ်။ အဲဒီညွှန်ကြားချက်ကို အရွေးချယ်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်းဦး ဘက်က သဘောမတူ တာကြောင့် အကြိမ်ကြိမ် ညှိနှိုင်း ခဲ့ကြပေမယ့် မအောင်မြင်ခဲ့လို့ အခုလို နှစ်ဦးသဘောတူ မဲနှိုက် ရွေး ချယ်ပေးခဲ့ရတာဖြစ်ပါတယ်”ဟု ကြီးကြပ်ရေးမှူး တစ်ဦးဖြစ်သူ ဦးသိန်းဇော်က ပြောသည်။

အများဆန္ဒနှင့်အညီ မဲပေးရွေးချယ်နိုင်ရန် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း ညှိနှိုင်းမရခဲ့၍ သြဂုတ်လ(၂၃)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲ တပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးမှူးများ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြီးကြပ်ရေးအဖွဲ့(၅) ဦးတို့က အရွေးချယ်ခံနှစ်ဦးဖြစ်သည့် ဦးကျော်ဆန်းဦး၊ ဦးမြတ်မင်းထွန်း တို့နှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေး၍၎င်းတို့၏ သဘောတူညီချက်ရယူကာ စနစ်တကျ မဲနှိုက်ရွေးချယ်မှုဖြင့် ဦးမြတ်မင်းထွန်းက အုပ်ချုပ်ရေးမှူးတာဝန် ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~