မယ္ဆိုင္ၿမိဳ႕တြင္ ေရလွ်ံမႈေၾကာင့္ တင္က်န္ခဲ့သည့္ ရႊံ႕မ်ားအား သက္ဆိုင္ရာမ်ားက ရွင္းလင္း

မယ္ဆိုင္ၿမိဳ႕တြင္ ေရလွ်ံမႈေၾကာင့္ တင္က်န္ခဲ့သည့္ ရႊံ႕မ်ားအား သက္ဆိုင္ရာမ်ားက ရွင္းလင္း
စက်တင်ဘာ 18, 2018
By Tachileik News Agency

ထိုင္း - ျမန္မာနယ္စပ္ေဒသ၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ဘက္ရွိ ခ်စ္ၾကည္ေရးတံတား (၁)ႏွင့္ မယ္ဆိုင္ၿမိဳ႕မ ရဲစခန္းအၾကား  ပလက္ေဖာင္းေရေျမာင္းမွ တဆင့္ထြက္လာၿပီး ေရႏွင့္အတူပါလာကာ တင္က်န္ခဲ့သည့္ ရႊံ႕မ်ားအား မယ္ဆိုင္ၿမိဳ႕နယ္မွ သက္ဆိုင္ရာဌာနမ်ားက စက္တင္ဘာလ (၁၈)ရက္ေန႔ နံနက္ပိုင္းက ရွင္းလင္းေနသည္ကို ေတြ႔ရွိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္း လူသူသြားလာမႈအမ်ားဆံုးေနရာတို႔တြင္ ယခုလို ႀကံဳေတြ႕ရပါက သက္ဆိုင္ရာ ဌာနမ်ားက အျမန္ဆံုးလာေရာက္၍ ရွင္းလင္းျခင္း ႏွင့္အတူ ျပဳျပင္မႈမ်ားကို အလ်င္အမိ လုပ္ေဆာင္ေလ့ ရွိေၾကာင္း သိရသည္။

ထိုင္း - ျမန္မာ နယ္စပ္ေဒသ မယ္ဆိုင္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၁၇)ရက္ေန႔ ညပိုင္းက မိုးရြာသြန္းၿပီး ေတာင္က်ေရေၾကာင့္ ႏွစ္ဖက္ၿမိဳ႕တို႔၏ အနိမ့္ပိုင္းတို႔တြင္ ေရလွ်ံမႈမ်ား ျဖစ္ေပၚမႈႏွင့္ ႀကံဳေတြ႔ခဲ့ရၿပီး စက္တင္ဘာလ(၁၈)ရက္ေန႔ နံနက္ပိုင္းက စ၍ ေရကင္းျဖင့္ ေစာင့္ၾကည့္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
Photo: เทศบาลตำบลแม่สาย



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ရှိ ချစ်ကြည်ရေးတံတား (၁)နှင့် မယ်ဆိုင်မြို့မ ရဲစခန်းအကြား ပလက်ဖောင်းရေမြောင်းမှ တဆင့်ထွက်လာပြီး ရေနှင့်အတူပါလာကာ တင်ကျန်ခဲ့သည့် ရွှံ့များအား မယ်ဆိုင်မြို့နယ်မှ သက်ဆိုင်ရာဌာနများက စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းက ရှင်းလင်းနေသည်ကို တွေ့ရှိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း လူသူသွားလာမှုအများဆုံးနေရာတို့တွင် ယခုလို ကြုံတွေ့ရပါက သက်ဆိုင်ရာ ဌာနများက အမြန်ဆုံးလာရောက်၍ ရှင်းလင်းခြင်း နှင့်အတူ ပြုပြင်မှုများကို အလျင်အမိ လုပ်ဆောင်လေ့ ရှိကြောင်း သိရသည်။

ထိုင်း - မြန်မာ နယ်စပ်ဒေသ မယ်ဆိုင် နှင့် တာချီလိတ်မြို့တို့တွင် ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ ညပိုင်းက မိုးရွာသွန်းပြီး တောင်ကျရေကြောင့် နှစ်ဖက်မြို့တို့၏ အနိမ့်ပိုင်းတို့တွင် ရေလျှံမှုများ ဖြစ်ပေါ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက စ၍ ရေကင်းဖြင့် စောင့်ကြည့်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
Photo: เทศบาลตำบลแม่สาย

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~