မိုင္းတံုၿမိဳ႕တြင္ ဇနီးျဖစ္သူႏွင့္(၁၁)လသားအရြယ္ ကေလးငယ္ကို ဓါးျဖင့္ ခုတ္သတ္ကာ မိမိကိုယ္တိုင္လည္း ေသေၾကာင္းႀကံမႈ ျဖစ္ပြား

မိုင္းတံုၿမိဳ႕တြင္ ဇနီးျဖစ္သူႏွင့္(၁၁)လသားအရြယ္ ကေလးငယ္ကို ဓါးျဖင့္ ခုတ္သတ္ကာ မိမိကိုယ္တိုင္လည္း ေသေၾကာင္းႀကံမႈ ျဖစ္ပြား
စက်တင်ဘာ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မုိင္းတံုၿမိဳ႕နယ္၊ လြယ္ခမ္းလံုေက်းရြာအုပ္စု၊ ပါခတ္ေက်းရြာတြင္ ဇနီးႏွင့္ အသက္(၁၁)လအရြယ္သားတို႔ကို ဓါးျဖင့္ခုတ္သတ္ၿပီး မိမိကိုယ္ကို လည္ပင္းဓါးျဖင့္လွီး၊ ဗိုက္ကို ဓါးျဖင့္ထုိးခြဲကာ ေသေၾကာင္းႀကံသည့္ အမ်ိဳးသားအား ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၀၉ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ပါခတ္ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၃၁) ရက္ေန႔ ည(၇)နာရီခြဲအခ်ိန္က ဓါးခုတ္မႈျဖစ္ပြားသည့္ အိမ္သို႔ ရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးရာ က်သိန္းကို ေနအိမ္ အိမ္ေရွ႕ခန္းတြင္ ေစာင္ၿခံဳလ်က္ေတြ႔ရၿပီး ၎သည္ ေဆးေၾကာင္ၿပီး မိန္းမႏွင့္ကေလးအား သတ္ျခင္း မဟုတ္ေၾကာင္း၊ စိတ္ဆိုး၍ သတ္ျခင္း ျဖစ္ေၾကာင္းႏွင့္ ကိုယ္တိုင္လည္း ဓါးျဖင့္ထိုးထားေၾကာင္း ေျပာဆိုသည္ဟု သိရသည္။

က်သိန္း၏  ဝမ္းဗိုက္ႏွင့္ လည္ပင္းတို႔တြင္ ဓါးဒဏ္ရာမ်ားေတြ႔ရကာ အသက္(၁၈)ႏွစ္အရြယ္ ဇနီးျဖစ္သူ မနာေအာတိႏွင့္ အသက္(၁၁)လအရြယ္ သားျဖစ္သူ ေမာင္သိန္းလွျမင့္တုိ႔မွာ လည္ပင္းျပတ္ရွ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္၏ မီးဖိုခန္းတြင္ ေသြးမ်ားေပက်ံေနသည့္ ဓါးဦးခၽြန္(၃)ေခ်ာင္းကိုလည္း စစ္ေဆးေတြ႔ရိွရၿပီး ေသဆံုးသူမ်ားႏွင့္ ဒဏ္ရာရသူတို႔အား မုိင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

က်သိန္းအား မိုင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၀၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု၊ ပါခတ်ကျေးရွာတွင် ဇနီးနှင့် အသက်(၁၁)လအရွယ်သားတို့ကို ဓားဖြင့်ခုတ်သတ်ပြီး မိမိကိုယ်ကို လည်ပင်းဓားဖြင့်လှီး၊ ဗိုက်ကို ဓားဖြင့်ထိုးခွဲကာ သေကြောင်းကြံသည့် အမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ပါခတ်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃၁) ရက်နေ့ ည(၇)နာရီခွဲအချိန်က ဓားခုတ်မှုဖြစ်ပွားသည့် အိမ်သို့ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ကျသိန်းကို နေအိမ် အိမ်ရှေ့ခန်းတွင် စောင်ခြုံလျက်တွေ့ရပြီး၎င်းသည် ဆေးကြောင်ပြီး မိန်းမနှင့်ကလေးအား သတ်ခြင်း မဟုတ်ကြောင်း၊ စိတ်ဆိုး၍ သတ်ခြင်း ဖြစ်ကြောင်းနှင့် ကိုယ်တိုင်လည်း ဓားဖြင့်ထိုးထားကြောင်း ပြောဆိုသည်ဟု သိရသည်။

ကျသိန်း၏ ဝမ်းဗိုက်နှင့် လည်ပင်းတို့တွင် ဓားဒဏ်ရာများတွေ့ရကာ အသက်(၁၈)နှစ်အရွယ် ဇနီးဖြစ်သူ မနာအောတိနှင့် အသက်(၁၁)လအရွယ် သားဖြစ်သူ မောင်သိန်းလှမြင့်တို့မှာ လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါ နေအိမ်၏ မီးဖိုခန်းတွင် သွေးများပေကျံနေသည့် ဓားဦးချွန်(၃)ချောင်းကိုလည်း စစ်ဆေးတွေ့ရှိရပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူတို့အား မိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျသိန်းအား မိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~