မိုင်းတုံမြို့တွင် နမ့်တုံချောင်းရေလျှံမှုကြောင့် ရေကြီးပြီး ကိုယ်ထူကိုယ်ထရေအားလျှပ်စစ် ဆည်ကျိုးသဖြင့် လျှပ်စစ်မီးပြတ်တောက်နေ
မိုင်းတုံမြို့တွင် နမ့်တုံချောင်းရေလျှံမှုကြောင့် ရေကြီးပြီး ကိုယ်ထူကိုယ်ထရေအားလျှပ်စစ် ဆည်ကျိုးသဖြင့် လျှပ်စစ်မီးပြတ်တောက်နေ
စကျတငျဘာ 1, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တုံချောင်း ရေကြီး ရေလျှံမှုကြောင့် ၂၀၁၈ ခုနှစ်၊ သြဂုတ် (၃၀) ရက်နေ့က ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်၏ ဆည်ကျိုးပေါက်သွားသဖြင့် လျှပ်စစ်ဓါတ်အားပြတ်တောက်နေကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တုံချောင်း ရကြေီး ရေလျှံမှုကြောင့် ၂၀၁၈ ခုနှစ်၊ သြဂုတ် (၃၀) ရက်နေ့က ရကြေီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်၏ ဆည်ကျိုးပေါက်သွားသဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။
“မြို့ရဲ့ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ်ထုတ်တဲ့နေရာက ဆည်ကျိုးသွားလို့ မီးလင်းရေးကော်မတီတော့ အစည်းအဝေး ထိုင်နကြေတယ်။ အဲဒီကမှ ဘာဆက်လုပ်ကြမလဲဆိုတာ အဖြေထွက်မှာပါ။ ပြုပြင်ဖို့ ငွေကြေးလို အပ်ချက်ကို ဘယ်ကရှာဖွေရမလဲ ဆိုတာလည်း ဆွေးနွေးကြရမှာ။ လောလောဆယ်တော့ မီးမပေးနိုင်သေးဘူး”ဟု မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းတုံမြို့တွင် သြဂုတ် (၃၀) ရက်နေ့က နံနက်(၄)နာရီခွဲခန့်က ချောင်းရေလျှံမှုကြောင့် မိုင်းဆတ်-မိုင်းတုံ-မိုင်းပန်ကားလမ်းမရေကျော်ပြီး နောင်ပါရင်ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်(၃၃)လုံးနှင့် တောင်သူ(၂၁၇)ဦး၏ လယ်မြေ (၃၆၅ .၂၅) ဧက ရေနစ်မြုပ်သွားကာ နံနက်(၉)နာရီခွဲဝန်းကျင်တွင် ရေကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~