တာခ်ီလိတ္ - မယ္ဆိုင္ အၾကား ေခ်ာင္းေရလွ်ံမႈ အေျခအေန ေရကင္းျဖင့္ ေစာင့္ၾကည့္ေန

တာခ်ီလိတ္ - မယ္ဆိုင္ အၾကား ေခ်ာင္းေရလွ်ံမႈ အေျခအေန ေရကင္းျဖင့္ ေစာင့္ၾကည့္ေန
စက်တင်ဘာ 18, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ေခ်ာင္းျဖစ္သည့္ မယ္ဆုိင္ေခ်ာင္းေရမွာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၈)ရက္ေန႔ နံနက္ပိုင္းက အနည္းငယ္ျမင့္တက္ လာသျဖင့္ ေခ်ာင္းေဘးရိွ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ အနိမ့္ပိုင္းတုိ႔တြင္ ေရဝင္သြားခဲ့ၿပီး မယ္ဆုိင္ေခ်ာင္းေရကို ေရကင္းျဖင့္ ေစာင့္ၾကည့္မႈမ်ား လုပ္ေဆာင္ေနၾကသည္။

“မယ္ဆုိင္ေခ်ာင္းေရက မနက္က တက္လာၿပီး အခုေတာ့က်သြားပါၿပီ။ ေရကင္းေစာင့္တဲ့အဖြဲ႕လည္း ေစာင့္ၾကည့္ေနပါတယ္။ ကၽြန္ေတာ္တုိ႔ ဒီဘက္ကအဖြဲ႕နဲ႔ မယ္ဆုိင္ဘက္က တာဝန္ရိွသူေတြလည္း ေခ်ာင္းေရ အေျခအေန၊ ေရတက္တဲ့ အေျခအေန သြားစစ္ေဆးထားပါတယ္။ သဘာဝေဘးစီမံခန္႔ခြဲမႈ ေကာ္မတီေတြ အေနနဲ႔လည္း လူမႈေရးအသင္းအဖြဲ႕ေတြ၊ အေရးေပၚလိုအပ္ရင္ လွဴဒါန္းမယ့္ အလွဴရွင္ေတြနဲ႔ ေတြ႔ဆံုၿပီး အေရးေပၚတုန္႔ျပန္ေဆာင္ရြက္မယ့္ အစီအစဥ္ေတြ ညိႇႏိႈင္းေဆြးေႏြးထားပါတယ္။ ေခ်ာင္းေရတက္တဲ့ အေျခအေနကလည္း လက္ရိွ အခ်ိန္ထိ စိုးရိမ္စရာေတာ့ မရိွပါဘူး”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ စက္တင္ဘာလ(၁၇)ရက္ေန႔ ညပိုင္းက မိုးသည္းထန္စြာ ရြာသြန္းၿပီးေနာက္ မယ္ဆုိင္ေခ်ာင္းေရ ႏွင့္ ေတာင္က်ေရေၾကာင့္ ပုန္းထြန္၊ မကာဟိုခမ္း၊ မယ္ေခါင္၊ ဆန္ဆုိင္း(က) ႏွင့္ အနိမ့္ပိုင္းမ်ား၊ မယ္ဆိုင္ေခ်ာင္းေဘးရိွ တာေလာ့ရပ္ကြက္တုိ႔ရိွ ေနအိမ္၊ ဆုိင္ခန္းအခ်ိဳ႕ႏွင့္ လမ္းမ်ားတြင္ ေရအနည္းငယ္ ဝင္ေရာက္ခဲ့ျခင္းျဖစ္သည္။

“ဒီမနက္ (၈)နာရီခြဲေလာက္ကတည္းက ေရကင္း စေစာင့္ၾကတာ။ ဌာနဆုိင္ရာေတြေရာ၊ မီးသတ္၊ လူမႈေရးအဖြဲ႕စံု ပါ ပါတယ္။ အခုေတာ့ ေရက (၂)ေပေလာက္ က်သြားပါၿပီ။ ညကမိုးရြာတဲ့ ေတာင္က်ေရေၾကာင့္ တက္လာတာ။ ေရကင္းအဖြဲ႕ကေတာ့ လူေပါင္း(၁၀၀)ေလာက္ရိွတယ္။ သက္ဆုိင္ရာေတြလည္း လာၾကည့္ ေနၾကပါတယ္။ ထုိင္းဘက္က တာဝန္ရိွသူေတြလည္း ပါတယ္”ဟု ေရကင္းအဖြဲ႕တြင္ ပါဝင္သည့္ လူမႈကူညီေရးအဖြဲ႕ျဖစ္သည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေန႔လယ္ (၁၂)နာရီအခ်ိန္တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မယ္ဆုိင္ၿမိဳ႕ဘက္တြင္လည္း မယ္ဆိုင္ေခ်ာင္းေရတက္ေနသျဖင့္ စက္တင္ဘာလ (၁၈)ရက္ေန႔က ေခ်ာင္းေဘး တစ္ေလွ်ာက္ ေနအိမ္မ်ား၊ ဆုိင္ခန္းမ်ားတြင္ ေရဝင္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ဘက္တြင္ ေရႀကီး ေရလွ်ံမႈျဖစ္ပြားပါက အေရးေပၚကူညီမႈမ်ား လုပ္ေဆာင္ရန္ သက္ဆုိင္ရာ ဌာနမ်ား၊ အေရးေပၚျဖစ္ပြားပါက လွဴဒါန္းမည့္ အလွဴရွင္မ်ားႏွင့္ လူမႈကူညီေရးအသင္းအဖြဲ႕မ်ားက အေရးေပၚ တုန္႔ျပန္မႈ အစီအစဥ္မ်ားကို အဆင္သင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ယခင္က မယ္ဆုိင္ေခ်ာင္းအတြင္း မယ္ဆုိင္လယ္သမားမ်ားက ေရတားမ်ား ျပဳလုပ္ထားျခင္းကို ႏွစ္ႏုိင္ငံ အႀကိမ္ႀကိမ္ေဆြးေႏြးမႈမ်ားျဖင့္ ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ အၿပီးသတ္ဖယ္ရွားႏုိင္ခဲ့ၿပီးေနာက္ ႏွစ္စဥ္ မယ္ဆုိင္ေခ်ာင္းေရလွ်ံမႈကို ခံစားေနရသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ယခုႏွစ္အတြင္း ေရဝင္နစ္ျမဳပ္မႈ ေလ်ာ့နည္းလာသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - ဦးတင့္ေဆြ ၊ ကိုေနမ်ဳိး


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းရေမှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက အနည်းငယ်မြင့်တက် လာသဖြင့် ချောင်းဘေးရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အနိမ့်ပိုင်းတို့တွင် ရေဝင်သွားခဲ့ပြီး မယ်ဆိုင်ချောင်းရေကို ရေကင်းဖြင့် စောင့်ကြည့်မှုများ လုပ်ဆောင်နကြေသည်။

“မယ်ဆိုင်ချောင်းရေက မနက်က တက်လာပြီး အခုတော့ကျသွားပါပြီ။ ရေကင်းစောင့်တဲ့အဖွဲ့လည်း စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ ဒီဘက်ကအဖွဲ့နဲ့ မယ်ဆိုင်ဘက်က တာဝန်ရှိသူတွေလည်း ချောင်းရေ အခြေအနေ၊ ရေတက်တဲ့ အခြေအနေ သွားစစ်ဆေးထားပါတယ်။ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတွေ အနေနဲ့လည်း လူမှုရေးအသင်းအဖွဲ့တွေ၊ အရေးပေါ်လိုအပ်ရင် လှူဒါန်းမယ့် အလှူရှင်တွေနဲ့ တွေ့ဆုံပြီး အရေးပေါ်တုန့်ပြန်ဆောင်ရွက်မယ့် အစီအစဉ်တွေ ညှိနှိုင်းဆွေးနွေးထားပါတယ်။ ချောင်းရေတက်တဲ့ အခြေအနေကလည်း လက်ရှိ အချိန်ထိ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် စက်တင်ဘာလ(၁၇)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မယ်ဆိုင်ချောင်းရေ နှင့် တောင်ကျရေကြောင့် ပုန်းထွန်၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း(က) နှင့် အနိမ့်ပိုင်းများ၊ မယ်ဆိုင်ချောင်းဘေးရှိ တာလော့ရပ်ကွက်တို့ရှိ နေအိမ်၊ ဆိုင်ခန်းအချို့နှင့် လမ်းများတွင် ရေအနည်းငယ် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ဒီမနက် (၈)နာရီခွဲလောက်ကတည်းက ရေကင်း စစောင့်ကြတာ။ ဌာနဆိုင်ရာတွေရော၊ မီးသတ်၊ လူမှုရေးအဖွဲ့စုံ ပါ ပါတယ်။ အခုတော့ ရေက (၂)ပေလောက် ကျသွားပါပြီ။ ညကမိုးရွာတဲ့ တောင်ကျရေကြောင့် တက်လာတာ။ ရေကင်းအဖွဲ့ကတော့ လူပေါင်း(၁၀၀)လောက်ရှိတယ်။ သက်ဆိုင်ရာတွေလည်း လာကြည့် နကြေပါတယ်။ ထိုင်းဘက်က တာဝန်ရှိသူတွေလည်း ပါတယ်”ဟု ရေကင်းအဖွဲ့တွင် ပါဝင်သည့် လူမှုကူညီရေးအဖွဲ့ဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက နေ့လယ် (၁၂)နာရီအချိန်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မြို့ဘက်တွင်လည်း မယ်ဆိုင်ချောင်းရေတက်နေသဖြင့် စက်တင်ဘာလ (၁၈)ရက်နေ့က ချောင်းဘေး တစ်လျှောက် နေအိမ်များ၊ ဆိုင်ခန်းများတွင် ရေဝင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ဘက်တွင် ရကြေီး ရေလျှံမှုဖြစ်ပွားပါက အရေးပေါ်ကူညီမှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာ ဌာနများ၊ အရေးပေါ်ဖြစ်ပွားပါက လှူဒါန်းမည့် အလှူရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက အရေးပေါ် တုန့်ပြန်မှု အစီအစဉ်များကို အဆင်သင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ယခင်က မယ်ဆိုင်ချောင်းအတွင်း မယ်ဆိုင်လယ်သမားများက ရေတားများ ပြုလုပ်ထားခြင်းကို နှစ်နိုင်ငံ အကြိမ်ကြိမ်ဆွေးနွေးမှုများဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးသတ်ဖယ်ရှားနိုင်ခဲ့ပြီးနောက် နှစ်စဉ် မယ်ဆိုင်ချောင်းရေလျှံမှုကို ခံစားနေရသည့် တာချီလိတ်မြို့တွင် ယခုနှစ်အတွင်း ရေဝင်နစ်မြုပ်မှု လျော့နည်းလာသည်ကို တွေ့ရသည်။

Tachileik News Agency
ဓာတ်ပုံ - ဦးတင့်ဆွေ၊ ကိုနေမျိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~