နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ တရားမ၀င္ သစ္(၈)တန္ေက်ာ္ကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ

နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္ တရားမ၀င္ သစ္(၈)တန္ေက်ာ္ကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိ
စက်တင်ဘာ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မုိင္းခုတ္ၿမိဳ႕ မိုင္းဆတ္ - မုိင္းခုတ္ကားလမ္းေဘး ႐ႈခင္းသာ(၂)ႏွင့္ ႐ႈခင္းသာ(၃)ေက်းရြာၾကား ေတာစပ္တြင္ စုပံုထားသည့္ တရားမ၀င္ ပိေတာက္သစ္ခဲြသားဆိုဒ္စုံ (၆ . ၇၉)တန္ႏွင့္ ပိေတာက္သစ္လုံး (၁ . ၈၈)တန္ စုစုေပါင္း(၈.၆၇)တန္အား ပိုင္ရွင္မဲ့ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

နယ္ေျမခံတပ္နယ္မွ ဒုတိယဗိုလ္မွဴးႀကီးေဇာ္မ်ဳိးထက္၊ က်ဳိင္းတုံၿမိဳ႕ ဒုတိယျပည္နယ္သစ္ေတာဦးစီးဌာန ေတာအုပ္ႀကီး ဦးသန္းေအာင္ေက်ာ္၊ မိုင္းဆတ္ၿမိဳ႕နယ္သစ္ေတာဦးစီးဌာန ေတာအုပ္ ဦးေအာင္ႏိုင္ဦး၊ မိုင္းခုတ္ၿမဳိ႕အုပ္ခ်ဳပ္ေရးမွဴး ဦးလင္းမင္းထြန္းႏွင့္ စခန္းမွဴး ရဲအုပ္ၫႊန္႔၀င္းေဆြတို႔ ဦးေဆာင္ေသာ ပူးေပါင္း အဖဲြ႔သည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာ (၁၇) ရက္ေန႔ ညေန (၃) နာရီခဲြက နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ေနစဥ္ မိုင္းဆတ္ - မိုင္းခုတ္ကားလမ္း မိုင္တိုင္အမွတ္(၄၃)ႏွင့္(၄၄)ၾကား၊ ႐ႈခင္းသာ(၂)ႏွင့္႐ႈခင္းသာ(၃)ေက်းရြာၾကား ေတာစပ္တြင္ စုပုံ သို၀ွက္ထားေသာ တရားမ၀င္ပိေတာက္သစ္ခဲြသားဆိုဒ္စုံ(၂၇)ေခ်ာင္းႏွင့္ ပိေတာက္သစ္လုံး(၂)လုံးတို႔ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သစ္ခြဲသားႏွင့္ သစ္လံုးမ်ားကို မိုင္းခုတ္ၿမိဳ႕သစ္ေတာ႐ုံး၀င္းသို႔ သယ္ေဆာင္ၿပီး သစ္္ေတာဦးစီးဌာန၊ စီမံခန္႔ခဲြမႈအရ သိမ္းဆည္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း -  သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ မိုင်းဆတ် - မိုင်းခုတ်ကားလမ်းဘေး ရှုခင်းသာ(၂)နှင့် ရှုခင်းသာ(၃)ကျေးရွာကြား တောစပ်တွင် စုပုံထားသည့် တရားမဝင် ပိတောက်သစ်ခွဲသားဆိုဒ်စုံ (၆ . ၇၉)တန်နှင့် ပိတောက်သစ်လုံး (၁ . ၈၈)တန် စုစုပေါင်း(၈.၆၇)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားကြောင်း သိရသည်။

နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်၊ ကျိုင်းတုံမြို့ ဒုတိယပြည်နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးသန်းအောင်ကျော်၊ မိုင်းဆတ်မြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးအောင်နိုင်ဦး၊ မိုင်းခုတ်မြို့အုပ်ချုပ်ရေးမှူး ဦးလင်းမင်းထွန်းနှင့် စခန်းမှူး ရဲအုပ်ညွှန့်ဝင်းဆွေတို့ ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်နေ့ ညနေ (၃) နာရီခွဲက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းဆတ် - မိုင်းခုတ်ကားလမ်း မိုင်တိုင်အမှတ်(၄၃)နှင့်(၄၄)ကြား၊ ရှုခင်းသာ(၂)နှင့်ရှုခင်းသာ(၃)ကျေးရွာကြား တောစပ်တွင် စုပုံ သိုဝှက်ထားသော တရားမဝင်ပိတောက်သစ်ခွဲသားဆိုဒ်စုံ(၂၇)ချောင်းနှင့် ပိတောက်သစ်လုံး(၂)လုံးတို့ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ခွဲသားနှင့် သစ်လုံးများကို မိုင်းခုတ်မြို့သစ်တောရုံးဝင်းသို့ သယ်ဆောင်ပြီး သစ်တောဦးစီးဌာန၊ စီမံခန့်ခွဲမှုအရ သိမ်းဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~