Writen by
Web Admin
11:01:00 PM
-
0
Comments
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရိွ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ အတြင္း က်င္းပေနသည့္ မဟာေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၉)ရက္ေန႔ကစ၍ စတင္က်င္းပေနေၾကာင္း သိရသည္။
အဆိုပါ ေက်ာင္းတိုက္တြင္ စက္တင္ဘာလ(၂၃)ရက္ေန႔အထိ ပြဲခင္းမ်ားရွိေနမည္ျဖစ္ၿပီး စက္တင္ဘာလ(၂၄)ရက္ေန႔တြင္ ေရစက္ခ်တရားေတာ္နာယူျခင္း အခမ္းအနားက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ပြဲေတာ္ကာလအတြင္း၌ ရွမ္းရိုးရာအစားအစာမ်ား ႏွင့္ အျခား အစားအစာမ်ားကို ေရာင္းခ်ေနသည္ကို ေတြ႔ရွိရၿပီး ကေလးမ်ား ကစားရန္အတြက္ ကစားကြင္းမ်ား၊ ရဟတ္မ်ား အျပင္ အေပ်ာ္တန္း ကစားနည္းမ်ားလည္း ပါ၀င္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္အတြင္း ပထမဆံုး မဟာေဝသႏၲရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲကို ဆန္ဆိုင္း(ခ)ရိွ သီရိမဂၤလာဆန္ဆိုင္းေက်ာင္းတိုက္တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔မွစ၍ (၁၇)ရက္ေန႔အထိ က်င္းပခဲ့ၿပီးေနာက္ မဟာျမတ္မုနိေက်ာင္းတုိက္တြင္ ဒုတိယေျမာက္ က်င္းပ ေနျခင္းျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕တြင္ မဟာေဝသႏၱရာဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ပြဲမ်ားကို ရွမ္းဘုန္းႀကီးေက်ာင္းတုိက္မ်ား အလုိက္ က်င္းပေလ့ရိွေၾကာင္း သိရသည္။
Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် အတွင်း ကျင်းပနေသည့် မဟာဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ကစ၍ စတင်ကျင်းပနေကြောင်း သိရသည်။
အဆိုပါ ကျောင်းတိုက်တွင် စက်တင်ဘာလ(၂၃)ရက်နေ့အထိ ပွဲခင်းများရှိနေမည်ဖြစ်ပြီး စက်တင်ဘာလ(၂၄)ရက်နေ့တွင် ရေစက်ချတရားတော်နာယူခြင်း အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း၌ ရှမ်းရိုးရာအစားအစာများ နှင့် အခြား အစားအစာများကို ရောင်းချနေသည်ကို တွေ့ရှိရပြီး ကလေးများ ကစားရန်အတွက် ကစားကွင်းများ၊ ရဟတ်များ အပြင် အပျော်တန်း ကစားနည်းများလည်း ပါဝင်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံး မဟာဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို ဆန်ဆိုင်း(ခ)ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှစ၍ (၁၇)ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် မဟာမြတ်မုနိကျောင်းတိုက်တွင် ဒုတိယမြောက် ကျင်းပ နခြေင်းဖြစ်သည်။
တာချီလိတ်မြို့တွင် မဟာဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲများကို ရှမ်းဘုန်းကြီးကျောင်းတိုက်များ အလိုက် ကျင်းပလေ့ရှိကြောင်း သိရသည်။
Tachileik News Agency
No comments
Post a Comment
:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::