ေက်ာက္မဲၿမိဳ႕ (မဂၤလာေစ်း) မနက္ခင္းေစ်းေရွ႕ လမ္းေပၚတြင္ ေရာင္းခ်ေနသည့္ ပ်ံက်ေစ်းသည္မ်ား ေအာက္တိုဘာလမွစ၍ ေစ်းအတြင္းသို႔ ေျပာင္းေရႊ႕ ေရာင္းခ်ရမည္

ေက်ာက္မဲၿမိဳ႕ (မဂၤလာေစ်း) မနက္ခင္းေစ်းေရွ႕ လမ္းေပၚတြင္ ေရာင္းခ်ေနသည့္ ပ်ံက်ေစ်းသည္မ်ား ေအာက္တိုဘာလမွစ၍ ေစ်းအတြင္းသို႔ ေျပာင္းေရႊ႕ ေရာင္းခ်ရမည္
စက်တင်ဘာ 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ (မဂၤလာေစ်း) မနက္ခင္းေစ်းေရွ႕ ေရႊဖီဦးလမ္းေပၚတြင္ ေရာင္းခ် ေနသည့္ ပံ်က်ေစ်းသည္မ်ား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁) ရက္ေန႔မွစတင္၍ ေစ်းအတြင္း ေျပာင္းေရႊ႕ေရာင္းခ်ရမည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ နယ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

“လမ္းမႀကီးေဘးတစ္ေလွ်ာက္ ေနထိုင္သူေတြရဲ႕ အိမ္ေရွ႕။ ၿခံေရွ႕ေတြမွာ ေစ်းေရာင္းခ်ေနတာျဖစ္တဲ့ အတြက္ အမိႈက္သရိုက္ေတြ ပြတာရယ္၊ အနံ႔အသက္နဲ႔ ဆူညံသံေတြရယ္ေၾကာင့္ တိုင္ၾကားတာေတြ ရွိလာတယ္။ လမ္းမရဲ႕ ေဘးႏွစ္ဖက္မွာ ေနရာယူၿပီး ေရာင္းၾကတာျဖစ္တဲ့အတြက္ ယာဥ္ေၾကာၾကပ္တည္း တာေတြလည္း ပါတယ္။ ဒါေၾကာင့္ အဲဒီေစ်းသည္ေတြနဲ႔ တိုင္ပင္ခဲ့တယ္။ ေျပာင္းေရႊ႕ဖို႔လည္း အခ်ိန္ ႏွစ္လေလာက္ႀကိဳတင္အသိေပးၿပီး လာမယ့္ ေအာက္တိုဘာလ (၁) ရက္ေန႔မွာ ေစ်းအတြင္းကို ေျပာင္းေရႊ႕ေရာင္းခ်ေစမွာျဖစ္ပါတယ္”ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ မနက္ခင္းေစ်းျဖစ္သည့္ မဂၤလာေစ်း(ေစ်းသစ္)အတြင္း ေစ်းဆိုင္ခန္းမ်ားကို ေနရာခ်ထားေပး ထားေသာ္လည္း အခ်ိဳ႕ေစ်းသည္မ်ားမွာ ေစ်းအတြင္း ေနရာယူေရာင္းခ်ျခင္းမရွိဘဲ ေစ်းအေရွ႕ရွိ လမ္းမႀကီးေဘး ႏွစ္ဖက္တြင္ ေနရာယူေရာင္းခ်ေနျခင္းေၾကာင့္ အနီးပတ္ဝန္းက်င္တြင္ ေနထိုင္သူမ်ား အေနွာင့္အယွက္ျဖစ္၍ တုိင္ၾကားမႈမ်ား ရိွလာျခင္းျဖစ္သည္။

“ၿပီးခဲ့တဲ့ ႏွစ္လေလာက္ကတည္းက အဲ့ဒီေနရာမွာေရာင္းခ်ေနတဲ့ ေစ်းသည္ေတြကို ၿမိဳ႕ေတာ္ခန္းမမွာ ေခၚယူ ေတြ႔ဆံုၿပီး ေနရာေရႊ႕ေရာင္းဖို႔အတြက္ အခ်ိန္လည္း သတ္မွတ္ေပးခဲ့ပါတယ္။ သူတို႔ကလည္း ေရႊ႕ေပးဖို႔ သေဘာ တူၾကပါတယ္။ ေစ်းအတြင္း ဝင္မေရာင္းလိုသူေတြအေနနဲ႔လည္း အမွတ္(၈)ရပ္ကြက္က အခြန္လြတ္ေစ်းမွာ သြားၿပီး ေရာင္းခ်လို႔လည္းရပါတယ္” ဟု စည္ပင္သာယာေရးေကာ္မတီ ဥကၠဌက ေျပာသည္။

အမွတ္(၆)ရပ္ကြက္ ေရႊဖီဦးလမ္းနံေဘး မဂၤလာေစ်းအနီး ေစ်းျပင္ပတြင္ ေစ်းသည္မ်ားက နံနက္ (၂) နာရီခန္႔မွ စတင္၍ ေနရာယူ ဆိုင္ခန္းဖြင့္လွစ္ေရာင္းခ်ျခင္းမ်ားေၾကာင့္ စြန္႔ပစ္အမႈိက္မ်ား ရႈပ္ပြျခင္း၊ ေစ်းသည္မ်ား ေနရာယူထားသည့္ ေရႊဖီဦးလမ္းမွာ ေက်ာက္မဲ-မိုးကုတ္ အေဝးေျပးလမ္းမႀကီး ျဖစ္ေနျခင္းတို႔ေၾကာင့္ ယာဥ္ေၾကာက်ပ္တည္းမႈတို႔ ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေက်ာက္မဲ စည္ပင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ (မင်္ဂလာဈေး) မနက်ခင်းဈေးရှေ့ ရွှေဖီဦးလမ်းပေါ်တွင် ရောင်းချ နေသည့် ပျံကျဈေးသည်များ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ဈေးအတွင်း ပြောင်းရွှေ့ရောင်းချရမည်ဖြစ်ကြောင်း ကျောက်မဲမြို့ နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“လမ်းမကြီးဘေးတစ်လျှောက် နေထိုင်သူတွေရဲ့ အိမ်ရှေ့။ ခြံရှေ့တွေမှာ ဈေးရောင်းချနေတာဖြစ်တဲ့ အတွက် အမှိုက်သရိုက်တွေ ပွတာရယ်၊ အနံ့အသက်နဲ့ ဆူညံသံတွေရယ်ကြောင့် တိုင်ကြားတာတွေ ရှိလာတယ်။ လမ်းမရဲ့ ဘေးနှစ်ဖက်မှာ နေရာယူပြီး ရောင်းကြတာဖြစ်တဲ့အတွက် ယာဉ်ကြောကြပ်တည်း တာတွေလည်း ပါတယ်။ ဒါကြောင့် အဲဒီဈေးသည်တွေနဲ့ တိုင်ပင်ခဲ့တယ်။ ပြောင်းရွှေ့ဖို့လည်း အချိန် နှစ်လလောက်ကြိုတင်အသိပေးပြီး လာမယ့် အောက်တိုဘာလ (၁) ရက်နေ့မှာ ဈေးအတွင်းကို ပြောင်းရွှေ့ရောင်းချစေမှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့တွင် မနက်ခင်းဈေးဖြစ်သည့် မင်္ဂလာဈေး(ဈေးသစ်)အတွင်း ဈေးဆိုင်ခန်းများကို နေရာချထားပေး ထားသော်လည်း အချို့ဈေးသည်များမှာ ဈေးအတွင်း နေရာယူရောင်းချခြင်းမရှိဘဲ ဈေးအရှေ့ရှိ လမ်းမကြီးဘေး နှစ်ဖက်တွင် နေရာယူရောင်းချနခြေင်းကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ အနှောင့်အယှက်ဖြစ်၍ တိုင်ကြားမှုများ ရှိလာခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက အဲ့ဒီနေရာမှာရောင်းချနေတဲ့ ဈေးသည်တွေကို မြို့တော်ခန်းမမှာ ခေါ်ယူ တွေ့ဆုံပြီး နေရာရွှေ့ရောင်းဖို့အတွက် အချိန်လည်း သတ်မှတ်ပေးခဲ့ပါတယ်။ သူတို့ကလည်း ရွှေ့ပေးဖို့ သဘော တူကြပါတယ်။ ဈေးအတွင်း ဝင်မရောင်းလိုသူတွေအနေနဲ့လည်း အမှတ်(၈)ရပ်ကွက်က အခွန်လွတ်ဈေးမှာ သွားပြီး ရောင်းချလို့လည်းရပါတယ်” ဟု စည်ပင်သာယာရေးကော်မတီ ဥက္ကဌက ပြောသည်။

အမှတ်(၆)ရပ်ကွက် ရွှေဖီဦးလမ်းနံဘေး မင်္ဂလာဈေးအနီး ဈေးပြင်ပတွင် ဈေးသည်များက နံနက် (၂) နာရီခန့်မှ စတင်၍ နေရာယူ ဆိုင်ခန်းဖွင့်လှစ်ရောင်းချခြင်းများကြောင့် စွန့်ပစ်အမှိုက်များ ရှုပ်ပွခြင်း၊ ဈေးသည်များ နေရာယူထားသည့် ရွှေဖီဦးလမ်းမှာ ကျောက်မဲ-မိုးကုတ် အဝေးပြေးလမ်းမကြီး ဖြစ်နခြေင်းတို့ကြောင့် ယာဉ်ကြောကျပ်တည်းမှုတို့ ဖြစ်ပွားနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကျောက်မဲ စည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~