Update News

မယ္ဆိုင္ ေတာ၀က္ေဘာလံုးအသင္း၏ နည္းျပ ထိုင္းႏိုင္ငံ ဗုဒၶတကၠသိုလ္၏ ဆုခ်ီးျမႇင့္ျခင္း ခံရ

ထိုင္းႏိုင္ငံ မယ္ဆိုင္ဂူအတြင္းမွ ကယ္ဆယ္ခဲ့သည့္ ေတာဝက္ေဘာလံုး အသင္းနည္းျပလူငယ္ အိုက္ခ္ခ်န္တဝမ္အား ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၁)ရက္ေန႔တြင္ က်ေရာက္သည့္ ႏုိင္ငံတကာ ၿငိမ္းခ်မ္းေရးေန႔၌ ထိုင္းႏိုင္ငံ မဟာခ်ဴလာေလာင္ကြန္ ဗုဒၶတကၠသိုလ္က ၿငိမ္းခ်မ္းေရးဆုကို ခ်ီးျမႇင့္ လိုက္ေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသည့္ ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္(၁၂)ဦးအား တရားထုိင္ျခင္းျဖင့္ စိတ္တည္ၿငိမ္ေစရန္ ဦးေဆာင္လမ္းျပ ေဆာင္ရြက္ေပးခဲ့သျဖင့္ အသက္(၂၅)ႏွစ္ရွိ နည္းျပအား အဆိုပါ ဗုဒၶတကၠသိုလ္၏ ပါေမာကၡခ်ဳပ္ဆရာေတာ္က  ၿငိမ္းခ်မ္းေရးဆု ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕ရိွ ထမ့္လြမ္ဂူအတြင္း ေဒသတြင္း လူငယ္ေဘာလံုးအသင္းျဖစ္သည့္ ေတာဝက္အသင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပျဖစ္သူ အိုက္ခ္တို႔ ပိတ္မိေနစဥ္အတြင္း ဂူအတြင္း၌ ကေလးမ်ား စိတ္တည္ၿငိမ္ေစရန္အတြက္ တရားထုိင္ေစရန္ နည္းလမ္းမ်ား ျပေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇြန္လ(၂၃)ရက္ေန႔ ေန႔လယ္ပိုင္းက ေဘာလံုးေလ့က်င့္အၿပီး ဂူအတြင္းဝင္ေရာက္သြားသည့္ ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္ ကစားသမား (၁၂)ဦး ႏွင့္ နည္းျပတစ္ဦး အပါအ၀င္ (၁၃)ဦးသည္ ဂူအတြင္းမွ  ျပန္အထြက္တြင္ ဂူအတြင္းေရမ်ား ဝင္လာသျဖင့္ ေရလြတ္ရာ ဂူအတြင္းပိုင္း ကုန္းအျမင့္ရိွရာကို ရွာေဖြခိုေအာင္းေနၾကျခင္းျဖစ္ရာ ျပန္လည္မထြက္လာႏိုင္ေတာ့သည့္အတြက္ ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရး သတ္မွတ္ကာ ျမန္မာႏိုင္ငံအပါအ၀င္ ႏိုင္ငံေပါင္း (၂၀)ေက်ာ္တို႔၏ ကယ္ဆယ္ေရး ကၽြမ္းက်င္သူမ်ား အကူအညီျဖင့္ ကယ္ဆယ္ေရးကို ခက္ခက္ခဲခဲ ေဆာင္ရြက္ခဲ့ၾကရျခင္း ျဖစ္သည္။

မယ္ဆိုင္ဂူအတြင္း  (၁၀)ရက္ၾကာ အစာမစားရဘဲ ဂူအမိုးမွ က်သည့္ေရကိုသာ ေသာက္ေနခဲ့ရသည့္ ေတာဝက္ေဘာလံုးအသင္းမွ အသင္းသား(၁၂)ေယာက္ႏွင့္ နည္းျပတုိ႔အား ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၀)ရက္ေန႔တြင္ ဂူအတြင္းမွ အားလံုးကို ကယ္ထုတ္ႏုိင္ခဲ့ၿပီးေနာက္ ဇူလုိင္လ (၁၈)ရက္ေန႔တြင္ က်န္းမာေရး ေကာင္းမြန္ၿပီျဖစ္သည့္အတြက္ မိဘမ်ားထံ ျပန္လည္ေနထိုင္ခဲ့ၾကၿပီး ေတာဝက္ေဘာလံုးအသင္းမွ လူငယ္ (၁၂)ဦးသည္ မယ္ဆုိင္ၿမိဳ႕ လိြဳင္တံုးေတာင္ရိွ ဓာတ္ေတာ္ေစတီ ညီေနာင္ရင္ျပင္တြင္ ထုိင္းဗုဒၶဘာသာ ထံုးစံအတုိင္း ရွင္ျပဳမဂၤလာျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၅)ရက္ေန႔တြင္ သကၤန္းဝတ္ၾကသည္။

မယ္ဆုိင္ဂူအတြင္းမွ ကယ္ဆယ္ခဲ့သည့္ ေတာဝက္ေဘာလံုးအသင္း၏ နည္းျပ အုိက္ခ္ႏွင့္ ေဘာလံုးအသင္းမွ ကေလးငယ္(၃)ဦးမွာ ႏုိင္ငံမဲ့မ်ားျဖစ္ေနသည့္ အတြက္ ထုိင္းအာဏာပိုင္မ်ားက ၎တို႔၏ ႏုိင္ငံသားျဖစ္ခြင့္ႏွင့္ ပတ္သက္၍ စိစစ္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္ (၄)ဦးလံုးကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၈)ေန႔က ႏုိင္ငံသားကတ္မ်ား ထုတ္ေပးခဲ့ၾကသည္။

ယခုအခါတြင္ ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္ ကစားသမား (၁၂)ဦးသည္ အတန္းပညာမ်ားကို သင္ယူေနလ်က္ရွိၿပီး နည္းျပမွာ ပံုမွန္အတိုင္းေနထိုင္ေနလ်က္ရွိသည္။

Tachileik News Agency
ဓါတ္ပံု - m.sawitree,seawhoo yi,พระครูรัตนมุนี









~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့သည့် တောဝက်ဘောလုံး အသင်းနည်းပြလူငယ် အိုက်ခ်ချန်တဝမ်အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့၌ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ်က ငြိမ်းချမ်းရေးဆုကို ချီးမြှင့် လိုက်ကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းမှ လူငယ်(၁၂)ဦးအား တရားထိုင်ခြင်းဖြင့် စိတ်တည်ငြိမ်စေရန် ဦးဆောင်လမ်းပြ ဆောင်ရွက်ပေးခဲ့သဖြင့် အသက်(၂၅)နှစ်ရှိ နည်းပြအား အဆိုပါ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်က ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်း ဒေသတွင်း လူငယ်ဘောလုံးအသင်းဖြစ်သည့် တောဝက်အသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြဖြစ်သူ အိုက်ခ်တို့ ပိတ်မိနေစဉ်အတွင်း ဂူအတွင်း၌ ကလေးများ စိတ်တည်ငြိမ်စေရန်အတွက် တရားထိုင်စေရန် နည်းလမ်းများ ပြပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဘောလုံးလေ့ကျင့်အပြီး ဂူအတွင်းဝင်ရောက်သွားသည့် တောဝက်ဘောလုံးအသင်းမှ လူငယ် ကစားသမား (၁၂)ဦး နှင့် နည်းပြတစ်ဦး အပါအဝင် (၁၃)ဦးသည် ဂူအတွင်းမှ ပြန်အထွက်တွင် ဂူအတွင်းရေများ ဝင်လာသဖြင့် ရေလွတ်ရာ ဂူအတွင်းပိုင်း ကုန်းအမြင့်ရှိရာကို ရှာဖွေခိုအောင်းနကြခြေင်းဖြစ်ရာ ပြန်လည်မထွက်လာနိုင်တော့သည့်အတွက် နိုင်ငံတော်အဆင့် ကယ်ဆယ်ရေး သတ်မှတ်ကာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၀)ကျော်တို့၏ ကယ်ဆယ်ရေး ကျွမ်းကျင်သူများ အကူအညီဖြင့် ကယ်ဆယ်ရေးကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရခြင်း ဖြစ်သည်။

မယ်ဆိုင်ဂူအတွင်း (၁၀)ရက်ကြာ အစာမစားရဘဲ ဂူအမိုးမှ ကျသည့်ရေကိုသာ သောက်နေခဲ့ရသည့် တောဝက်ဘောလုံးအသင်းမှ အသင်းသား(၁၂)ယောက်နှင့် နည်းပြတို့အား ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် ဂူအတွင်းမှ အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ဇူလိုင်လ (၁၈)ရက်နေ့တွင် ကျန်းမာရေး ကောင်းမွန်ပြီဖြစ်သည့်အတွက် မိဘများထံ ပြန်လည်နေထိုင်ခဲ့ကြပြီး တောဝက်ဘောလုံးအသင်းမှ လူငယ် (၁၂)ဦးသည် မယ်ဆိုင်မြို့ လွိုင်တုံးတောင်ရှိ ဓာတ်တော်စေတီ ညီနောင်ရင်ပြင်တွင် ထိုင်းဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရှင်ပြုမင်္ဂလာဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် သင်္ကန်းဝတ်ကြသည်။

မယ်ဆိုင်ဂူအတွင်းမှ ကယ်ဆယ်ခဲ့သည့် တောဝက်ဘောလုံးအသင်း၏ နည်းပြ အိုက်ခ်နှင့် ဘောလုံးအသင်းမှ ကလေးငယ်(၃)ဦးမှာ နိုင်ငံမဲ့များဖြစ်နေသည့် အတွက် ထိုင်းအာဏာပိုင်များက၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ စိစစ်မှုများ လုပ်ဆောင်ပြီးနောက် (၄)ဦးလုံးကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၈)နေ့က နိုင်ငံသားကတ်များ ထုတ်ပေးခဲ့ကြသည်။

ယခုအခါတွင် တောဝက်ဘောလုံးအသင်းမှ လူငယ် ကစားသမား (၁၂)ဦးသည် အတန်းပညာများကို သင်ယူနေလျက်ရှိပြီး နည်းပြမှာ ပုံမှန်အတိုင်းနေထိုင်နေလျက်ရှိသည်။

Tachileik News Agency
ဓာတ်ပုံ - m.sawitree,seawhoo yi,พระครูรัตนมุนี

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::