ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ယာဥ္ထိန္းတပ္ဖြဲ႕ဝင္ တစ္ဦးလွ်င္ ေမာ္ေတာ္ယာဥ္ (၄၇၅)စီးေက်ာ္ႏႈန္း တာဝန္ယူ ထိန္းသိမ္းေနရ

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ယာဥ္ထိန္းတပ္ဖြဲ႕ဝင္ တစ္ဦးလွ်င္ ေမာ္ေတာ္ယာဥ္ (၄၇၅)စီးေက်ာ္ႏႈန္း တာဝန္ယူ ထိန္းသိမ္းေနရ
စက်တင်ဘာ 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္ စုစုေပါင္း (၁၅၈) ဦးရွိၿပီး ယာဥ္မ်ိဳးစံု အစီးေရေပါင္း (၇၅,၁၉၄) စီးရွိသည့္ အတြက္ ယာဥ္ထိန္းတပ္ဖြ႔ဲဝင္တစ္ဦးလွ်င္ ေမာ္ေတာ္ယာဥ္ (၄၇၅) စီးေက်ာ္ႏႈန္းျဖင့္ ထိန္းသိမ္းတာဝန္ ထမ္းေဆာင္ေနရေၾကာင္း အမွတ္(၂၀) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႔ခြဲဌာန၏ စာရင္းအရ သိရသည္။

“ယာဥ္ထိန္းရဲတပ္ဖြဲ႔အေနနဲ႔ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ ကင္းရွင္းေရးလုပ္ငန္းတာဝန္ေတြကို ယာဥ္ထိန္း ရဲတပ္ဖြဲ႔ရဲ႕ ရည္မွန္းခ်က္ တာဝန္ (၅)ရပ္နဲ႔အညီ ေဆာင္ရြက္ေနတဲ့အျပင္ အျပည္ျပည္ဆိုင္ရာ က်င့္သံုးေနတဲ့ နည္းစနစ္ (၅)မ်ိဳးျဖစ္တဲ့ ( 5E System ) နဲ႔လည္း ေမာ္ေတာ္ယာဥ္ေတြကို ထိန္းသိမ္း ေဆာင္ရြက္ေနပါတယ္။ ရွမ္းေျမာက္မွာဆိုရင္ ယာဥ္ထိန္းတစ္ဦးကို ယာဥ္မ်ိဳးစံု (၄၇၅.၉၁) စီးႏႈန္းနဲ႔ ထိန္းသိမ္းေနရတဲ့ အေနအထား မွာရွိပါတယ္” ဟု အမွတ္(၂၀)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႔ခြဲ( ရွမ္း/ေျမာက္)မွ တပ္ဖြဲ႔ခြဲမွဴး ရဲမွဴး မ်ိဳးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ၂၀၁၆ ခုႏွစ္အတြင္း ယာဥ္မေတာ္တဆမႈ (၅၆၁)မႈျဖစ္ပြားကာ (၇၀၆) ဦး ဒဏ္ရာရရွိခဲ့ကာ ( ၂၆၁)ဦး ေသဆံုးခဲ့ၿပီး ၂၀၁၇ ခုႏွစ္အတြင္း ယာဥ္မေတာ္တဆမႈ ( ၅၈၄)မႈျဖစ္ပြားကာ (၇၆၄)ဦး ဒဏ္ရာရရွိခဲ့ရာ ( ၂၄၂) ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

ယာဥ္မေတာ္ တဆမႈေၾကာင့္ ဒဏ္ရာရ၊ ေသဆံုးသူမ်ားမွာ အသက္ (၂၀) ႏွစ္မွ (၃၀) ႏွစ္ၾကား အမ်ားစု ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ၂၀၁၇ ခုႏွစ္အတြင္း စည္းကမ္းပ်က္ေမာ္ေတာ္ယာဥ္(၉၇၈)စီး၊ စည္းကမ္းပ်က္ ေမာ္ေတာ္ဆိုင္ကယ္ ( ၂၀၉၉)စီး၊ ေထာ္လာဂ်ီ (၃)စီး ႏွင့္ သံုးဘီးယာဥ္ ( ၃၇ )စီးတို႔ကို စစ္ေဆးအေရးယူ ေဆာင္ရြက္ႏိုင္ခဲ့ၿပီး ႏိုင္ငံေတာ္ ဘ႑ာေငြ အျဖစ္ တရားရံုးဒဏ္ေငြ (၆၂,၅၂၅,၀၀၀) က်ပ္ရရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း (၁၅၈) ဦးရှိပြီး ယာဉ်မျိုးစုံ အစီးရေပေါင်း (၇၅,၁၉၄) စီးရှိသည့် အတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးလျှင် မော်တော်ယာဉ် (၄၇၅) စီးကျော်နှုန်းဖြင့် ထိန်းသိမ်းတာဝန် ထမ်းဆောင်နေရကြောင်း အမှတ်(၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲဌာန၏ စာရင်းအရ သိရသည်။

“ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းတာဝန်တွေကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက် တာဝန် (၅)ရပ်နဲ့အညီ ဆောင်ရွက်နေတဲ့အပြင် အပြည်ပြည်ဆိုင်ရာ ကျင့်သုံးနေတဲ့ နည်းစနစ် (၅)မျိုးဖြစ်တဲ့ ( 5E System ) နဲ့လည်း မော်တော်ယာဉ်တွေကို ထိန်းသိမ်း ဆောင်ရွက်နေပါတယ်။ ရှမ်းမြောက်မှာဆိုရင် ယာဉ်ထိန်းတစ်ဦးကို ယာဉ်မျိုးစုံ (၄၇၅.၉၁) စီးနှုန်းနဲ့ ထိန်းသိမ်းနေရတဲ့ အနေအထား မှာရှိပါတယ်” ဟု အမှတ်(၂၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ( ရှမ်း/မြောက်)မှ တပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၆၁)မှုဖြစ်ပွားကာ (၇၀၆) ဦး ဒဏ်ရာရရှိခဲ့ကာ ( ၂၆၁)ဦး သေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ( ၅၈၄)မှုဖြစ်ပွားကာ (၇၆၄)ဦး ဒဏ်ရာရရှိခဲ့ရာ ( ၂၄၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်မတော် တဆမှုကြောင့် ဒဏ်ရာရ၊ သေဆုံးသူများမှာ အသက် (၂၀) နှစ်မှ (၃၀) နှစ်ကြား အများစု ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း စည်းကမ်းပျက်မော်တော်ယာဉ်(၉၇၈)စီး၊ စည်းကမ်းပျက် မော်တော်ဆိုင်ကယ် ( ၂၀၉၉)စီး၊ ထော်လာဂျီ (၃)စီး နှင့် သုံးဘီးယာဉ် ( ၃၇ )စီးတို့ကို စစ်ဆေးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် တရားရုံးဒဏ်ငွေ (၆၂,၅၂၅,ဝဝဝ) ကျပ်ရရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~