လားရႈိးၿမိဳ႕ရွိ ဟိုတယ္ႏွင့္ခရီးသြားလာေရးဌာနပိုင္ ၿခံ၀န္းအတြင္းမွ ဆိုင္ခန္းကို ဥပေဒအရ ႏွင္စာထုတ္၍ ရွင္းလင္းဖယ္ရွား

လားရႈိးၿမိဳ႕ရွိ ဟိုတယ္ႏွင့္ခရီးသြားလာေရးဌာနပိုင္ ၿခံ၀န္းအတြင္းမွ ဆိုင္ခန္းကို ဥပေဒအရ ႏွင္စာထုတ္၍ ရွင္းလင္းဖယ္ရွား
စက်တင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ရပ္ကြက္ (၉)ရွိ ဟိုတယ္ႏွင့္ခရီးသြားလာေရးဌာနပိုင္ ၿခံဝန္း အတြင္းမွ ဆိုင္ခန္းမ်ားကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၅)ရက္ေန႔ နံနက္အေစာပိုင္းက ၁၉၅၅ ခုႏွစ္၊ အစိုးရ အိမ္ဥပစာ ႏွင္ထုတ္ေရး ဥပေဒအရ ဖယ္ရွားလုိက္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕၊ ရပ္ကြက္(၉)၊ နယ္ေျမ(၃)ရွိ၊ အကြက္အမွတ္(၁၀)ဦးပိုင္အမွတ္(၁၁)ေနရာရွိ (၀.၄၁၁)ဧကတြင္ ဌာန၏ ယမကာလုပ္ငန္းကို ဖြင့္လွစ္ထားရာမွ ၂၀၁၁ ခုႏွစ္မွစတင္၍ အေဆာက္အဦကို ဖ်က္သိမ္း၍ ပုဂၢလိကလုပ္ငန္းရွင္ တစ္ဦးသို႔ ဟိုတယ္ႏွင့္ခရီးသြားလာေရးမွ တရားဝင္ ငွားရမ္းေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ပထမ ငွားရမ္းသူကေန ေနာက္တစ္ဦးကို လက္လႊဲၿပီး ေနရာတစ္ေနရာကို ေခတၱငွားေပးလိုက္တယ္။ အဲဒီမွာ သူက အေဆာက္အဦးတစ္ခုကို ေဆာက္ၿပီးဆိုင္ဖြင့္ထားတယ္။ တရားဝင္ငွားရမ္းေပးထားသူက ေလလံသက္တမ္း ကုန္ဆံုးသြားတဲ့အခါ ျပန္အပ္ေပမဲ့ ထပ္ဆင့္ငွားၿပီး ေနေနသူက မဖယ္ေပးဘူး။ အႀကိမ္ႀကိမ္ သတိေပးစာ ပို႔တယ္။ ေနာက္ထပ္ငွားရမ္းသူက ေလလံေပးၿပီးငွားမယ္ဆိုေတာ့ သူက ရန္ရွာတာေတြ ဘာေတြလုပ္တယ္။ ဒါေၾကာင့္ ဒုတိယအႀကိမ္ သတိေပးၿပီးတဲ့ေနာက္မွာ ဥပေဒအရ အင္အားသံုး ဖယ္ရွားရတာျဖစ္ပါတယ္”ဟု ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဦးစီးဌာန(လားရိႈး)မွ ဒုတိယညႊန္ၾကားေရးမွဴး ဦးသက္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

သက္ဆိုင္ရာ ဥပေဒအႀကံေပးအရာရွိမ်ားႏွင့္ တိုင္ပင္ညႇိႏႈိင္းၿပီးေနာက္ အဆိုပါ ေနရာအား အင္အားသံုး ဖယ္ရွားရန္အတြက္ လုပ္ပိုင္ခြင့္ရရွိထားၿပီးျဖစ္ေသာ္လည္း သတိေပးစာ ႏွစ္ႀကိမ္ ပို႔ေဆာင္ေပးခဲ့သည့္အျပင္ ေနရာဖယ္ရွားရန္ ျငင္းဆန္ေနသူက အယူခံဝင္ခဲ့ေသာ္လည္း အယူခံၾကားနာရန္အတြက္ ခ်ိန္းဆိုရာသို႔ တက္ေရာက္ လာျခင္းမရိွခဲ့ေၾကာင္း သိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဦးစီးဌာနပိုင္ ေျမေပၚတြင္ ေဆာက္လုပ္ထားသည့္ ( ၁၅×၂၀)ေပ အေဆာက္အဦး တစ္လံုးအား လူအင္အားျဖင့္ဖယ္ရွားဖ်က္ဆီးခဲ့ၿပီး အမိႈက္သိမ္းယာဥ္ျဖင့္သယ္ေဆာင္ကာ ဆိုင္ခန္းပိုင္ရွင္ထံသို႔ ပို႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အစိုးရပိုင္နယ္ေျမအတြင္း ေဆာက္လုပ္ထားသည့္ အေဆာက္အဦးအား ဖယ္ရွားျခင္းႏွင့္ သတိေပးစာ ကပ္ျခင္း လုပ္ငန္းမ်ားကို စက္တင္ဘာလ (၅) ရက္ေန႔ နံနက္ (၆) နာရီမွ (၈) နာရီအထိလုပ္ေဆာင္ခဲ့ၿပီး အဆိုပါေနရာသို႔ ဟိုတယ္ႏွင့္ခရီးသြားလာေရးဦးစီးဌာန(လားရိႈး)မွတာဝန္ရွိသူမ်ား၊

ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန(လားရိႈး) ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန တို႔မွ တာဝန္ရွိသူမ်ား လာေရာက္ၾကည့္ရႈခဲ့ၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ (လားရိႈး)မွ လံုၿခံဳေရးေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ေနၿဖိဳးျမင့္
ဓါတ္ပံု - Sai Aung



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၉)ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဌာနပိုင် ခြံဝန်း အတွင်းမှ ဆိုင်ခန်းများကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက်အစောပိုင်းက ၁၉၅၅ ခုနှစ်၊ အစိုးရ အိမ်ဥပစာ နှင်ထုတ်ရေး ဥပဒေအရ ဖယ်ရှားလိုက်ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ၊ အကွက်အမှတ်(၁၀)ဦးပိုင်အမှတ်(၁၁)နေရာရှိ (ဝ.၄၁၁)ဧကတွင် ဌာန၏ ယမကာလုပ်ငန်းကို ဖွင့်လှစ်ထားရာမှ ၂၀၁၁ ခုနှစ်မှစတင်၍ အဆောက်အဦကို ဖျက်သိမ်း၍ ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးမှ တရားဝင် ငှါးရမ်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ပထမ ငှါးရမ်းသူကနေ နောက်တစ်ဦးကို လက်လွှဲပြီး နေရာတစ်နေရာကို ခေတ္တငှါးပေးလိုက်တယ်။ အဲဒီမှာ သူက အဆောက်အဦးတစ်ခုကို ဆောက်ပြီးဆိုင်ဖွင့်ထားတယ်။ တရားဝင်ငှါးရမ်းပေးထားသူက လေလံသက်တမ်း ကုန်ဆုံးသွားတဲ့အခါ ပြန်အပ်ပေမဲ့ ထပ်ဆင့်ငှါးပြီး နေနေသူက မဖယ်ပေးဘူး။ အကြိမ်ကြိမ် သတိပေးစာ ပို့တယ်။ နောက်ထပ်ငှါးရမ်းသူက လေလံပေးပြီးငှါးမယ်ဆိုတော့ သူက ရန်ရှာတာတွေ ဘာတွေလုပ်တယ်။ ဒါကြောင့် ဒုတိယအကြိမ် သတိပေးပြီးတဲ့နောက်မှာ ဥပဒေအရ အင်အားသုံး ဖယ်ရှားရတာဖြစ်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သက်ဆိုင်ရာ ဥပဒေအကြံပေးအရာရှိများနှင့် တိုင်ပင်ညှိနှိုင်းပြီးနောက် အဆိုပါ နေရာအား အင်အားသုံး ဖယ်ရှားရန်အတွက် လုပ်ပိုင်ခွင့်ရရှိထားပြီးဖြစ်သော်လည်း သတိပေးစာ နှစ်ကြိမ် ပို့ဆောင်ပေးခဲ့သည့်အပြင် နေရာဖယ်ရှားရန် ငြင်းဆန်နေသူက အယူခံဝင်ခဲ့သော်လည်း အယူခံကြားနာရန်အတွက် ချိန်းဆိုရာသို့ တက်ရောက် လာခြင်းမရှိခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနပိုင် မြေပေါ်တွင် ဆောက်လုပ်ထားသည့် ( ၁၅×၂၀)ပေ အဆောက်အဦး တစ်လုံးအား လူအင်အားဖြင့်ဖယ်ရှားဖျက်ဆီးခဲ့ပြီး အမှိုက်သိမ်းယာဉ်ဖြင့်သယ်ဆောင်ကာ ဆိုင်ခန်းပိုင်ရှင်ထံသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရပိုင်နယ်မြေအတွင်း ဆောက်လုပ်ထားသည့် အဆောက်အဦးအား ဖယ်ရှားခြင်းနှင့် သတိပေးစာ ကပ်ခြင်း လုပ်ငန်းများကို စက်တင်ဘာလ (၅) ရက်နေ့ နံနက် (၆) နာရီမှ (၈) နာရီအထိလုပ်ဆောင်ခဲ့ပြီး အဆိုပါနေရာသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန(လားရှိုး)မှတာဝန်ရှိသူများ၊

မြို့နယ်စည်ပင်သာယာရေးဌာန(လားရှိုး) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ (လားရှိုး)မှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
ဓါတ္ပံု - Sai Aung

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~