ေလာင္းကစား ႏွင့္ မႈခင္းမ်ား ေလ်ာ့နည္းေရး စက္တင္ဘာလ တစ္လလံုး မေကြးၿမိဳ႕နယ္အတြင္း လင္းယုန္စီမံခ်က္ျဖင့္ ေဆာင္ရြက္မည္

ေလာင္းကစား ႏွင့္ မႈခင္းမ်ား ေလ်ာ့နည္းေရး စက္တင္ဘာလ တစ္လလံုး မေကြးၿမိဳ႕နယ္အတြင္း လင္းယုန္စီမံခ်က္ျဖင့္ ေဆာင္ရြက္မည္
စက်တင်ဘာ 1, 2018
By Tachileik News Agency

မေကြးၿမိဳ႕နယ္အတြင္း ေလာင္းကစား ႏွင့္ ခိုး၊ ဆိုး၊ လု၊ ႏိွဳက္ အပါအ၀င္ အျခားမႈခင္းမ်ား က်ဆင္း ေလ်ာ့နည္း သြားေစေရးအတြက္ "လင္းယုန္"စီမံခ်က္ျဖင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ရဲကင္းစခန္း(၆)ခုထိုးကာ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၁) ရက္ေန႔မွ စ၍ တားဆီးႏိွမ္နင္း သြားမည္ျဖစ္ေၾကာင္း  သိရသည္။

"ၿမိဳ႕ေပၚ ရဲတပ္ဖဲြ႔အင္အား အျပင္ တစ္ျခား ၿမိဳ႕နယ္ေတြကေန အင္အားထပ္ေဆာင္းၿပီး (၃)ရပ္ကြက္ (၁)ကင္းနဲ႔ ရဲကင္း(၆)ခု ထိုးၿပီး (၂၄)နာရီ ေဆာင္ရြက္သြားၾကမွာျဖစ္ပါတယ္။ ရပ္ကြက္ေတြမွာရိွတဲ့ အုပ္ ခ်ဳပ္ေရးပိုင္းက တာဝန္ရိွသူေတြ၊ မီးသတ္ေတြ၊ ဌာနဆိုင္ရာ အဖဲြ႔အစည္းေတြေပါင္းၿပီး လွည့္ကင္း၊ ရပ္ကင္း ေတြလုပ္မယ္။ ခိုး၊ ဆိုး၊ လု၊ ႏိွဳက္၊ မူးယစ္ရမ္းကားနဲ႔ ေလာင္းကစားေတြကို ဖမ္းဆီးၿပီး မႈခင္းက်ဆင္းေရး ပညာေပးေဟာေျပာပဲြေတြလည္း ျပဳလုပ္သြားမွာျဖစ္ပါတယ္"ဟု မေကြးၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေငြတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ညစဥ္ ညေန(၆)နာရီမွစ၍  တံတားအဝိုင္း၊ အ.ထ.က(၃)လမ္းဆံု၊ ၾကာပန္း အဝုိင္းလမ္းဆံု၊ ေအာင္ ေမတၱာအဝိုင္းတို႔တြင္  တုတ္၊ ဓား၊ လက္နက္မ်ား ကိုင္ေဆာင္ျခင္း မရိွရန္၊ မူးယစ္ ေဆးဝါးသယ္ေဆာင္ႏိုင္ ျခင္း မရိွရန္ႏွင့္ ခိုးဝင္ မြတ္စလင္လူမ်ိဳးမ်ား ဝင္ေရာက္လာျခင္း မရိွေစရန္အတြက္ ပိတ္ဆို႔ ရွာေဖြေရး လုပ္ငန္းမ်ားကို အုပ္ခ်ဳပ္ေရးအဖဲြ႔၊ နယ္ေျမရဲ၊ မီးသတ္၊ ယာဥ္ထိန္း၊ မူးယစ္ေဆးဝါးတားဆီးေရးအဖဲြ႔၊ လူကုန္ကူးမႈ တားဆီးေရးအဖဲြ႔ႏွင့္ ဌာနဆိုင္ရာမ်ား ပါရိွေသာ ပူးေပါင္းအဖဲြ႔မ်ားႏွင့္ ေဆာင္ရြက္လွ်က္ ရိွေနၿပီျဖစ္၍ ရဲ ကင္းစခန္း(၆)ခုမွ ရပ္ကင္း၊ လွည့္ကင္းမ်ားျဖင့္ ကြက္ျပည့္ နင္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

"စီမံခ်က္ကာလျဖစ္တာေၾကာင့္ မ်က္ႏွာစိမ္း၊ မ်က္ႏွာက်က္မေရြး  ထိထိေရာက္ေရာက္ အေရးယူ ေတာ့မွာျဖစ္လို႔ ျပည္သူေတြ အေနနဲ႔ တုတ္၊ ဓား၊ လက္နက္ေတြ ကိုင္ေဆာင္ျခင္း မျပဳဖို႔၊ မူးယစ္ေသာက္ စား ရမ္းကားတာေတြ မလုပ္ဖို႔ သတိျပဳေရွာင္ၾကဥ္ၾကၿပီး က်ေနာ္တို႔နဲ႔ ပူးေပါင္းကူညီၾကဖို႔ကိုလည္း အထူးတိုက္ တြန္းလိုပါတယ္"ဟု ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေငြတင္က ေျပာသည္။

အဆိုပါ "လင္းယုန္" စီမံခ်က္အား မေကြးတိုင္းေဒသႀကီးရဲတပ္ဖဲြ႔မွဴး၏ လမ္းညႊန္ခ်က္ျဖင့္ မေကြး တိုင္းအတြင္း မႈခင္းျဖစ္ပြားမႈ အမ်ားဆံုးျဖစ္သည့္ မေကြးၿမိဳ႕ႏွင့္ ေတာင္တြင္းႀကီးၿမိဳ႕တို႔တြင္ စက္တင္ဘာလ(၁)ရက္မွ (၃၀)ရက္ေန႕ အထိ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့နယ်အတွင်း လောင်းကစား နှင့် ခိုး၊ ဆိုး၊ လု၊ နှိုက် အပါအဝင် အခြားမှုခင်းများ ကျဆင်း လျော့နည်း သွားစေရေးအတွက် "လင်းယုန်"စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ရဲကင်းစခန်း(၆)ခုထိုးကာ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့မှ စ၍ တားဆီးနှိမ်နင်း သွားမည်ဖြစ်ကြောင်း သိရသည်။

"မြို့ပေါ် ရဲတပ်ဖွဲ့အင်အား အပြင် တစ်ခြား မြို့နယ်တွေကနေ အင်အားထပ်ဆောင်းပြီး (၃)ရပ်ကွက် (၁)ကင်းနဲ့ ရဲကင်း(၆)ခု ထိုးပြီး (၂၄)နာရီ ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ ရပ်ကွက်တွေမှာရှိတဲ့ အုပ် ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ မီးသတ်တွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပေါင်းပြီး လှည့်ကင်း၊ ရပ်ကင်း တွေလုပ်မယ်။ ခိုး၊ ဆိုး၊ လု၊ နှိုက်၊ မူးယစ်ရမ်းကားနဲ့ လောင်းကစားတွေကို ဖမ်းဆီးပြီး မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်"ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ညစဉ် ညနေ(၆)နာရီမှစ၍ တံတားအဝိုင်း၊ အ.ထ.က(၃)လမ်းဆုံ၊ ကြာပန်း အဝိုင်းလမ်းဆုံ၊ အောင် မေတ္တာအဝိုင်းတို့တွင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်း မရှိရန်၊ မူးယစ် ဆေးဝါးသယ်ဆောင်နိုင် ခြင်း မရှိရန်နှင့် ခိုးဝင် မွတ်စလင်လူမျိုးများ ဝင်ရောက်လာခြင်း မရှိစေရန်အတွက် ပိတ်ဆို့ ရှာဖွေရေး လုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေရဲ၊ မီးသတ်၊ ယာဉ်ထိန်း၊ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့၊ လူကုန်ကူးမှု တားဆီးရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါရှိသော ပူးပေါင်းအဖွဲ့များနှင့် ဆောင်ရွက်လျှက် ရှိနပြေီဖြစ်၍ ရဲ ကင်းစခန်း(၆)ခုမှ ရပ်ကင်း၊ လှည့်ကင်းများဖြင့် ကွက်ပြည့် နင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"စီမံချက်ကာလဖြစ်တာကြောင့် မျက်နှာစိမ်း၊ မျက်နှာကျက်မရွေး ထိထိရောက်ရောက် အရေးယူ တော့မှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ခြင်း မပြုဖို့၊ မူးယစ်သောက် စား ရမ်းကားတာတွေ မလုပ်ဖို့ သတိပြုရှောင်ကြဉ်ကြပြီး ကျနော်တို့နဲ့ ပူးပေါင်းကူညီကြဖို့ကိုလည်း အထူးတိုက် တွန်းလိုပါတယ်"ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က ပြောသည်။

အဆိုပါ "လင်းယုန်" စီမံချက်အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်ဖြင့် မကွေး တိုင်းအတွင်း မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်သည့် မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် စက်တင်ဘာလ(၁)ရက်မှ (၃၀)ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~