ရဲတပ်ဖွဲ့၏ လင်းယုန်စီမံချက်ဖြင့် တောင်တွင်းကြီးမြို့တွင် အမျိုးသားနှစ်ဦးထံက လေးခွ နှင့် လောက်စလုံးများ ဖမ်းဆီးရမိ

ရဲတပ်ဖွဲ့၏ လင်းယုန်စီမံချက်ဖြင့် တောင်တွင်းကြီးမြို့တွင် အမျိုးသားနှစ်ဦးထံက လေးခွ နှင့် လောက်စလုံးများ ဖမ်းဆီးရမိ
စက်တင်ဘာ 5, 2018
By Tachileik News Agency


တောင်တွင်းကြီးမြို့ ရွှေကြာအင်း(၁)ရပ်ကွက်၊ တောင်တွင်း - မကွေး ကားလမ်းပေါ်တွင် ၂၀၁၈ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က လင်းယုန်စီမံချက်ဖြင့် ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေစဉ် အသက်(၄၆)နှစ်ရှိ ဦးသိန်းထိုက်ဇော် မောင်းလာသော ဆိုင်ကယ် နှင့် အသက်(၄၃)နှစ်ရှိ ဦးဖိုးထောင်တို့ မောင်းလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ လင်းယုန်စီမံချက်ဖြင့် တောင်တွင်းကြီးမြို့ပေါ် ရပ်ကွက်များတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဆိုင်ကယ်(၂)စီးဖြင့် မောင်းလာသည့် အမျိုးသား နှစ်ဦးထံက လေးခွ နှင့် လောက်စာလုံးများကို ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ ရွှကြောအင်း(၁)ရပ်ကွက်၊ တောင်တွင်း - မကွေး ကားလမ်းပေါ်တွင် ၂၀၁၈ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က လင်းယုန်စီမံချက်ဖြင့် ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေစဉ် အသက်(၄၆)နှစ်ရှိ ဦးသိန်းထိုက်ဇော် မောင်းလာသော ဆိုင်ကယ် နှင့် အသက်(၄၃)နှစ်ရှိ ဦးဖိုးထောင်တို့ မောင်းလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးသိန်းထိုက်ဇော် မောင်းလာသော ဆိုင်ကယ်တူးဘောက်အတွင်းမှ လေးခွ(၁)လက် နှင့် လောက်စာလုံး (၁၀)လုံး၊ ဦးဖိုးထောင်တို့ မောင်းလာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ လေးခွ(၁)လက် နှင့် လောက်စာလုံး (၈)လုံးတို့အား တွေ့ရှိရ၍ တောင်တွင်းကြီးမြို့မရဲစခန်းတွင် ဥပဒေအရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~