ငါးမန္းဂိမ္း ေလာင္းကစားရံု (၂)ခုကို ဝင္ဖမ္းရာ ဒိုင္ႏွင့္ ေလာင္းကစားသူစုစုေပါင္း (၃၁) ဦးကို ဖမ္းဆီးရမိ

ငါးမန္းဂိမ္း ေလာင္းကစားရံု (၂)ခုကို ဝင္ဖမ္းရာ ဒိုင္ႏွင့္ ေလာင္းကစားသူစုစုေပါင္း (၃၁) ဦးကို ဖမ္းဆီးရမိ
စက်တင်ဘာ 5, 2018
By Tachileik News Agency

ေလာင္းကစားရံုမ်ား ဖြင့္လွစ္ထားေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က ေနအိမ္ၿခံဝန္း(၂)ခုကို ဝင္ေရာက္ ရွာေဖြရာ ငါးမန္းဂိမ္းခံု(၆)ခံု၊ ေလာင္းကစားေငြက်ပ္ ( ၄၁)သိန္းေက်ာ္၊ ေလာင္းကစားဒိုင္မ်ားႏွင့္ ေလာင္းကစားျပဳလုပ္သူ စုစုေပါင္း (၃၁)ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာ (၄) ရပ္ကြက္ရိွ ထိန္လင္း၏ ေနအိမ္တြင္ ေလာင္းကစား ျပဳလုပ္ေနေၾကာင္း သတင္းအရ ၂၀၁၈ခုႏွစ္၊ စက္တင္ဘာလ ၃ ရက္ေန႔  ည(၈)နာရီခြဲအခ်ိန္၌ မိုးညႇင္းခ႐ိုင္ ရဲတပ္ဖြဲ႕မွ ရဲမွဴး ခင္ေမာင္ညီ ဦးစီး ပူးေပါင္းအဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ေလာင္းကစားဒိုင္ ထိန္လင္း အပါအဝင္  ေလာင္းကစားရံုတြင္ အလုပ္ လုပ္သည့္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦး၊ ေလာင္းကစားသူ  အမ်ိဳးသား(၁၇)ဦးႏွင့္ အမ်ိဳးသမီး(၇)ဦး စုစုေပါင္းလူဦးေရ (၃၀)ဦးတုိ႔ကို ဖမ္းဆီး ရမိေၾကာင္း သိရသည္။

အဆိုပါ ေလာင္းကစားရံုတြင္ ငါးမန္းဂိမ္းစက္ခုံ (၂) ခုံ၊ ေလာင္းကစားရာတြင္ အသုံးျပဳသည့္ ဆက္စပ္ ပစၥည္းမ်ား၊ ေငြက်ပ္ ( ၃,၁၆၈,၀၀၀)၊ ဆိုင္ကယ္ (၉) စီးတို႔ကိုလည္း သိမ္းဆည္းရမိေၾကာင္း သိရသည္။

ေလာင္းကစားရံုမွ ဖမ္းဆီးရမိသည့္ ေလာင္းကစားဒိုင္ ထိန္လင္းအပါအဝင္ လူဦးေရ(၃၀)ကို ဖားကန္႔ ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂၀ /၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၃(က)/၁၄(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ယင္းေနာက္ ည(၈)နာရီ (၅၀)မိနစ္ဝန္းက်င္တြင္ အဆိုပါ ရပ္ကြက္ရိွ ေလာင္းကစားသတင္းရ စန္းေမာင္(ခ)ရွည္ႀကီး၏ ေနအိမ္ကို ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲအုပ္ ေအာင္ေက်ာ္ဦး ဦးစီးပူးေပါင္းအဖြဲ႕က ဝင္ေရာက္ ရွာေဖြရာ စန္းေမာင္(ခ)ရွည္ႀကီးကို မေတြ႔ရဘဲ ေလာင္းကစားဒိုင္/စာရင္းကိုင္ ဝင္းလဲ့လဲ့ေ႐ႊ (ခ)ညႇန္းညႇန္းအား ငါးမန္းဂိမ္းစက္ခုံ (၄) ခုံ၊ ေလာင္းကစားရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေငြ (၁,၀၇၁,၀၀၀) က်ပ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

 မဝင္းလဲ့လဲ့ေ႐ႊ(ခ) ညႇန္းညႇန္းအား ဖားကန္႔ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၁၉/၂၀၁၈၊ ေလာင္းကစားပုဒ္မ ၁၃(က)/ ၁၄(က)ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

Tachileik News Agency

ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


လောင်းကစားရုံများ ဖွင့်လှစ်ထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က နေအိမ်ခြံဝန်း(၂)ခုကို ဝင်ရောက် ရှာဖွေရာ ငါးမန်းဂိမ်းခုံ(၆)ခုံ၊ လောင်းကစားငွေကျပ် ( ၄၁)သိန်းကျော်၊ လောင်းကစားဒိုင်များနှင့် လောင်းကစားပြုလုပ်သူ စုစုပေါင်း (၃၁)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ (၄) ရပ်ကွက်ရှိ ထိန်လင်း၏ နေအိမ်တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ည(၈)နာရီခွဲအချိန်၌ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်ညီ ဦးစီး ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ လောင်းကစားဒိုင် ထိန်လင်း အပါအဝင် လောင်းကစားရုံတွင် အလုပ် လုပ်သည့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦး၊ လောင်းကစားသူ အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်းလူဦးရေ (၃၀)ဦးတို့ကို ဖမ်းဆီး ရမိကြောင်း သိရသည်။

အဆိုပါ လောင်းကစားရုံတွင် ငါးမန်းဂိမ်းစက်ခုံ (၂) ခုံ၊ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ ငွေကျပ် ( ၃,၁၆၈,ဝဝဝ)၊ ဆိုင်ကယ် (၉) စီးတို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

လောင်းကစားရုံမှ ဖမ်းဆီးရမိသည့် လောင်းကစားဒိုင် ထိန်လင်းအပါအဝင် လူဦးရေ(၃၀)ကို ဖားကန့် မြို့မရဲစခန်းတွင် (ပ)၁၂၀ /၂၀၁၈၊ လောင်းကစားပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းနောက် ည(၈)နာရီ (၅၀)မိနစ်ဝန်းကျင်တွင် အဆိုပါ ရပ်ကွက်ရှိ လောင်းကစားသတင်းရ စန်းမောင်(ခ)ရှည်ကြီး၏ နေအိမ်ကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ကျော်ဦး ဦးစီးပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေရာ စန်းမောင်(ခ)ရှည်ကြီးကို မတွေ့ရဘဲ လောင်းကစားဒိုင်/စာရင်းကိုင် ဝင်းလဲ့လဲ့ရွှေ (ခ)ညှန်းညှန်းအား ငါးမန်းဂိမ်းစက်ခုံ (၄) ခုံ၊ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ငွေ (၁,ဝ၇၁,ဝဝဝ) ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 မဝင်းလဲ့လဲ့ရွှေ(ခ) ညှန်းညှန်းအား ဖားကန့်မြို့မရဲစခန်းတွင် (ပ)၁၁၉/၂၀၁၈၊ လောင်းကစားပုဒ်မ ၁၃(က)/ ၁၄(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~