ကျိုင်းတုံ - တောင်ကြီးသွားလမ်း ပလောင်ချိုင့်ရွာအနီး လမ်းမကြီးတွင် လမ်းသား ပဲ့ကျနေ၍ ကားကြီးများ သွားလာနိုင်ရန် ဆောင်ရွက်နေ

ကျိုင်းတုံ - တောင်ကြီးသွားလမ်း ပလောင်ချိုင့်ရွာအနီး လမ်းမကြီးတွင် လမ်းသား ပဲ့ကျနေ၍ ကားကြီးများ သွားလာနိုင်ရန် ဆောင်ရွက်နေ
စကျတငျဘာ 3, 2018
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ ပလောင်ချိုင့်ရွာ အနီးတွင် တောင်ကြီး - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးတွင် လမ်းအရှည်ပေ(၁၀၀)ခန့် လမ်းသားပဲ့ကျ သွားသည့် နေရာ၌ နံနက်(၁၀)နာရီခွဲမှစ၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပြီး ယာဉ်ကြီးများ ဖြတ်သန်းနိုင်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။




ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ ပလောင်ချိုင့်ရွာ အနီးတွင် တောင်ကြီး - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးတွင် လမ်းအရှည်ပေ(၁၀၀)ခန့် လမ်းသားပဲ့ကျ သွားသည့် နေရာ၌ နံနက်(၁၀)နာရီခွဲမှစ၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပြီး ယာဉ်ကြီးများ ဖြတ်သန်းနို်င်ရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၉)နာရီတွင် တောင်ကြီး - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ပလောင်ချိုင့်ရွာအနီးတွင် လမ်းအရှည်ပေ(၁၀၀)ခန့် လမ်းသားမှာ အနက်(၅)ပေခန့်အထိ ပဲ့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းသားပဲ့ကျသည့် အပိုင်းအား တည်ဆောက်ရေး(၁)၊ လမ်းအထူးအဖွဲ့(၃)မှ AE ဦးလေဝိ ဦးဆောင်၍ လမ်းလုပ်သား (၂၀)ဦးခန့်ဖြင့် ရှင်းလင်းပေးထားရာ နံနက်(၁၀)နာရီခွဲအချိန်တွင် ယာဉ်ငယ်များ စတင်ဖြတ်သန်းသွားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေး အတွက် စက်ယန္တရားများဖြင့် ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~