တင်ဒါမခေါ်၍ ဝေဖန်ခံရပြီးနောက် ကျိုင်းတုံရေပေးဝေရေးလုပ်ငန်းအတွက် တင်ဒါ ခေါ်ယူမည်
တင်ဒါမခေါ်၍ ဝေဖန်ခံရပြီးနောက် ကျိုင်းတုံရေပေးဝေရေးလုပ်ငန်းအတွက် တင်ဒါ ခေါ်ယူမည်
စကျတငျဘာ 3, 2018
By Tachileik News Agency
ကျိုင်းတုံမြို့ နယ် စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း (၂၅၀၀)ခွင့်ပြုပေးရာ တင်ဒါခေါ်ယူခြင်း မရှိဘဲ နမ့်ကွီချောင်းရေထွက်မှ (၈)မိုင် ရေလှောင်ကန်၊ အနှေးသဲရေစစ်ကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် အတွက် (၈)လက်မပိုက်(၇၅၉)လုံးကို ဝယ်ယူခဲ့ကာ ကျိုင်းတုံ - တောင်ကြီး ကားလမ်းတစ်လျှောက်တွင် နေရာပေါင်း (၄၀)ခွဲ၍ စုပုံထားခြင်းဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်း အတွက် လက်ကျန်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် နမ့်ကွီချောင်း ရေထွက်မှ (၈)မိုင် ရေလှောင်ကန်၊ အနှေးသဲရေစစ်ကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ပြည်နယ်စည်ပင်သာယာရေးဌာန အနေဖြင့် တင်ဒါခေါ်ယူ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ရေပေးဝေရေးလုပ်ငန်း အတွက် ရေပိုက်နှင့် ပိုက်ဆက် ပစ္စည်းများကို စည်ပင်သာယာရေဌာနက တင်ဒါခေါ်ယူခြင်း မရှိဘဲ ဝယ်ယူသဖြင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီက ဝေဖန်ထောက်ပြခဲ့ပြီးနောက် ထပ်မံဆောင်ရွက်မည့် လုပ်ငန်းများကို တင်ဒါ ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ပြည်နယ်အစိုးရက ချပေးလာမယ့် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း (၂,၉၅၀) နဲ့ ဆက်လုပ်မယ့် ပိုက်သွယ်တန်းခြင်း လုပ်ငန်းတွေကိုတော့ ပိုက်ဆံရလာတဲ့ အချိန်ကျရင် တင်ဒါခေါ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၁/၂၀၁၇ က နိုင်ငံတော်သမ္မတရုံးအမိန့်နဲ့ ကြငြောထားတာ တစ်နှစ်တောင်ကျော်နပြေီ။ အခုမှ ထလုပ်တယ်ဆိုတော့ တစ်နှစ်နောက်ကျခဲ့ပြီပေါ့။ သို့သော်လည်းပဲ ရောက်တဲ့နေရာကနပြေီးတော့ လမ်းညွှန်ချက် အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောသည်။
ကျိုင်းတုံမြို့ရေပေးဝေရေးလုပ်ငန်းအတွက် ခွင့်ပြုမည့်ဘတ်ဂျက် ကျပ်သိန်းပေါင်း (၅,၄၅၀)အနက် လက်ရှိခွင့်ပြုပေးထားပြီးဖြစ်သည့် ကျပ်သိန်းပေါင်း (၂,၅၀၀)ဖြင့် ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို ဝယ်ယူရာတွင် စည်ပင်သာယာရေးဌာနက တင်ဒါခေါ်ယူခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီက ဝေဖန်ထောက်ပြခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် ရေပေးဝေရေးလုပ်ငန်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မြို့နယ်စည်ပင်သာယာရေးဌာနက ရေပိုက်သွယ်တန်းဖို့အတွက် (၈)လက်မ ရေပိုက်တွေနဲ့ ပိုက်ဆက် ပစ္စည်းတွေကို ဝယ်ယူထားပြီးဖြစ်တဲ့ အတွက် တင်ဒါပြန်ခေါ်ဖို့တော့ မလွယ်ပါဘူး။ တကယ်မြပြေင်မှာ လုပ်ကိုင်နေရတဲ့ လူတွေအတွက်ကလည်း တစ်ကယ်ခက်ခဲတဲ့အတွက် တင်ဒါပြန်ခေါ်လို့ မဖြစ်နိုင်တော့ပါဘူး”ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ပြောသည်။
ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနအနဖြေင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း (၂၅၀၀)ခွင့်ပြုပေးရာ တင်ဒါခေါ်ယူခြင်း မရှိဘဲ နမ့်ကွီချောင်းရေထွက်မှ (၈)မိုင် ရေလှောင်ကန်၊ အနှေးသဲရေစစ်ကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် အတွက် (၈)လက်မပိုက်(၇၅၉)လုံးကို ဝယ်ယူခဲ့ကာ ကျိုင်းတုံ - တောင်ကြီး ကားလမ်းတစ်လျှောက်တွင် နေရာပေါင်း (၄၀)ခွဲ၍ စုပုံထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒီဟာ ၁/၂၀၁၇ က ထွက်တာကြာပြီ။ သူက ဘတ်ဂျက် ကျပ်သိန်း(၁၀၀)ကျော်တဲ့ လုပ်ငန်းတိုင်းမှာ တင်ဒါ ခေါ်ရမယ်လို့ ညွှန်ကြားထားတာ။ အဲဒီမှာ သူတို့ပိုက်တွေဝယ်လို်က်တော့ တင်ဒါခေါ်ဖို့ သင့်တယ်လို့ ကျွန်တော် မှတ်ချက်ပြုထားတယ်ဆိုတာတော့ စည်ပင်ကော်မတီရဲ့ အစည်းအဝေးမှတ်တမ်းမှာ ရှိပါတယ်။ ဒီမှာတော့ ကျွန်တော်နဲ့ တိုက်ရိုက်မပတ်သက်ဘူးပေါ့။ ဒါပေမဲ့ စည်ပင် အစည်းအဝေးတွေမှာ ဘတ်ဂျက် တောင်းဖို့ လိုတယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်တယ်။ အဲဒီအစည်းအဝေးမှာ ရေပေးဝေရေး အတွက် ဘတ်ဂျက်တောင်းဖို့လိုတော့ ကျွန်တော့်ကို ခေါ်တယ်။ သူတို့က ပိုက်ဝယ်ထားတာတော့ တင်ဒါမခေါ်ဘူးပေါ့။ တင်ဒါကတော့ ခေါ်ရမှာ”ဟု အဆိုပါ ရေပေးဝေရေး လုပ်ငန်းနှင့် ပတ်သက်၍ ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်း အတွက် လက်ကျန်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် နမ့်ကွီချောင်း ရေထွက်မှ (၈)မိုင် ရေလှောင်ကန်၊ အနှေးသဲရေစစ်ကန်သို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ပြည်နယ်စည်ပင်သာယာရေးဌာန အနဖြေင့် တင်ဒါခေါ်ယူ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တော်ခန်းမ၌ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရေပေးဝေရေး လုပ်ငန်း အကြောင်း ရှင်းလင်းခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညှနျကွားရေးမှူး ဦးလုကာ၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဌာနရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်း၊ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများမှလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~